အပြန်လမ်း

2.9K 168 13
                                    

အပိုင်း ( ၄ )

" မဖြစ်နိုင်ပါဘူး အရှင် Chenကိုခေါ်သွားချင်ရင်
ကျနော့်ကိုသာ အသေသတ်သွားပါ "

Chenကိုခေါ်သွားချင်တဲ့အကြောင်း
အုပ်ထိန်းသူဖြစ်တဲ့ yifanထံခွင့်တောင်း
တော့မှ စကားအခြေအတင်ဖြစ်လာပါတော့တယ်

" Chenကို ငါကိုယ်တော်သဘောကျတယ် နန်းတော်ကို
အတူခေါ်သွားရမှဖြစ်မယ် yifan မင်းငြင်းနေတာရပ်သင့်
ပြီ "

" အရှင် နန်းတော်က chenနဲ့မဖြစ်ဘူး ကျနော့်ညီငယ်ကို
သပ်သပ် အန္တရာယ်ဖြစ်စေတာ ကျနော်ခွင့်မပြုနိုင်ပါဘူး "

" ငါကာကွယ်ပေးပါ့မယ် ဘယ်သူမှ chenကို မထိခိုက်
စေရဘူး ကတိပေးတယ် "

" ကျနော်လုံးဝလက်မခံနိုင်ပါဘူး "

" Wu Yifan!!! ငါတောင်းဆိုနေတာမဟုတ်ဘူးနော် "

တစ်စတစ်စ ဒေါသရိပ်ပါလာတဲ့ Zhangဘုရင်
စိတ်မထိန်းနိုင်တော့ဘဲ အော်ဟစ်လိုက်မိတော့
တယ်

" တကယ်လို့ အရှင်ခေါ်သွားတယ်ပဲဆိုဦး chenကို
ဘယ်လိုထားမှာလဲ တပ်ထဲသွင်းဖို့လုံးဝမဖြစ်နိုင်သလို
သမားတော်လည်းမဖြစ်နိုင်ဘူး မိဖုရားမြှောက်ရအောင်
လည်း chenကမိန်းကလေးမဟုတ်ဘူး မေ့လိုက်ပါတော့
အရှင် "

" ဘာလို့မဖြစ်နိုင်ရမှာလဲ "

" အရှင် ဘာကိုဆိုလိုတာ "

" chen ကိုကြင်ယာတော်အရာပေးမယ် ငါကိုယ်တော်
ပထမဆုံးချစ်ခင်နှစ်သက်မိတဲ့သူပဲ ဘာကိုဂရုစိုက်နေရမလဲ
အခုဆို ကြင်ယာတော်နန်းဆောင်တောင် စဆောက်နေ
လောက်ပြီ ကိုယ်ရံတော် Wan အကုန်စီစဉ်နေရောပေါ့ "

ဆွံ့အတစ်ယောက်လို yifan ဘာဆိုဘာမှ
ပြန်မပြောနိုင်တော့ဘဲ အမှောင်ကျသွားသလို
ခံစားလိုက်ရသည် ညီငယ် chen ကရော
ဘယ်လိုလဲ သူဘာမှမသိ အရှင်နဲ့ ဘယ်လို
ချစ်ကြိုးသွယ်ခဲ့လဲ ဘာလို့လဲ ယောကျာ်းနှစ်
ယောက်ဒီလိုချစ်တယ်ဆိုတာ မှန်ကန်ရဲ့လား

" ကျနော်မျိုးကိုသာသတ်လိုက်ပါတော့ "

" yifan မင်းမထူးဆန်းသင့်ဘူး ငါတို့မြောက်ပိုင်းမှာ
တွေ့တုန်းကမင်းမမှတ်မိဘူးလား ဘုရင်နဲ့ သူ့ရဲ့အမျိုးသား
ကြင်ယာတော်ကို ဝင်နှုတ်ဆက်ခဲ့ကြဖူးတယ်လေ "

အဆိပ်သင့်ကြင်ယာတော် (Z&U)Where stories live. Discover now