မုန်တိုင်းငယ်

302 18 0
                                    

အပိုင်း ( ၁၇ )

ဘုရင်မင်းမြတ်ကိုယ်တိုင် မိဖုရားငယ်တင်မြှောက်ပြီး
တစ်လအကြာမှာပင် သတင်းကောင်းဆိုရလေမလား
သတင်းဆိုးဆိုရလေမလားမသိတော့ ထိုမိဖုရားwai
တွင် ကိုယ်ဝန်လွယ်ထားရပြီဆိုသည့် သတင်းပေ

" တကယ်ပဲ waiကိုယ်ဝန်ဆောင်ထားရတာလား "

" မှန်လှပါအရှင် "

" ဟားး ... "

ဝမ်းမြောက်မှုကို မထိန်းနိုင်ဘဲ တစ်ချက်အော်ရယ်
လိုက်ပြီးမှ နဘေးကနေ စိုက်ကြည့်နေတဲ့Chenကို
တွေ့လိုက်ရသည်

" ထပ်တူ ဝမ်းမြောက်ရပါတယ်အရှင် "

" Chen "

" သံတမန်အဖွဲ့နဲ့ ဆွေးနွေးစရာရှိတာမို့ Chenသွားတော့
မယ် အရှင်ကတော့ မိဖုရားဆီသာသွားလိုက်ပါ "

အခုChenရဲ့ခံစားချက်အမှန်ကို yixing
ဘယ်လိုမှမှန်း၍မရ တည်ငြိမ်နေပြီး စိတ်လှုပ်ရှား
ဟန်တစ်ချက်မပြဘဲ ဝမ်းမြောက်စကားတောင်
ဆိုသွားသေးသည် ဒါပေမဲ့ Chenရဲ့သဘာဝအရ
ဟန်ဆောင်ပြီး စကားကောင်းမပြောတတ်သည်ကို
တော့ သေချာသိသည်

" ဂုဏ်ယူပါတယ် သားတော် မိဖုရားwaiကိုလည်း မယ်တော် ကျေးဇူးတင်ပါတယ် နောက်ဆုံးတော့ မယ်တော့်
ဆန္ဒပြည့်ဝခဲ့ပြီ "

" သမီးတော်လည်း မယ်တော့်ကိုကျေးဇူးတင်ပါတယ်
ဂရုစိုက်ချစ်ခင်ပေးတဲ့အတွက်ပါ "

" မဟုတ်တာကွယ် အရှင်မင်းကြီးနှစ်သက်မြတ်နိုးအောင်
လုပ်နိုင်တဲ့ သမီးတော်ကို ကျေးဇူးတင်သင့်တာပါ "

" မယ်တော် မိဖုရားwai နားပါစေ ပြန်ကြရအောင် "

" ဟုတ်ပါပြီကွယ် ဒါနဲ့သားတော် မိဖုရားwai ကိုယ်ဝန်ကို
ဂုဏ်ပြုတဲ့ ပွဲတော်လုပ်ပေးရမယ်မဟုတ်လား "

" စီစဉ်ခိုင်းလိုက်ပါ့မယ် "

" ဒါဆို ကြင်ယာတော် Chenကိုတာဝန်ပေးလိုက်ပါ
သူမလုပ်ပေးနိုင်တဲ့အရာတွေအတွက် ဒီလောက်တော့
လုပ်ပေးသင့်တာပေါ့ "

.

.

.

********

" ဒါဘယ်လို ရက်စက်တဲ့အမိန့်လဲ သခင်လေးရယ်
သခင်လေးက ဘာလို့ ဒီလိုပွဲမျိုးလုပ်ပေးရမှာလဲ အမှား
ပါသွားရင်လည်း အပြစ်ပေးခံရဦးမယ် တစ်ခုခုပြောပါဦး "

အဆိပ်သင့်ကြင်ယာတော် (Z&U)Where stories live. Discover now