ရူးအောင်ချစ်မဲ့သူ (22)(Z+U)

5.1K 277 4
                                    

အိပ်ပျော်နေတဲ့ Babyရဲ့ ဆံပင်လေးတွေကို သပ်တင်ပေးရင်းနဲ့ babyဖုန်းပြောတဲ့ အကြောင်းအရာတွေကို ပြန်တွေးနေမိတယ်

Daddyကိုပြောပြီး အခန်းခွဲခိုင်းမယ်ဆိုတဲ့စကား သူ့နားနဲ့ ဆတ်ဆတ်ကြားခဲ့တာပါ

“အွန်းးးးးဟွန်းးးး"

နေ့လယ်နှစ်နာရီထိုးခါနီးမှ Babyက အညောင်းဆန့်ပြီး နိုးလာခဲ့ပါသည်။

မျက်တောင်လေးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး မျက်လုံးလေးတွေကို ပွတ်နေပြန်ပါတယ်

“နိုးပြီလား ကလေးလေး"

“အွန်း!!"

နှုတ်ခမ်းလေးကို စူထော်ပြီး ပြောနေတာလေးက ဘယ်လိုလေးမှန်းမသိ ပြီးတော့ ထိုင်နေတဲ့ကျွန်တော့ခါးကို အတင်းဖက်ကာ

“ကိုကို!!"

“ပြောလေ ကလေးလေး"

“ချစ်တယ်"

“ဘယ်သူ့ကိုလဲ ကလေး!!"

“ဟာ!!! ဘယ်သူကမှလဲ ကိုကို့ကို ပြောနေတာပေါ့"

“အဟင်း!! သိပါဘူး ကိုကြီးကို ပြောနေတာများလားလို့"

“ပြောစရာလား!! သူက Babyယောက်ျားမှ မဟုတ်တာ ဒီကိုကိုကမှ Babyလက်ထပ်ထားတဲ့ ချစ်တဲ့ယောက်ျား တိပြီလား"

“အင်းပါကွာ!! ကိုကို့ကလေးက ခွဲခြားတတ်တယ် ဒါနဲ့ မနေ့က ကိုကြီးနဲ့ ဖုန်းပြောနေတာ ကိုကိုကြားပါတယ် ဘာတဲ့ Daddy ကိုပြောပြီး အခန်းခွဲခိုင်းမယ်ဆိုလား?"

“အဟီး!! အဲ့ဒါ ကိုကိုကြားလား... babyက ကိုကြီးကို လျှောက်ပြောနေတာပါ Babyက ကိုကိုချော့သိပ်မှ အိပ်ပျော်တဲ့ဟာကို ဘာဖြစ်လို့ အခန်းခွဲရမှာလဲ"

“ကြည့်စမ်း လူဆိုးလေး လူကြီးတွေကို အရူးလုပ်တယ်လား... ဒါပေမဲ့ တစ်ခုတော့ ကိုကိုစိတ်မကောင်းဘူး"

“ဘာကိုလဲ ကိုကိုရဲ့ babyကို ပြောပြလေ"

“Babyပြောတော့ ကိုကိုချော့သိပ်မှ အိပ်ပျော်တာဆို ဒါဆို ဘာဖြစ်လို့ အရင်ရက်တွေက ကိုကြီးနဲ့ ဖုန်းပြောနေရင်း အိပ်ပျော်သွားတာလဲ??"

ဘုရားရေ!! ကျွန်တော်က babyနဲ့အပြိုင် ကလေးဆန်နေတာလား...

“အဲ့__အဲ့ဒါက အရင်ရက်တွေတုန်းက ကိုကိုကအလုပ်ရှုပ်နေတာလေ babyကြောင့် ကိုကို အလုပ်ပျက်မှာ စိုးလို့ပါ"

ရူးအောင်ချစ်မဲ့သူZ+U(COℳPℓξፐξD)Where stories live. Discover now