ရင်းနှီးချိန်ဝယ်

3.4K 217 9
                                    

အပိုင်း ( ၃ )

ဒီတစ်ပတ်လုံး chen တစ်ယောက်
baekနောက်လည်းသိပ်မလိုက်သလို
ဘေးကအဆောင်ကိုတော့ ယောင်လို့
တောင်မသွားတော့ဘဲ တချိန်လုံး yifan
အနားသာကပ်နေတတ်သည်

" chenရယ် နောက်ကတကောက်ကောက်နဲ့ baekနဲ့
သွားကစားနေလေ "

" geပဲကစားရတဲ့အရွယ်မဟုတ်ဘူးဆိုလို့ chenအလုပ်လုပ်နေတာလေ "

" မင်းကနှောက်ယှက်နေတာ chen ငါဆေးကောင်း
ကောင်းမကုရဘူး သွားသွား တခြားမှာနေ "

အနားမှာကပ်လွန်းသည့်ညီငယ်ဖြစ်သူမှာ
လူနာကုသရာတွင် အကူညီမရတဲ့အပြင်
စကားလိုက်များနေတာကြောင့်နှင်ထုတ်
လိုက်တော့သည်

ဆူပုတ်ပုတ်နဲ့ သူသွားလေ့ရှိသည့်
အခန်းငယ်ဆီသာ ဝင်သွားပြန်သည်

" ဟင်းးး မွှေးလိုက်တာ ငါ့ရတနာလေးတွေ "

ထိုအခန်းငယ်သည် chenမိခင်အသက်ရှင်စဉ်က
ဆေးကျိုရာအခန်းပင်ဖြစ်သည် သို့သော် ကုသရာ
တွင်သုံးလေ့ရှိတာတွေတော့မဟုတ် အန္တရာယ်များ
လွန်းသည့် အဆိပ်ပင်များသာ

chenဆိုသည်မှာလည်း ငယ်စဉ်ကတည်းက
အဆိပ်မျိုးစုံခွဲခြားဖော်စပ်တတ်သလို ဝါသနာ
လည်းပါလှသည် သို့သော် yifanကတော့ခွင့်
မပြု အဆိပ်ပင်များကိုထိကိုင်ခွင့်တောင်မပေး
မလိုက်နာလျှင် မပြင်းထန်သည့် အပြစ်ပေးသည်
ထို့ကြောင့် chenကတော့ လုံးဝမကြောက်

" ဝိုးဝါးးးး တောက်ပလိုက်တဲ့အရောင်လေး "

" သူခိုးလေးပဲ တွေ့ပြန်ပြီ "

" ဟင် အရှင်မင်းကြီး "

အထူးဆန်းနေရာလေးမို့ဝင်လာရင်း
ရယ်ရတဲ့ သူခိုးလေးနဲ့တွေ့ဆုံပြန်သည်

" မင်းလက်ထဲက ထူးဆန်းတဲ့အရည်ပဲ ဘာဆေးရည်လဲ "

" ဟို ဒါကို လူတွေကတော့အဆိပ်လို့ပြောကြပါတယ်
ဒါပေမဲ့ သုံးတတ်ရင်သိပ်အကျိုးရှိတာ နဲနဲရှူကြည့်ပါလား "

" ငါ့ကိုအဆိပ်ခပ်ချင်တယ်ပေါ့ "

" မဟုတ်ပါဘူးအရှင် စားမိမှအဆိပ်သင့်စေတာပါ
ရှူရုံလောက်တော့ ခေါင်းကြည်စေပါတယ် မလိမ်ပါဘူး "

အဆိပ်သင့်ကြင်ယာတော် (Z&U)Where stories live. Discover now