သံစဉ်. . .တစ်ရုပ်တည်း တစ်ပုံစံတည်း။ ဒါတောင်မှ တေးသစ်က အလင်္ကာ့ကိုမချစ်ဘဲ ဒီကောင်လေးကိုမှ. . .ဘာလို့လဲ။ ခေါင်းကို ငုံ့ထားတာ သတိထားမိသည်။ မျက်ခွံတွေ မို့နေသလိုပဲ။ အန်တီကြီးတစ်ယောက်ကလည်း ဘေးမှာရပ်နေတာတွေ့ရတော့ ကာရန် သံစဥ့်ကို ရဲရဲမကြည့်ရဲ။ ခရီးမှာတုန်းကလည်း တွေ့ခဲ့ပြီးပြီပဲလေ။ မရင်းနှီးတဲ့လူတွေမဟုတ်။ အလင်္ကာ့နေရာမှာ အစားဝင်သွားတိုင်း ဒီကောင်လေးနဲ့သူနဲ့ နှစ်နှစ်တာပေါင်းခဲ့တဲ့ သူငယ်ချင်းတွေလို ရင်းရင်းနှီးနှီးစကားပြောခဲ့ဖူးတာကို ကာရန့်စိတ်ထဲ ထူးဆန်းနေသည်။
"ငါနဲ့တူတယ်မလား""အင်း တစ်ပုံတည်းပဲ လူလဲထားရင်တောင် သိမှာမဟုတ်ဘူး"
မမြင်ဖူးတဲ့ လူတစ်ယောက်လို သူ့ကိုကြည့်နိုင်တာကို ကာရန် အံ့သြနေမိသည်။
"အလင်္ကာ့သူငယ်ချင်းနော် ကာရန်ဟုတ်တယ်မလား အလင်္ကာ့ဆီက ခဏခဏကြားရပါတယ်"
သံစဥ့်ကို အကဲခတ်နေရင်းကနေ အလင်္ကာခဏခဏ သူ့အကြောင်းပြောတယ်ဆိုတာ ကြားရတော့ ပျော်သွားမိသေးသည်။
"သံစဉ် အသံကဘာဖြစ်နေတာလဲ မျက်လုံးတွေလည်းရဲနေတယ် ငိုထားတာလား"
အလင်္ကာက သူ့ကို ဖုတ်လေသည့်ငါးပိ ရှိတယ်တောင် အောက်မေ့ပုံမရ။ သူ့ရှေ့မှာတင် ထုတ်မေးသည်။
"မဟုတ်ပါဘူး စောနက အန်တီမေချက်ထားတဲ့ ငရုတ်သီးကြော်တွေစားပြီး သီးသွားလို့"
လိမ်နေတာ. . .။ ကာရန်စူးစူးစိုက်စိုက်ကြည့်နေတာ သိသလို သံစဉ်မျက်လုံးတစ်ချက်ဝေ့ကြည့်သည်။
"ဘာလို့လဲ မသိဘူး ကာရန်နဲ့ရင်းနှီးသလို ခံစားရတယ် အလင်္ကာခေါ်သလို ရန် လို့ပဲ ခေါ်လို့ရမလား""ရပါတယ် အလင်္ကာ့ညီပဲဟာ ငါနဲ့လည်း သူငယ်ချင်းတွေပဲပေါ့ ဒါနဲ့ ဘယ်လိုလုပ်ရမလဲ မင်းတို့နှစ်ယောက်က အမြွှာတွေဆိုတော့ တစ်ရက်တည်းမွေးတာပေါ့နော် အလင်္ကာ့အတွက်ပဲ မွေးနေ့လက်ဆောင်ပါတယ်"
"ဟာ ရပါတယ် မလိုပါဘူး"
"အဲဒီကောင် ဂေါက်သီး အိပ်ရာခင်းတဲ့ မွေးနေ့လက်ဆောင်က. . ."
အလင်္ကာက ရယ်ရင်းဝင်ပြောသည်။
![](https://img.wattpad.com/cover/144206438-288-k476048.jpg)
VOCÊ ESTÁ LENDO
Be A Melody ( already completed but never complete ) Zawgyi + Unicode