အရှင့်ရင်ခွင်

311 20 0
                                    

အပိုင်း ( ၁၃ )

ညကောင်းကင်ယံသည် ကြည်လင်ရှင်းသန့်
ပြီး လှပလျက်ရှိသည် ကြယ်ပွင့်လေးများလည်း
စုံလင်စွာလင်းလက်နေသလို လမင်းကြီးက
လည်းအေးချမ်းမှုကိုပေးစွမ်းလို့နေသည်

ကောင်းကင်ကြီးအလှပြည့်စုံနေသလို မြေပြင်
ပေါ်တွင်လည်း မွှေးပျံ့လှတဲ့ပန်းရနံ့များ
နန်းဆောင်အနောက်ဘက်မှသာယာစွာ
စီးဆင်းလာပြီးအေးမြမှုကိုပေးစွမ်းနေတဲ့
စမ်းချောင်းငယ်လေးက တာဝန်ကျေလျက်
ရှိသည် ထိုလှပမှုများအလယ်တွင်တော့
ကျက်သရေ ဘုန်းတန်ခိုး ပြစ်မျိုးမဲ့မထင်
အလှကိုပိုင်ဆိုင်ထားသည့် Zhangဘုရင်
သည် သူ၏ကြင်ယာတော်ဖြစ်တဲ့ Chenကို
ကျောပေါ်တင်ကာ လမ်းလျှောက်ထွက်ရင်း
လေညှင်းခံလျက်ရှိသည်

" ရေဆာနေပြီလား Chen "

" ဟင့်အင်း "

" အထဲဝင်တော့မလားအေးလာပြီ "

" ဟင့်အင်း "

" ကိုယ် ကုန်းပိုးပေးထားတာ ဒီလောက်ကြိုက်လား "

" အင်း ခြေထောက်တောင်ပြန်မကောင်းချင်တော့ဘူး "

" ဒီကလေးတော့ဘာတွေပြောနေတာလဲ Chenသဘော
ကျရင် ဘယ်ချိန်ဖြစ်ဖြစ် ကုန်းပိုးပေးမှာမို့ မြန်မြန်သက်
သာအောင်နေရမယ်ကြားလား "

" ဟုတ် "

" Chenသက်သာရင် စစ်သူကြီးLeeဆီသွားပြီး စစ်ပညာ
သွားသင်ရမယ် စစ်သူကြီးLeeထောက်ခံမှုရတာနဲ့
ကိုယ် လက်ထောက်စစ်သူကြီးခန့်မယ် မကောင်းဘူးလား "

" ဒါပေမဲ့ စစ်သူကြီးမလုပ်ချင်ဘူး "

" Chenပဲကိုယ်နဲ့လိုက်ချင်တယ်ဆို နန်းတွင်းအရှုပ်တွေ
နဲ့ဝေးရာ နှစ်ယောက်အတူစစ်တိုက်ထွက်မယ်လေ
ကိုယ်တို့အတူ အင်ပါယာတိုးချဲ့ကြမယ် ကိုယ့်စကားနား
ထောင်ပါ "

************************

ရက်အနည်းငယ်အကြာမှာ Chenလမ်းပြန်
လျှောက်နိုင်နေပြီ လေ့ကျင့်မှုတွေလည်းပြန်စ
ပြီး အရှင့်သဘောတိုင်း စစ်သူကြီးLeeဆီသွား
ရောက်ကာစစ်ပညာအပြည့်စုံ သင်ကြားလျက်
ရှိသည် အရှင်ကိုယ်တိုင်သင်ပေးလို့ရပါလျက်
စစ်သူကြီးဆီဘာလို့လွှတ်မှန်း Chenနားမလည်

အဆိပ်သင့်ကြင်ယာတော် (Z&U)Where stories live. Discover now