ရက်စက်သောချစ်ခြင်း

499 22 0
                                    

အပိုင်း ( ၂၅ )

ညနေစာအတွက်သေချာပြင်ဆင်ပြီးချိန်
တွင် အရှင်က စားပွဲမှာလာထိုင်သည်

ဟင်းတစ်ခွက်ချင်းစီ မြည်းကြည့်ပြန်လေ
တော့အနည်းငယ်ငံပေမဲ့ ကျွမ်းကျင်လက်ရာ
ဆိုတာ တန်းသိလိုက်သည်ထင်......

" မင်း ကိုယ်တိုင်ချက်ထားတာလား "

" ဟုတ် ဟုတ်ကဲ့ "

" တောက် ! ငါ့ကိုလိမ်ရဲတယ် "

မုသားသုံးလိုက်ရလို့ ရင်တုန်ပန်းတုန်နဲ့
ကြောက်ရွံ့စွာရပ်နေရစဉ် အရှင်ကဒေါသတကြီး
ထပ်အော်လိုက်တော့ အမြန်ဒူးထောက်လိုက်ရသည်

" Chen လက်ရာက အရမ်းဆိုးရွားမယ်ထင်လို့
အကူညီတောင်းလိုက်မိတာပါ တောင်းပန်ပါတယ် "

ဘယ်လိုပဲတောင်းပန်ပါစေ အနက်ရောင်
နတ်ဆိုးဖြစ်တဲ့ ကြာပွတ်နဲ့လွှဲရိုက်ခံလိုက်ရ
တော့ အလိုလို အခန်းထောင့်နားပြေးကပ်ပြီး
ပုန်းရှောင်နေမိတယ် တကယ်ပဲမခံနိုင်တော့
ဘူး သွေးခြောက်ရုံရှိသေးတဲ့ဒဏ်ရာတွေက
အတော်လေးနာကျင်နေသေးတယ်လေ

" ပြန်လာခဲ့စမ်း "

စားပွဲကို တဖြောင်း ဖြောင်းရိုက်ရင်း
ခေါ်နေတဲ့အရှင့်ထံ Chenဘယ်လို
ပြန်သွားရမယ်မသိ အတော်လေးကြောက်
နေပြီဖြစ်လို့ ဒီကြားထဲရုတ်တရတ် ဝေဝါး
လာတဲ့မျက်လုံးတွေကလည်း လုံးဝမှောင်
မိုက်သွားပြန်တယ် တကယ်ပဲရင်ထဲမှာမိုးပြို
နေပြီ......

" အားးးးး Chenကိုသတ်လိုက်ပါတော့ "

" ဒါ့ထက် မဆိုးရွားစေချင်ရင် ငါ့ဆီအမြန်လာခဲ့ "

" ကတိပေး !! အဲ့ကြာပွတ်နဲ့ သေတဲ့အထိရိုက်ပေးမယ်ဆို
လာခဲ့မယ် "

" သေသင့်တဲ့ကောင် "

အမိန့်မနာခံတဲ့အပြင် ပြန်အော်ဟစ်နေလေတော့
yixing အခန်းထောင့်နားသွားပြီး ချောင်ကပ်နေတဲ့
Chenကို အဆက်မပြတ်ရိုက်နှက်ပစ်လိုက်တယ်

ဖြောင်းးး

" သေချင်တာမလား သေစမ်း "

ဖြောင်းးး
ဖြောင်းးး ဖြောင်းးးး............

" အရှင် မင်းကြီး တော်ပါတော့ ကျနော်မျိုးကိုပဲသတ်
လိုက်ပါ သခင်လေးကိုလိမ်လည်ဖို့ အကြံပေးမိပါတယ်
သခင်လေးမှာအပြစ်မရှိပါဘူး "

အဆိပ်သင့်ကြင်ယာတော် (Z&U)Where stories live. Discover now