75. ကွှား

1.7K 374 74
                                    

Main Cast ~ Kim Tae Hyung & Jeon Jung Kook

တစ်နေ့မှာတော့ Company ရုံးခန်းထဲသို့ ဆွဲဆောင်အားရှိပြီး ချောမောသည့် လူငယ်လေးတစ်ဦး ၀င်လာခဲ့သည်...။

ထိုကောင်လေးဝင်လာတာကို မြင်လိုက်သည်နှင့်ချက်ချင်း Company ရဲ့ မန်နေဂျာဖြစ်တဲ့ Kim Tae Hyung သည် ရုံးတယ်လီဖုန်းကို ကောက်ယူ၍ ဟန်ပါပါနားထောင်လိုက်ပြီး

Tae - "ဘာပြောတယ် Jimin... သိန်းနှစ်ရာ အရင်းအနှီးမြှုပ်နှံထားတဲ့ ကိစ္စ.. အော် ဒီပိုက်ဆံလောက်နဲ့ကတော့ကွာ... မင်းဆပ်ချင်တဲ့ အချိန်မှ ပြန်ဆပ်ပါ သူငယ်ချင်းရာ"

ထိုအချိန် ဧည့်သည်ကောင်လေးက အနားရောက်လာပြီး "ဒီမှာခဗျ..."

Tae က လက်ကာပြလိုက်လေသည်..ခဏကလေးစောင့် ဒီမှာ အရမ်းအရေးကြီးတဲ့ ဖုန်းပြောနေလို့

ဟု ဆိုသည့်သဘောဖြင့်...။

ပြီးနောက် ဆက်လက်၍

Tae - "ဟုတ်ပါပီ အဲ့သိန်းနှစ်ရာကို မင်းပြန်မပေးလဲရတယ်ကွာ..ဒါလောက်နဲ့တော့ ငါမွဲမသွားသေးဘူး ဒါနဲ့ ငါမှာလိုက်တဲ့ ပစ္စည်းတွေ တင်လာတဲ့ သဘောင်္ဆိုက်ပြီလား...ဘာ သိန်းတစ်ထောင်ဖိုး ဟုတ်လား ဒါများကွာ ရေးကြီးခွင်ကျယ်လုပ်လို့...ငါ့အတွက် မိုင်နာတွေပါကွာ...မင်းသိတယ်မလား ငါဘယ်လောက်ချမ်းသာတယ်ဆိုတာ..."

ထိုသို့ စကားတွေ အာပေါင်အာရင်း သန်သန်ပြောပြီး ခဏကြာသွားတော့မှ စကားပြောခွက်ကို ချလိုက်သည်...။ အလုပ်အလွန်များ၍ လွန်စွာ ပင်ပန်းကြီးသွားသည့်ဟန်ဖြင့် သူ့ရှေ့မှာ ထိုင်နေသော လူငယ်လေးကို

Tae - "ကို က အလုပ်သိပ်များတာကွာ..ကြားလိုက်တယ်မလား.. စောစောကပြောလိုက်တဲ့ စကားတွေ.. ကိုယ့် သူငယ်ချင်းကွာ အလကား... ပိုက်ဆံ သိန်း ၁ထောင်လောက်နဲ့ပဲ စိုးရိမ်ပူပန်နေကြတယ်...။ ဘာမှမဟုတ်တဲ့ ပိုက်ဆံပမာဏကို...။ ဒါနဲ့ ဒီက ညီလေးက ဘာကိစ္စ" ဟုမေးလိုက်တော့ တဖက်ကောင်လေးက

"ဟို ကျွန်တော်နာမည်က Jeon Jungkook ပါ"

"လာရင်းကိစ္စကတော့ ဒီလိုပါ"

ဟု အစချီရင်း Kook ဆက်ပြီး ပြောလိုက်တဲ့ စကားအဆုံးမှာတော့ Tae ခဗျာ မျက်နှာကြီးနီပြီး ဘယ်ပြေးပုန်းရမှန်းမသိ ဖြစ်ကုန်တော့သည်...။

BTS Make Me Smile [ Completed ]Where stories live. Discover now