59. ကို့ အချစ်က ပိုပါတယ်

2.2K 525 61
                                    

Main Cast ~ Kim Tae Hyung & Jeon Jung Kook

တခါက Jeon Jung Kook နဲ့ Kim Tae Hyung ဆိုတဲ့ ချစ်သူနှစ်ယောက် Dating လုပ်နေရင်းမှ Tae က သူ့ကို Jungkook ဘယ်လောက်ချစ်လဲ သူ့အပေါ်ဘယ်လိုမြင်လဲ သိချင်လာတာမို့

Tae : Jungkook...တစ်ကယ်လို့ Tae ကိုချစ်တဲ့အကြောင်းပြောပြပါဆို ဘယ်လိုပြောမလဲဟင်?
Jungkook : ABCDEFGHIJK လို့ ပြောလိုက်မှာပေါ့...။
Tae : ဟွန်း အဲ့ဒါဘာပြောတာလဲ နှာခေါင်းလေးရှုံ့ကာ မေးလေ၏။

ထိုအခါက Jungkook က ပြုံးပြီး
A: adorable (ချစ်ဖို့ကောင်းတယ်)၊

B: beautiful (လှတယ်)၊

C: cute (ချစ်စရာလေး)၊

D: delightful(ကြည်နူးစရာလေး)၊

E: elegant(ကျော့ရှင်းရည်မွန်တယ်)၊

F: fashionable(ဖက်ရှင်မိတယ်)၊

G: gogerous(ထယ်ဝါတယ်)

ပြီးတော့ H: hot ( hot ဖြစ်တယ်ပေါ့) ဆိုပီး ပြောလိုက်လေတယ်။

အဲ့တော့ Tae က ချစ်ရည်ရွှန်းတဲ့မျက်လုံးတွေနဲ့

Tae : Waa မိုက်တယ်...ကြွေတယ်ကွာ ။ အာ့ဆို IJK ကကျတော့ရော ဟု ဆက်မေး၏

ထိုအချိန်မှာတော့ Jungkook က ရီလျက်ဖြင့်
I'm Jungkook & it is just kidding ( အပေါ်ကပြောသမျှက ကိုယ်နောက်နေတာ) ဟု လျှာလေးထုတ်ကာ ပြောင်ပြရင်း ဆိုလိုတော့ Tae မှာ စိတ်ဆိုးသွားလေ၏။

အဲ့လိုကျတော့လဲ Jungkook မှာ မနေတတ်တော့

"စတာပါကွာ...ကိုယ်က ချစ်စရာသိပ်ကောင်းတဲ့ Tae ကို အရမ်းချစ်တာပါနော်"

"အာဒမ်က ဧ၀ကို ချစ်ခဲ့တဲ့ ကမ္ဘာဦးအစ အချစ်ထက်တောင် ကိုယ့်အချစ်က ပိုပါတယ်"

ဟုပြောလိုက်တော့

Tae က မျက်စောင်းလေးပစ်ထိုးကာ "အပိုတွေ"ဟု ပြောလာလေသည်။

အဲ့ဒီတော့ Jungkook က

"တကယ်ပါ" ဟု သနားစဖွယ် အသံလေးဖြင့် ဆို၏

Tae က "ဘယ်လိုလုပ်ယုံရမှာလဲ ပြော" ဟု ဆက်မေး၏။

ထိုအခါကျမှ Jungkook က

"အာဒမ်က ဧ၀ကို ချစ်တာက ကမ္ဘာဦးအစမှာ ချစ်စရာဆိုလို့ ဧ၀တစ်ယောက်တည်းရှိတာမဟုတ်လား။ ကိုယ်က Tae ကို ချစ်တာက ချစ်စရာတွေအများကြီးရှိနေတဲ့အချိန်မှာ တခြား ဘယ်သူ့ကိုမှ မချစ်ဘဲ Tae ကို ချစ်တာပါကွာ" ဟု ပြောလိုက်လေတော့ Tae တစ်ယောက် စိတ်ဆိုးပြေသွားပြီး သူ့ရဲ့ အသည်းပုံနှုတ်ခမ်းလေးက အလှပဆုံးပြုံးရင်း ကျေနပ်စွာဖြင့် ရယ်မောလေတော့သတဲ့...။

BTS Make Me Smile [ Completed ]Where stories live. Discover now