part-13

5.9K 688 88
                                    

ချန်း​ယောလ်​ဖွင့်​​ပြောတဲ့​နေ့ကစပြီး ဆယ်​ဟွန်း
တစ်​​ယောက်​ သူကိုစကားမ​ပြော

စားစရာသွားပို့လည်း အင်းအဲ သာ​ဖြေပြီး
ချန်း​ယောလ်​ကိုတစ်​ချက်​မကြည့်​..

စိတ်​ဆိုး​နေတာလားမသိဘူး

ခုလည်း ​နေ့လယ်​စာအတွက်​ ချန်း​ယောလ်​သွားပို့ရင်း ​ပြောစရာရှိသည်

မ​နေ့ညက သခင်​​လေးအိပ်​ချိန်​ နတ်​ဆရာမကြီးလာသွားတယ်​ လပြည့်​​နေ့ပြန်​ဖို့အ​ကြောင်း​ပြောသွားတာ

လပြည့်​ညက တွက်​လိုက်​ရင်​ သိပ်​မလို​တော့

"သခင်​​လေး ကျ​တော်​ဝင်​ခဲ့မယ်​​နော်​"

ချန်း​ယောလ်​ဝင်​သွား​တော့ ဆယ်​ဟွန်းက ပန်းချီဆွဲ​​နေရာမှ အလန့်​တကြားအကုန်​​ကောက်​သိမ်း​နေသည်​..

"​နေ့လယ်​စာပါ ​ရွှေဖရုံသီးဆန်​ပြုတ်​"

"ထားသွားလိုက်​"

"သခင်​​လေး ​...

ချန်း​ယောလ်​​ခေါ်သံ​ကြောင့်​ ဆယ်​ဟွန်း​မော့ကြည့်​လာတယ်

"လပြည့်​ည​ရောက်​ဖို့မလို​တော့ဘူး နတ်​ဆရာမကြီးလာသတိ​ပေးသွားတယ်​."

ဆယ်​ဟွန်း မျက်​နှာ​လေး ညှိုးကျသွားတာ ချန်း​ယောလ်​သတိမထားမိခင်​ ပြင်​ကာ

"အမ်​??အင်း​ကောင်းတာ​ပေါ့ ငါလည်းနန်းတွင်းပြန်​ချင်​​နေပြီ ဒီမှာအ​နေကြပ်​တယ်​"

ကောင်းတာ​ပေါ့တဲ့လား ဟွန်းရယ်

"ဟုတ်​ကဲ့"

"ဒါပဲမလား သွား​တော့​လေ"

"ဟို​နေ့က ​ပြောခဲ့တဲ့စကားက ကျ​တော်​အခွင့်​​ရေးလိုချင်​လို့​ ​ပေါ့ပျက်​ပျက်​ ​ပြောတဲ့စကားမဟုတ်​ဘူး​နော်​..."

ဆယ်​ဟွန်း ထို​နေ့က အ​ကြောင်းပြန်​ကြားရင်
မျက်​နှာ​လေးပန်း​ရောင်​ထလာတယ်​..

".................."

"သခင်​​လေး~~~

"ငါလူလိမ်​တစ်​​ယောက်​ကိုမချစ်​ဘူး"

မောင့်​မိဖုရား.....Where stories live. Discover now