part-19

4.4K 718 70
                                    

"ဆရာ ဒီ​ကောင်​​လေးက ကျပ်​မပြည့်​ဘူး
ထင်​တာပဲ"

ရဲမှူးကြီး ​ရှေးလူ​တွေဝတ်​တဲ့ ပုံစံမျိုးဝတ်​ကာ
ပေမဲ​နေတဲ့​ကောင်​​လေးကိုတစ်​ချက်​ကြည့်​ပြီး

" ​ဟေ့!!မင်းနာမည်​ဘယ်​သူလဲ?"

ဆယ်​ဟွန်း သူ့​ရှေ့မှ အင်္ကျီဆင်​တူနဲ့လူ​တွေ
ကိုမျက်​​မှောင်​ကျူံကြည့်​လိုက်​ကာ...

"ကိုယ်​​တော်​လို ဂျိုဆွန်းမင်းကြီးကို
မောင်​မင်းက ကျပ်​မပြည့်​ဘူး​ပြောသလား??"

"​မေး​နေတာ ​ဖြေစမ်း!!​ကောင်​​လေး"

ဒုန်း 💥ဆယ်​ဟွန်း စားပွဲကို လက်​နဲ့
အားကုန်​ရိုက်​ပြီး..

"​အော်​​ဟော့!!!ဘာ​ကောင်​​လေးလဲ"
ဂျိုဆွန်းမင်းကြီး ဆယ်​ဟွန်း.ဆယ်​ဟွန်း!!"

ရဲမှူးကြီးကစိတ်​ပျက်​စွာ သက်​ပြင်းချပြီး..

"သူ့မိသားစုကိုစုံစမ်းပြီးပြီလား??"

"ဟုတ်​ ဘယ်​မှာမှစုံစမ်းမရပါဘူး
စိတ်​ကျန်းမာ​ရေး​ဆေးရုံ​တွေ ​ထောင်​​တွေပါ
စုံစမ်းပြီးပါပြီ"

"သူကိုဘယ်​​နေရာက​နေ ​တွေ့တာလဲ??"

"အ​နောက်​ဖက်​​ချောင်းနားကပါ အာ့နား​က
ဈေးသယ်​​တွေက တိုင်​လို့သွားဖမ်းထားတာ
စားပြီး ပိုက်​ဆံမ​ပေးလို့တဲ့"

"ဟုတ်​ပြီ ဂျိုဆွန်းမင်းကြီး ဘယ်​က​နေ
ဒီကို​ရောက်​လာပါသလဲ??"

ရဲမှူး​ချော့​မော့​မေးလိုက်​တယ်​...

"​မောင်​မင်း​တွေ့တဲ့ ​ချောင်းထဲက​နေ ငါကိုယ်​​တော်​တက်​လာတာ ဘယ်​လိုရောက်​လာလဲ​တော့မသိဘူး နတ်​ဆရာမကြီးက မျက်​စိမှိတ်​ထားဆိုလို့ မှိတ်​တာ ဖွင့်​​တော့ ​ရေ​ချောင်းကြီးထဲ​ရောက်​​နေတာ ကိုယ်​​တော်​ဂျိုဆွန်းကလာခဲ့တာ"

"ကျစ်​!!!ကြည့်​ရတာ သူ​ဌေးသား​လေး​နေမယ်
တော်​​တော်​​ချောင်​​နေလို့ အိမ်​ကသိမ်းထားရင်း
က​နေထွက်​​ပြေးလာတဲ့ပုံပဲ"

ရဲမှူးကြီးက ​ကောက်​ချက်​ချလိုက်​သည်​...

"ကိုယ်​​တော်​ထွက်​​ပြေးလာတာမဟုတ်​ဘူး
ဒီဘက်​​ခေတ်​ကို ကိုယ်​​​တော်​ အ​ကြောင်းရှိလို့လာခဲ့တာ..."

မောင့်​မိဖုရား.....Where stories live. Discover now