အလွမ်းနေ့ရက်များ

274 20 0
                                    

အပိုင်း ( ၁၁ )

" သခင်လေးနားပါဦး အရမ်းပင်ပန်းနေတော့မယ် "

" မြားပစ်လေ့ကျင့်ပြီးမှနားမယ် အထိန်းတော်ကြီးတို့
မစောင့်ပါနဲ့တော့ "

" မဟုတ်တာ သခင်လေးကိုစိတ်မချပါဘူး "

" ဟားး စိတ်ချပါ ဒီကန့်သတ်ထားတဲ့ နန်းဆောင်ထိ
သူတို့ဝင်လာပြီးရန်မပြုရဲလောက်ပါဘူး Chenဒီလောက်
မလွယ်တာ အကုန်လုံးကိုပြထားပြီးပြီမို့ "

အမှန်တကယ်လည်းChenကိုဘယ်သူမှ
လာမထိရဲတော့ပါ စကားယှဉ်တာပဲဖြစ်ဖြစ်
ဥာဏ်ပညာအရပဲဖြစ်ဖြစ်ယှဉ်မရလေတော့

သို့သော်ရှင်ဘုရင်မရှိချိန်အတွင်း Chenကို
ရန်ပြုလိုသူတို့ကတော့ အရှိန်မသတ်သေး
ဘယ်နည်းနဲ့မဆို ကြင်ယာတော်ဂုဏ်ပုဒ်ကို
ဖြုတ်ချပစ်ချင်သည် အရှင့်အနားကဖယ်ထုတ်
ပစ်ချင်သည့် ဆန္ဒကို ဘယ်အရာနဲ့မှငြိမ်းနိုင်
မည်မဟုတ်ပေ

" မယ်တော် ဒီတိုင်းပဲကြည့်နေတော့မှာလား အရာအားလုံး
စွန့်ပစ်ပြီးတော့ပဲဖြစ်ဖြစ် အဲ့ဒီ့ကြင်ယာတော်ကိုရှင်းပစ်ချင်
တယ်"

" သတိထား ချွေးမတော် မင်းရဲ့အတွင်းစိတ်ကို အရှင်မင်း
ကြီးမသိစေနဲ့ အဲ့အချိန်ကျရင် မယ်တော်လည်းကယ်တင်နိုင်
မှာမဟုတ်ဘူး အချိန်တန်ရင် မင်းကြီးကိုယ်တိုင် ဖယ်ထုတ်
ပါစေ အဲ့လိုဖြစ်အောင်လည်း ငါလုပ်မှာ စောင့်နေလိုက် "

" ဘယ်ချိန်ထိလဲ မယ်တော် ဒီလောက်ဒေါသကြီးတဲ့မင်းကြီး
က ကြင်ယာတော်ရှေ့ရောက်ရင် မီးကိုရေနဲ့ငြိမ်းလိုက်သလို
ပဲတဲ့ ပန်းပွဲတော်မှာထဲက အားလုံးအသိပါ အရှင်က
အကအလှတွေကို တစ်ချက်မှမကြည့်အားပဲ တစ်ချိန်လုံး
ကြင်ယာတော်ကို စိုက်ကြည့်နေခဲ့တာ တစ်ခါမှမတွေ့ဖူးခဲ့
တဲ့ အရာတွေလေမယ်တော် ဒါနဲ့တောင်ဘယ်လိုလုပ် အရှင်
ဖယ်ထုတ်တဲ့ထိ စောင့်စေချင်ရတာလဲ "

" ဒါဆို နည်းလမ်းရှိလား Chenကိုအပြတ်ရှင်းဖို့ "

" သိပ်ရှိတာပေါ့မယ်တော် ကျမလွှတ်ထားတဲ့အတွင်းလူ
ပြောစကားအရဆိုရင်ပေါ့ ဟင်းး ဟင်းး "

********

********

********

" ကြင်ယာတော်နန်းဆောင်ကို ဝင်စစ်ကြစမ်း "

အဆိပ်သင့်ကြင်ယာတော် (Z&U)Where stories live. Discover now