15. ဝန်ခံပါရစေ

3.9K 713 66
                                    

အခုတင်ပြမဲ့ ဟာသလေးက ကိုယ် ဖတ်ဖူးသမျှတွေထဲက သဘောကျမိတဲ့ ဟာသလေး တစ်ခုလို့ ဆိုရမှာပါ ...။

BTS Version ပြောင်းရေးပေးဖို့တော့ သိပ်အဆင်မပြေတာမို့ မူရင်း version လေးနဲ့ပဲ ပြန်လည်မျှဝေပေးလိုက်ရပါတယ် ။

BTS Version တွေထဲမှာမှ
ကြားညှပ် Version လေးပေါ့လေ ....

ပြုံးမိမယ်လို့တော့ ထင်ပါတယ် ။

>>>>>>>>>>>>

Let's Start

တစ်ခါက ငယ်ရွယ်သော လင်မယားနှစ်ယောက် ပျားရည်ဆမ်းခရီး ထွက်လာကြသည်။

ခင်ပွန်းဖြစ်သူက ရေချိုးခန်းထဲမှ ရေချိုးဇလုံနှုတ်ခမ်းပေါ်တွင် ထိုင်နေရင်း သူ့ကိုယ်သူ ပြောမိသည်။

"ငါ့ရဲ့ ခြေထောက်တွေက အနံ့ဆိုးတာကြောင့် ငါ့ရဲ့ ခြေအိတ်တွေ နံဆော်နေတာ ငါ့ဇနီးကို ဘယ်လို ပြောပြရပါ့ ၊ ငါတို့ ချိန်းတွေ့နေကြတဲ့ အချိန်တုန်းကတော့ အဲ့ဒါကို သူမ မသိအောင် ငါ ဖုံးထားနိုင်ခဲ့တယ် ၊ ဒါပေမဲ့ အခုတော့ သူမ အနှေးနဲ့ အမြန် သိမှာပဲ "

ထိုအတောအတွင်း၌ ဇနီးဖြစ်သူကလည်း ကုတင်ပေါ်ထိုင်နေပြီး သူမကိုယ် သူမ ပြောနေသည်။

"ငါ ခံတွင်းအနံ့ဆိုးတာ ငါ့ရဲ့ယောင်္ကျားကို ဘယ်လို ပြောပြရပါ့မလဲ ၊ သမီးရည်းစားဘ၀တုန်းကတော့ အဲ့ဒါကို သူမသိအောင် ဖုံးကွယ်ထားနိုင်တာ အရမ်းကံကောင်းတယ် ၊ ဒါပေမဲ့ သူ ငါနဲ့ တပတ်လောက် အတူနေတာနဲ့ တပြိုင်နက် သိတော့မှာပဲ ၊ သူ့ကို ငါဘယ်လို ငြင်ငြင်သာသာ ပြောရပါ့မလဲ "

နောက်ဆုံး၌ ခင်ပွန်းဖြစ်သူက ဇနီးသည်အား ပြောပြရန် သတ္တိမွေးလိုက်ပြီး အိပ်ခန်းအတွင်းသို့ ၀င်လာလေပြီဖြစ်သည်။

ကုတင်ဆီသို့ သူသွားပြီး ဇနီးသည်ဘေးသို့ ကပ်လိုက်ကာ သူမ၏ လည်ပင်းကို ပွေ့ဖက်၍ မျက်နှာချင်းဆိုင်ကပ်လျက် ပြောလိုက်သည်။

"အချစ် ကိုယ် မင်းကို ၀န်ခံစရာရှိတယ်"

ထိုအခါ

"ကျွန်မမှာလဲ ၀န်ခံစရာ ရှိပါတယ် အချစ်ရယ် "

ဟု သူမကလည်း ပြောလိုက်လေသည်။

BTS Make Me Smile [ Completed ]Where stories live. Discover now