2. အတုမို့ပါ

16.7K 2.4K 370
                                    


Main Cast ~ Namjin 💓💋 😚

တချိန်တခါတုန်းက Seoul မြို့၏ ဒုံးဒယ်မွန်း ဈေးတွင် ခါးပိုက်နှိုက် အလွန်ပေါသည်ဟု နာမည်ကြီး၏ ။

အထူးသဖြင့် လက်ဝတ် ရတနာဆိုင်တန်းနားမှာ ခါးပိုက်နှိုက်တွေ အပေါဆုံး ဖြစ်လေသည်။ ခါးပိုက်နှိုက်များ အလွန်လျင်သောကြောင့် သတိနှင့်သွားလာနေပါလျက် အနှိုက်ခံနေရလေသည်။

တရက်မှာတော့ စိန်လက်စွပ် ၀ယ်လာခဲ့လေသော Kim Seok Jin ဆိုသည့် စားဖိုမှူးတစ်ယောက်ကို ခါးပိုက်နှိုက်က လက်စွမ်းပြလိုက်လေရာ Seok Jin အိတ်ထဲရှိသမျှ ငွေတွေအပါအ၀င် ထိုစိန်လက်စွပ်ပါ ပါသွားလေသည်။

ထို့ကြောင့် အိမ်သို့ ပြန်ရောက်သော် သူ၏ လင်တော်မောင် ၊
ဥပဒေအကြံပေးအရာရှိဖြစ်သူ Kim Namjoon နှင့် စကားများလေတော့သည်။

Joon - "မင်း ကိုယ့်ပစ္စည်းတောင် ကိုယ် မထိန်းသိမ်းနိုင်ရအောင် အဲ့လောက်ပဲ
အ ရသလားကွာ"

Jin - "ကျွန်တော် အ တာမဟုတ်ဘူး ၊ သူတို့ကကို လည်လွန်းအားကြီးတာဗျ
Yeobo ရ "

Joon - "အဓိပ္ပာယ်မရှိတာကွာ ငယ် ရာ ...
ကိုယ် ညံ့ ရင် ညံ့တယ်ပေါ့ "

Jin - "ကျွန်တော့်ကိုပဲ အသားလွတ် လာဆူမနေနဲ့ဗျာ ခါးပိုက်နှိုက်တွေက Yeobo ထက် တော်တယ် ၊ နားလည်ရဲ့လား ....
ကျွန်တော်မှ မဟုတ်ဘူး Yeobo သွားလဲ ခံရမှာပဲ "

Jin မှ ထိုကဲ့သို့ မဟုတ်မခံ တုန့်ပြန်ကာ စိန်ခေါ်လေတော့

Joon - "အမယ် စောင့်ကြည့်နေပါ
ပေါ့သေးသေး မဟုတ်တဲ့ Kim Namjoon ကို
ဒီလို လာစမ်းလို့ မရဘူး ၊
ခါးပိုက်နှိုက်တွေပဲ ခံရမလား ဘယ်သူခံရမလဲ အဖြေသိရအောင် မနက်ဖြန် ဈေးကို ကိုယ် ကိုယ်တိုင် သွားပြမယ် "

ဟူသည့် Namjoon ၏ ပြတ်သားသော ဆုံးဖြတ်မှုနဲ့အတူ နောက်ရက်တွင် ဒုံးဒယ်မွန်း ဈေးသို့ Namjoon တယောက် တကယ်ပဲ ရောက်ရှိခဲ့လေတော့သည် ။

ဈေးသို့ ရောက်သောအခါ Namjoon သည် သူ၏ အကျီင်္အိပ်ကပ်ထဲမှာ စိန်လက်စွပ်ထည့်ပြီး ရတနာဆိုင်တန်းထဲမှာ ဖြတ်လျှောက်လိုက် ၊ ဟိုဘက်က ၀င်လိုက် ဒီဘက်က ထွက်လိုက် နှင့် ခါးပိုက်နှိုက်များ မြင်သာအောင် လမ်းသလားပြနေတော့သည် ။

BTS Make Me Smile [ Completed ]Where stories live. Discover now