Prologue

7.9K 437 12
                                    

  
ခန္ဓာအသစ်ကိုဝိညာဉ်ကူးပြောင်းမှီတွယ်ခြင်း:
အခြေခံအကျဆုံးသီအိုရီမှာ အတိတ်ကပြုခဲ့တဲ့အပြုအမူနဲ့ စိတ်ရဲ့စေစားမှုအရ ဝိညာဉ်တစ်ခုဟာ သေဆုံးခြင်းကနေ သူတည်ရှိနေတဲ့ခန္ဓာမှ  တခြားခန္ဓာတစ်ခုကို ကူးပြောင်းသွားခြင်းဖြစ်တယ်။

လူဝင်စားခြင်း (ဟိန္ဒူ )
ခန္ဓာရဲ့စိတ်စွမ်းအင် (တနည်း ဝိညာဉ်) သည် ခန္ဓာနှင့်အတူမသေဆုံးဘဲ အချိန်ကာလတစ်ခုအထိ လေထုထဲ(ကြားကမ္ဘာ) ၌ ဆက်လက်ရှင်သန်ကြသည်။
ထိုကာလအတွင်း ဝိညာဉ်သည် ခန္ဓာဝင်စားခြင်းအားလေ့လာသည်။
အသက်ရှင်ကျန်ရှိသော ဝိညာဉ်များအပေါ်တင်ရှိသော ကံအကြွေးကိုလည်းပြန်လည်ဆပ်ရသည်။

ပြန်လည်မွေးဖွားခြင်း ( ဗုဒ္ဓဘာသာ)
ဦးတည်ရာပြန်လည်လာမှု။ ပြန်လည်တည်ရှိမှု။
တည်ရှိမှုဖြစ်စဉ် စဉ်ဆက်မပြတ်ဖြစ်ပွားခြင်းကို ပြန်လည်မွေးဖွားခြင်းဟုဆိုသည်။
ယခုပြုမူလိုက်သောလုပ်ဆောင်ချက်များသည် လက်ရှိနှင့်အနာဂတ်အပေါ် အကျိုးသက်ရောက်သည်။
…........................................

   ငါတို့မရနိုင်​တဲ့အရာ​တွေ... အထူးသဖြင့်​ မရနိုင်​မှန်းသိတဲ့ 'အချစ်​' ဆိုတဲ့ အရာအတွက်​ လူ​တွေ ဘာလို့ စွန့်​စားကြလဲ ငါဘယ်​တုန်းကမှ နားမလည်​ခဲ့ဘူး။ 'အချစ်​' ဆိုတဲ့အရာကို ကိုယ်​နဲ့အတူ မ​ဝေမျှချင်​တဲ့ လူအတွက်​ လူ​တွေ ဘာလို့ ခိုက်​ရန်​ဖြစ်​ကြတာလဲ? အရူး​တွေ!  လူတစ်​​ယောက်​တည်းအ​ပေါ်ကိုပဲ 'သစ္စာ' ရှိတယ်​ဆိုပြီး ကိုယ်​ဘဝကို ဘာလို့ စတေးခံဖို့ဆန္ဒရှိကြတာလဲ? မိုက်​မဲတယ်​!
မင်းရဲ့ဖြစ်​တည်​မှုကို​တောင်​'ဂရုမစိုက်​' တဲ့ လူတစ်​​ယောက်​အတွက်​နဲ့ ဘာလို့ ကိုယ့်​ကိုကိုယ်​ နာကျင်​​အောင်​ နှိပ်​စက်​ကြတာလဲ? လဒူ​တွေ - (လ ဒ နှစ်​​ချောင်းငင်​ ဒူ..လဒူ)

   "တစ်​ခါမှ မချစ်​ဖူးတဲ့ လူတစ်​​ယောက်​ အနေနဲ့​တော့ မင်းအရမ်း​ဝေဖန်​တတ်​တာပဲ"

" ဘာကြီး.. ? "
ငါအိပ်​ရာ​ပေါ်က​နေမတ်​တပ်​ထရပ်​လိုက်​ပြီး ငါ့အခန်းထဲကထူးဆန်းတဲ့အသံ လာရာကို ရှာ​ဖွေ​နေခဲ့တယ်​။
" ဘယ်​သူလဲ.. ?"

  " ငါ့ကိုရှာမ​နေနဲ့..
မင်းငါ့ကို ​တွေ့မှာမဟုတ်​ဘူး.. "

အချစ်​ဂိမ်း (Myanmar Translation) Where stories live. Discover now