"မရဘူး လိုက်ပို့ပေး လိုက်ပို့လို့ဆို"
အိမ်ပေါ်တက်လာလေလေ sonnyရဲ့အော်ငိုသံက စူးစူးဝါးဝါး ကျယ်လောင်လွန်းလှပါသည်။
ဒါနဲ့ပဲ သူလည်းသားလေးရဲ့ အခန်းတံခါးကို ဆွဲဖွင့်လိုက်ပါတယ်
ကြမ်းပြင်ပေါ်မှာ ခြေဆင်းထိုင်ပြီး မျက်ရည်လည်ရွဲဖြင့် အော်ငိုနေတဲ့သားလေး
အနောက်နား ခပ်လှမ်းလှမ်းမှာတော့ မျက်နှာမကောင်းပဲ စိတ်ညစ်နေသည့်ပုံနှင့် ရပ်နေသော အဒေါ်ကြီး
ဒီကလေးက ဒီလိုမကောက်တာ ကြာလှပါပြီ ဒီနေ့မှ ဘာအလိုမကျသည်မသိ
အခုလည်း အသံကုန်ခြစ်ပြီး အော်ငိုထားသောကြောင့်ထင်ပါရဲ့ မျက်နှာတစ်ပြင်လုံးကို နီရဲပြီး လည်ပင်းကြောတွေကို ထောင်လို့
"sonny!!"
သူ့အသံကြားသည်နှင့် sonnyလေးက မျက်ရည်တွေကြားမှ မော့ကြည့်လာပြီး
"အီး___ဟီး___ဟီး___ဟီး__Daddyလိုက်ပို့ Daddyလိုက်ပို့ အီး___ဟီး___ဟီး___ဟီး"
ဂျီကျနေပြီ ဘယ်ကိုလိုက်ပို့လို့ လိုက်ပို့ခိုင်းနေမှန်းမသိ
"ဘယ်သွားချင်တာလဲsonny!! ဘယ်ကိုလိုက်ပို့ပေးရမှာလဲ သားကိုကို့ဆီကိုလား?"
"ဟုတ်ဖူး ကိုကို့ဆီဟုတ်ဖူး အီးဟီးဟီးဟီး"
"မငိုပါနဲ့ ကလေးရယ် sonnyဘာဖြစ်ချင်တာလဲ ဘယ်ကိုသွားချင်တာလဲ daddyကိုပြော"
ချစ်ရတဲ့ သားလေးကို သူ့မှာ မဆူရက် မငေါက်ရက် စိတ်မရှည်မှုတွေက စိတ်ပင်ပန်းမှုတွေဟာ သားလေးအတွက်ဆိုရင် အလိုလို စိတ်ရှည်လျက်သား ဖြစ်နေပါသည်။
အခုလည်း သူသားနံဘေး ဒူးထောက်ထိုင်လိုက်ပြီး သားလေးကို ရင်ခွင်ထဲသွင်း၍ ချော့ပြောလိုက်ပါသည်။
"ပြောပါ သားလေးက ဘယ်သွားချင်လို့လဲ daddyကိုပြော လိုက်ပို့ပေးမယ် ဟုတ်ပြီနော်"
"တကယ်__တကယ်လား"
သားလေးက ရှိုက်ကာ ရှိုက်ကာဖြင့် မယုံသလို မေးနေပါတယ်
"တကယ်ပေါ့sonnyရဲ့ Daddyက လူကြီးပဲဟာ လိမ်စရာလား ပြော!! သားလေးက ဘယ်သွားချင်တာလဲ"
YOU ARE READING
ရူးအောင်ချစ်မဲ့သူZ+U(COℳPℓξፐξD)
Fanfictionဖတ်ဖူးတဲ့သူတွေလည်း ဖတ်ဖူးလောက်ပါပြီ ဒါပေမဲ့ အမှတ်တရဖြစ်အောင် ဒီမှာပြန်တင်ထားတာပါ