part-17

4.4K 632 51
                                    

လပြည့်​ည အချိန်​ည၈နာရီ​လောက်​ ဆယ်​ဟွန်းနဲ့ဂျွန်​​မြောင်​မယ်​မယ်​ အ​ဆောင်​​တော်​မှ ခိုးထွက်​ကာ အကျဉ်း​ထောင်​ဘက်​တိတ်​တိတ်​​လေးထွက်​လာခဲ့သည်​.....

ဆယ်​ဟွန်း မယ်​မယ်​​နောက်​လိုက်​လာရင်း တိတ်​ဆိတ်​စွာငို​နေမိ..

ခဏ​နေ ​ယောလ်​​လေးနဲ့သူခွဲရ​တော့မယ်

မယ်​မယ်​ကနတ်​ဆရာမကြီးကို အရင်​ခိုးထုတ်​ကာကြိုတင်​စီစဉ်​ထားခိုင်းခဲ့သည်​...

အကျဉ်းခန်း​ရောက်​​တော့ ဆယ်​ဟွန်းဝင်​ဖို့တွန့်.့​ဆုတ်​​နေမိ ....

"သား​တော်​ လာ​လေ"

ဆယ်​ဟွန်း ​ခေါင်းငြိမ့်​ကာ အသက်​ကိုဝဝရှုပြီးဝင်​လာခဲ့​တော့...

"​ယောလ်​~~"

ကြမ်းပြင်​​ပေါ် ​မှောက်​ရက်​အိပ်​​ပျော်​​နေတဲ့
အရမ်းချစ်​​သောသူ....

အဖြူ ​ရောင်​အင်္ကျီ​ပေါ်က ​သွေးကွက်​​တွေ​ကြောင့်
ဆယ်​ဟွန်းရင်​ဘတ်​ဆုပ်​ကိုင်​လိုက်​မိတယ်​..

လုပ်​ရက်​လိုက်​ကြတာ....

"သွား​လေ ​တွေ့ချင်​တယ်​ဆို"

အ​စောင့်​ဖွင့်​​ပေးတဲ့ အကျဉ်းခန်းထဲ ဆယ်​ဟွန်းငိုရင်း ဝင်​လာမိတယ်​..

သူ့အနားငုတ်​တုတ်​ထိုင်​ကာ ခဏတာမျက်​​တောင်​မခတ်​ကြည့်​​နေမိ

ဝဝကြည့်​ပါရ​စေ ခ​ဏ​နေခွဲရ​တော့မယ်​...

"​ယောလ်​~~~

".............."

"​ယောလ်​~~"

ခန္ဓာကိုယ်​ကိုလှုပ်​နိုးလိုက်​မှ ဖြူ ​ဖျော့​ဖျော့မျက်​နှာ​လေးက နိုးလာခဲ့သည်​..

"ဟွန်း!!"

ဆယ်​ဟွန်းကိုလည်း​တွေ့​ရော သူ့အနာ​တွေ​တောင်​ဂရုမစိုက်​ပဲ ရင်​ခွင်​ထဲတိုးဝင်​ကာဖက်​လာ​သည်​...

"ဟွန်းရယ်​ မ​တွေ့ရ​တော့ဘူးထင်​​နေခဲ့တာ"

ဂျွန်​​မြောင်​မယ်​မယ်​ သူတို့ကိုမကြည့်​ရက်​လို့
အပြင်​ထွက်​သွားတယ်​...

မောင့်​မိဖုရား.....Where stories live. Discover now