40. သူတို့ ငယ်ငယ်တုန်းက

2.6K 653 89
                                    

Main Cast ~

✌Kim Tae Hyung & Jeon Jung Kook

အခုပြောမဲ့ အကြောင်းအရာလေးကတော့ 6 နှစ် အရွယ်သာရှိသေးသော Kim Tae Hyung နဲ့ Jeon Jung kook ဆိုတဲ့ ကလေးနှစ်ယောက် ကလေးအတွေးတွေနဲ့ ကျောင်းမှာ မည်သို့ လုပ်ခဲ့ကြသည်ကို ချစ်စဖွယ်ကောင်းစွာ တင်ပြသွားပါ့မည်။

Tae လေးက ကျောင်းမှာ မျောက်ရှုံးအောင်ဆော့နေကျဖြစ်ပြီး ဉာဏ်ကောင်းသလောက် စာမလုပ်တာက များနေတတ်၏ ။

ထို့ကြောင့် ဆရာက မနက်ဖြန်စာမေးမည် စာကျက်ခဲ့ တို့ ၊ စာမေးပွဲရှိသည်တို့ ဟူသည့် အသံတွေကို သူအရမ်းမုန်းလေ၏ ။

တနေ့တွင်တော့ ဆရာက
"နက်ဖြန်ကျရင်တော့ နေပူပူ ၊ မိုးရွာရွာ စာမေးမှာနော် " ဟု ကျောင်းသားများကို သတိပေးလေ၏ ။

ထို့အချိန်တွင် Tae လေးခဗျာ မျှော်တလင့်လင့်ဖြင့် မျှော်လင့်ကြီးစွာ သူ့ဆရာကို ပြန်မေးလိုက်သည်မှာ

"တကယ်လို့ နှင်းကျနေရင်ရော ဆရာ"

ဟူ၍ ဖြစ်လေ၏ ။

ထိုကဲ့သို့ စာလုပ်ရမှာထက် အဆော့မက်သော Tae လေးပင် ။

_______________________

ထို့အတူပင် Jeon Jung Kook ဆိုသည့် ကလေးငယ်သည်လည်း ကျောင်းတက်ရမှာ လွန်စွာပျင်းလေ၏ ။

ထို့ကြောင့် ကျောင်းမတက်ရအောင် ဤကဲ့သို့ ဥာဏ်ဆင်ဖူးလေသည် ။

တနေ့၌ အတန်းပိုင်ဆရာဆီသို့ ဖုန်းဝင်လာသောအခါ

တဖက်မှအသံ - "Jeon Jung Kook နေမကောင်းလို့ ဒီနေ့ ကျောင်းတက်နိုင်မှာ မဟုတ်ပါဘူး ခင်ဗျား"

ဆရာ - "အော် ဟုတ်ကဲ့ပါ ၊ အခု ပြောနေတာ ဘယ်သူလဲဟင် ?"

တဖက်မှအသံ - "ကျွန်တော့်အဖေပါ"

ဟူ၍ ခွင့်တိုင်ဖူးလေ၏ ။

ဤသည်ကား Kim Tae Hyung နှင့် Jeon Jung Kook ဟူသည့် ချစ်စရာကောင်းသော ကလေးနှစ်ယောက် အကြောင်းတည်း။

THE END


ခ်ခ် မသိဘူး ကလေးနှစ်ယောက်ကိုချစ်လို့ သူတို့ငယ်ငယ်ကပုံလေးတွေကို မျက်လုံးထဲမှာ မြင်ယောင်ကြည့်ရင်း ဒီဟာသ မမည်သော ဟာသလေးကို ရေးလိုက်ပါတယ်၊ 😍😍😄😄😂😂

BTS Make Me Smile [ Completed ]Where stories live. Discover now