အချစ်သည် ......

289 19 0
                                    

အပိုင်း ( ၁၉ )

" ဟင်း ဟင်း "

" Chenဘာဖြစ်တာလဲ သတိထားလေ သတိထားမှပေါ့ "

yixingအိပ်မောကျနေရာမှ နဘေးက
ညီးငြူသံကြားရလိုလန့်နိုးပြီး ထိတ်လန့်
နေပုံရတဲ့ ကြင်ယာတော်လေးကိုအတင်း
လှုပ်နှိုးလိုက်ရတယ်

" Chen Chen ကိုယ်ခေါ်နေတယ်လေ "

" အားးးး "

" Chen ကိုယ့်ကိုလန့်အောင်မလုပ်ပါနဲ့ "

" ဟင့် အရှင် "

" နိုးလာပြီလား ရော့ရေသောက်လိုက် အိပ်မက်ဆိုးတွေ
မက်နေတာလား Chenရယ် ချွေးတွေလည်းပြန်လို့ "

" အိပ်မက်ထဲမှာ Chen အမေက မုန်းသွားတယ်
Chenကိုဒေါသထွက်နေပုံပဲ အမေမုန်းအောင်ဘာလုပ်
မိပါလိမ့် တကယ့်ကိုသားမိုက်လိုဆက်ဆံတာ အီးးးးဟီးး "

" အိပ်မက်လေကွာ ဘာမှမဟုတ်ပါဘူး ကိုယ်ဘေးမှာ
ရှိတယ် ပြန်အိပ်လိုက်နော် လိမ္မာတယ် "

" Chenကအမေရှိခဲ့တယ်ဆိုတာတောင် မေ့နေပြီကို
မျက်နှာတောင်ဝေဝါးပြီး ဘာမှမမှတ်မိတော့တာကို ဘာလို့
ဒီလိုမက်ပါလိမ့် "

" ညက ကိုယ်အရမ်းဒေါသထွက်ပြီး အပြစ်ပေးလိုက်လို့
Chenဒီလိုမက်တာပါ တခြားဘာမှမဟုတ်ပါဘူး "

" ဟင့် အရှင့်ကြောင့်ကိုး ဟုတ်တာပေါ့ Chenဒီလောက်
ချုပ်နှောင်ခံရတာကို မုန်းတာသိရက်နဲ့ တမင်အနိုင်ကျင့်
တာ မကောင်းဘူး သွား Chenနဲ့လာမအိပ်နဲ့ "

" မနေ့ညတုန်းကကိစ္စ ကိုယ်တို့ထပ်ရှင်းရအောင် "

" ဟင် Chenအပြစ်ပေးတာခံပြီးပြီနော် ဘာ ဘာလို့လဲ
အပြစ်ထပ်ပေးဦးမလို့လား "

မျက်နှာငယ်လေးနဲ့အပြစ်ပေးခံရမှာစိုးလို့
ကြောက်ဟန်ဆောင်နေတဲ့ ကောင်လေး
ကို ဆွဲယူပြီးရင်ခွင်ထဲထည့်ထားလိုက်တယ်
ဆံသားနုနုလေးတွေကို တဖွဖွနမ်းရှိုက်ရင်းပေါ့

" ကိုယ့်Chenက အပြစ်ဆိုလို့ မြူတစ်မှုန်တောင်မရှိတာ
ဘာလို့အပြစ်ထပ်ပေးရမှာလဲ ဘုရင်ဆိုးဖြစ်သွားမှာပေါ့ "

" ဒါဆို ဘာရှင်းမလို့လဲ ဟိုမိဖုရားငယ် အတွက်ပွဲက
အဆင်မပြေဘူးလား အဲ့ဒါတော့ Chenလဲမတက်ရ
တော့မသိဘူးနော် "

အဆိပ်သင့်ကြင်ယာတော် (Z&U)Where stories live. Discover now