*11ရက်2လ. . .
တိမ်တွေကြားထဲတစ်အိအိဖြတ်သန်းနေတဲ့ လေယာဉ်ပျံတစ်စင်းရဲ့ ပြတင်းပေါက်အတွင်းဘက်မှာ ထိုင်ရင်း ကာရန့်ရင်တွေ တစ်ဒိတ်ဒိတ်ခုန်နေသည်။ ရုံးက ကိုယ်စားပြုလွှတ်လိုက်တဲ့ အစည်းအဝေးရဲ့ကိုယ်စားလှယ်အဖြစ် တရုတ်နိုင်ငံကနေ ပြန်လာခဲ့ပြီဆို၍ mission accomplishဖြစ်သွားတာထက် အလွမ်းစိတ်ကပိုတက်နေသည်။
ပေါက်စကိုမတွေ့ရတာငါးရက်နှစ်နာရီငါးဆယ်မိနစ်နဲ့ . . . ယခု. . .သုံးဆယ့်ခုနှစ်စက္ကန့် . . .သုံးဆယ့်ရှစ်စက္ကန့် . . .သုံးဆယ့်ကိုး. . .စက္ကန့်
လေယာဉ်ကတိမ်ရဲ့ရေထုဖိအားထဲတိုးဝင်သွားတာကြောင့် တစ်ချက်လှုပ်ယမ်းသွားသည်။ ကော်ဖီယူဦးမလားလို့လာမေးနေတဲ့ လေယာဉ်မယ်လေးကို ခေါင်းခါပြရင်း ကမ်းပေးလာတဲ့ မုန့်ထုပ်တွေပါ ပြန်ထည့်ပေးလိုက်၏။
အလင်္ကာ့မျက်နှာကိုမြင်ရတာကလွဲရင်ဗိုက်ပြည့်မည်လည်းမထင် . . . ကော်ဖီစစ်စစ်တောင်မှ အလင်္ကာ့အနမ်းလောက် caffeineဓာတ်ဖြည့်ပေးမည်မဟုတ်။
အစည်းအဝေးခန်းထဲ အဲကွန်းလေတစ်စိမ့်စိမ့်နဲ့ခေါင်းသုံးနေခဲ့ရတာဆိုပေမယ့် စိတ်ပြေလက်ပျောက် အပြင်ထွက်မယ်ဆိုတိုင်း လူဦးရေထူထပ်လွန်းသည့်နိုင်ငံက စိတ်ရှုပ်ထွေးဖို့ကောင်းလွန်းသည်။ တွေ့ကရာ . . . မြင်ကရာမှာ ဖုန်မှုန့်တွေ လူတွေရဲ့ခြေရာတွေ ရကောက်ဟထိုးသံပါတဲ့စကားပြောသံတွေ . . .အလင်္ကာသာပါခဲ့ရင်တော့ တကယ်လှမှာ . . . အခုတော့စိတ်ကျဉ်းကျပ်စရာသက်သက်။
လေယာဉ်ဆင်းသက်တော့မည်ဖြစ်ကြောင်း speaker ကနေ သတင်းပို့လာတော့ လေယာဉ်တစ်စင်းလုံးမှာ ပါလာသမျှ ပျမ်းမျှလူဦးရေ 800လောက်မှာ အပျော်ဆုံးက ကာရန်သာဖြစ်လိမ့်မည်။
ဂနာမငြိမ် လေဆိပ်ထဲ လက်မှတ်ဂိတ်တွေဖြတ်ဖို့ တစ်ဖုံးဖုံးပြေးလွှားနေတဲ့ ကာရန့်ကိုလည်း လူတွေက ကွက်ကြည့် ကွက်ကြည့်ရယ် . . .ကျားလိုက်လို့ပြေးတာမဟုတ်ဘဲ လင်လင့်မျက်နှာတော်မော်ဖူးရအရေးကိုအစွဲပြု ပြေးလွှားနေမှန်း သူတို့နားလည်အောင်လည်းရှင်းပြမနေချင်တော့။ အသစ်ချဲ့ထွင်ဆောက်လုပ်လိုက်လို့ ကြီးထွားသွားသည့် မင်္ဂလာဒုံလေဆိပ်ကိုသာ အပြစ်လှိမ့်တင်မိသည်။
![](https://img.wattpad.com/cover/144206438-288-k476048.jpg)
YOU ARE READING
Be A Melody ( already completed but never complete ) Zawgyi + Unicode