တေးသစ်စိတ်မပါလက်မပါခြေလှမ်းတွေနဲ့ လျှောက်လာကာ အလင်္ကာတို့အိမ်ရှေ့ကိုရောက်တော့ ထုံးစံအတိုင်း လှည့်ကြည့်ချင်သည့်စိတ်ကို ထိန်းထားရသည်။ ဒီအချိန်ဆို သံစဉ်ကျောင်းသွားနေကျမှန်းသိပေမယ့် ဒီနေ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် ရောက်လာမိသည်။ တစ်ခါတစ်လေ လမ်းမှာတွေ့တိုင်း ရတုအမြဲပါနေတတ်တာကို သိထားတော့ အသည်းနာနာနဲ့ ဥပေက္ခာပြုထားမိသည်။ဘယ်သူ့ကိုမှ
ှမကြိုက်ပါဘူးဆိုတဲ့ ကောင်လေး။ အလင်္ကာ့စေခိုင်းချက်တစ်ခုတည်းကြောင့် ရတုနဲ့တွဲနေရတယ်ဆိုတာ သူသိပါသည်။ အားလုံးသိပြီးတာတောင် မျက်နှာမပူဘဲ တေးသစ်နားမှာ ပြုံးပျော်နေတဲ့ အလင်္ကာ့ကို အံ့သြမိတယ်ဆိုပေမယ့် အခုအချိန်မှာ အလင်္ကာနဲ့မှတွေ့မနေရရင် တေးသစ်အတွက် ဘာကိုမှ အဖတ်ဆယ်စရာမရှိ။ အလင်္ကာနဲ့သံစဉ်ကို ရုပ်တူအောင်မွေးပေးထားတဲ့ သံစဉ်တို့အမေကိုသာ တတ်နိုင်ရင် ထိုင်ကန်တော့လိုက်ချင်သည်။ တေးသစ်ခြေလှမ်းတို့ တုံ့ခနဲရပ်သွားသည်။ ရှေ့မှာ. . . .။
"မင်းဘယ်အရွယ်ရောက်နေပြီလဲ ကလေးသောက်တဲ့အအေးတွေသောက်နေတုန်းလား"
"ကိုယ်ကြိုက်လို့ ကိုယ်သောက်တာပဲ
ကလေးတွေ ခွေးတွေမသိပါဘူး ခင်ဗျားသာ အဲဒီအူကြောင်ကြားအင်္ကျီကြီးတွေမဝတ်နဲ့ ခင်ဗျားမရှက်ပေမယ့် ကျွန်တော်ရှက်တယ်"
"ကိုယ်ကြိုက်လို့ကိုယ်ဝတ်တာပဲ
ဒါပေမယ့်နော် စဉ်းစားစရာကောင်းတာက. . "ရတု သံစဥ့်မျက်နှာနားကိုကပ်သွားတော့ တေးသစ် ဒေါသထောင်းခနဲထွက်သွားသည်။ မဆိုင်. . . သံစဉ်နဲ့သူနဲ့ဘာမှမဆိုင်...
သူနာတတ်ရင် သေဖို့ကောင်းနေပြီ။
"ကိုယ့်ချစ်သူကမဝတ်နဲ့ဆို မဝတ်တော့ဘူးလေ"
ဘာ!!. . .။ သူတို့က ဒီလိုအခြေအနေတောင်ရောက်နေပြီလား။ တေးသစ်ကြည့်နေတုန်းမှာပဲ သံစဉ်ကလမ်းလျှောက်နေရာက ရပ်လိုက်ပြီး ရတုမျက်နှာနားကိုပြန်ကပ်သွားတော့ တေးသစ်အံ့သြတကြီးနဲ့ သွေးတွေပါ တစ်ပွက်ပွက်ဆူလာသည်။ တဖြည်းဖြည်းကပ်သွားတဲ့ မျက်နှာနှစ်ခု။ လူသွားလူလာတောင်မရှောင်နိုင်ဘဲ ဘယ်လောက်တောင်မွှန်နေကြတာလဲ။
ဘယ်လိုမှဆက်မကြည့်နိုင်တော့ဘဲ အကြည့်လွှဲကာ ခြေလှမ်းကို အရှိန်မြှင့်လိုက်ပြီး သူတို့နှစ်ယောက်ကြားထဲက ဖြတ်ထွက်လိုက်သည်။
"အု!"
![](https://img.wattpad.com/cover/144206438-288-k476048.jpg)
YOU ARE READING
Be A Melody ( already completed but never complete ) Zawgyi + Unicode