Chapter 22

2.5K 204 8
                                    

"အလင်္ကာ!!. . ."

တေးသစ်တစ်ယောက်ပျောက်နေလို့ပတ်ရှာနေတဲ့ အချိန်မှာ နောက်နားကခေါ်လိုက်တဲ့အသံကြောင့် သံစဉ် တုန်တောင်တုန်တက်သွားသည်။ လှည့်ကြည့်လိုက်တော့ ရတုဖြစ်နေတာကြောင့် ပိုလို့တောင်လန့်သွားသည်။ ဘေးနားမှာ တေးသစ်ရှိမနေတဲ့အချိန်မှာ ရတုနဲ့နှစ်ယောက်တည်း စကားမပြောချင်။ သံစဉ်ရပ်နေတဲ့နေရာက ဟိုတယ်ကော်ရစ်တာမှာမို့လို့ လူတစ်ယောက်မှမရှိ။ တေးသစ်ကို မျက်လုံးဝေ့ပြီး ရှာချင်တာကို အောင့်ထားပြီး ရတုကို ခပ်တင်းတင်းကြည့်လိုက်သည်။

"ဘာလဲ"

"ကိုယ်နဲ့စကားခဏလောက်ပြောမလား"

ရတုက သံစဥ့်နားကို လျှောက်လာသည်။

"ပြောလေ ဘာပြောမလို့လဲ"

"ဒီမှာပြောရတာ အဆင်မပြေဘူးလေ အလင်္ကာရာ တစ်ခြားနေရာသွားပြောရအောင်"

"ကောင်းသားပဲ တေးသစ်ဆီကိုသွားမယ်လေ"

"ဟာာာာ!"

ရတု အော်လိုက်တော့ သံစဉ် ပခုံးကိုကျုံ့ထားမိသည်။ ရတုက မပြောမဆိုနဲ့သံစဥ့်လက်ကိုဆွဲသည်။ သံစဉ် အလန့်တကြား ရုန်းတာတောင် ရတုလက်ကိုမရုန်းနိုင်။ သံချောင်းတွေလိုပဲ သန်မာနေသည်။

"ခင်ဗျား ဘာလုပ်တာလဲ!"

"ငါနဲ့လိုက်ခဲ့. . ."

ပြောပြီးပြီးချင်း လက်ကိုအတင်းဆွဲပြီး ခေါ်သွားတာ သံစဉ်ဘာမှမပြောလိုက်နိုင်။ စကားပြောဖို့ကိစ္စကိုတောင် ဒီလောက် ရိုင်းဆိုင်းစရာလိုလို့လား။

ခေါ်သွားတာက ရတုနဲ့ကဗျာနှစ်ယောက် လောလောဆယ် နေနေတဲ့ အခန်းထဲကို ဖြစ်သည်။

"ဘာလို့ဒီကိုခေါ်လာတာလဲ တော်ပြီ ကျွန်တော်သွားမယ် တေးသစ်တွေ့ရင် အထင်လွဲလိမ့်မယ်"

"F**k အဲဒီ တေးသစ်ဆိုတဲ့ နာမည်ကို ထည့်မပြောလို့မရဘူးလား"

သံစဉ် ဘာမှပြန်မပြောဘဲ အလကားနေဒေါသကြီးနေတဲ့ ရတုကို ခပ်စူးစူးကြည့်လိုက်သည်။

"ဘာလဲ မင်းချစ်သူကိုထိတော့နာတယ်ပေါ့"

"ခင်ဗျားဘာပြောမှာလဲ မြန်မြန်ပြော ပြီးရင် ကျွန်တော်သွားမယ်"

Be A Melody ( already completed but never complete ) Zawgyi + UnicodeWhere stories live. Discover now