01.11 လင်းဟန်

3.4K 530 65
                                    


နောက်​တစ်​​နေ့မနက်​ ​မေ​ရှောင်းအိပ်​ရာကနိုးလာ​တော့ သူမရဲ့ အ​စေခံ​လေး​တွေ​ရောက်​လာကြပြီး လင်းဟန်​ဟာ သူမနဲ့ မြို့စားကြီးတို့အတွက်​ လှည်း​လေးစီးတိုက်​စာ လက်​​ဆောင်​ပစ္စည်း​တွေပို့လိုက်​တဲ့အ​ကြောင်း သူမကို အသိ​ပေးလာခဲ့တယ်​။ အ​စေခံ​လေး​တွေက​တော့ သူမတို့သခင်​မ​လေးရဲ့ သတို့သားဟာ သူမတို့သခင်​မ​လေးကို တစ်​မူထူးခြားစွာ ချစ်​ခင်​မြတ်​နိုးတာ​ကြောင့်​ ​ပျော်​ရွှင်​​နေခဲ့ကြပြီး သူမတို့သခင်​မ​လေး လက်​များထပ်​ပြီးရင်​ ဘယ်​​လောက်​​တောင်​များ အချစ်​ခံလိုက်​ရမလဲဆိုပြီး စိတ်​ကူး​တွေယဉ်​​နေခဲ့ကြတယ်​။ ထိုတစ်​ခန​လေးအတွင်းမှာ ​မေ​ရှောင်းက​တော့ လင်းဟန်​ သူမအ​ပေါ် ဒီလိုဂရုစိုက်​တာကို စိတ်​လှုပ်​ရှားခြင်းမရှိခဲ့​ပေ။ လွန်​ခဲ့တဲ့ ​လေးနှစ်​လုံးလုံး ဒီအမျိုးသားဟာ သူမကို စိတ်​ဝင်​စား​​နေကြောင်း​ပြသဖို့ အ​တော်​​လေးကြိုးပမ်း​ခဲ့ဖူးတယ်​။ ​မေ​ရှောင်း​ကလည်း တုံးအ​နေတာမဟုတ်​တာ​ကြောင့်​ ဒီအမျိုးသား သူမကို ​မေတ္တာသက်​ဝင်​​နေမှန်း သူမသိခဲ့တယ်​။ ပြသာနာရဲ့အရင်းမြစ်​က​တော့ ​ကျောက်​​မေ​ရှောင်းကိုယ်​ထဲမှာ ရှိ​နေတဲ့ သူမဝိဥာဉ်​ပါပဲ။ လက်​​တွေ့ကျကျပဲ အမျိုးသမီးငယ်​​လေးဟာ သူမရဲ့ ဦး​နှောက်​ကို နှလုံးသားထပ်​ပိုပြီး ​ရှေ့တန်းတင်​ခဲ့တယ်​။ ထပ်​​လောင်း​ပြောရရင်​ သူမမှာ အဆိုးမြင်​ဝါဒ​လေးအနည်းငယ်​ရှိ​နေ​သေးတယ်​ အဲ့တာ​လေးက​တော့ သူမဟာ အခြားသူရဲ့ ရည်​ရွယ်​ချက်​​တွေကို လွယ်​လင့်​တကူ ယုံစားလိုက်​တဲ့ မိန်းမမျိုးမဟုတ်​ဘူးဆိုတာပါပဲ။ လင်းဟန်​ဟာ ​ယောက်ျား​ကောင်း ကြင်​အင်​လက္ခဏာနဲ့ ပြည့်​စုံတဲ့ ​ယောက်ျား​ကောင်းဆို​ပေမဲ့ ​မေ​ရှောင်းက​တော့ သူ့ကို အပြည့်​အဝ မယုံကြည်​နိုင်​​သေး​ပေ။ ပိုပြီး တိတိကျကျ​ပြောရရင်​​တော့ မိန်းမတစ်​​ယောက်​ဟာ ​ယောက်ျားတစ်​​ယောက်​ရဲ့ အမြဲတမ်း အစိုးမရ ​ပြောင်းလဲ​နေတတ်​တဲ့ စိတ်​အ​ခြေအ​နေကို မျက်​စိစုံမှိတ်​ပြီး မယုံကြည်​လိုက်​သင့်​​ပေ။

သင့်​​တော်​တဲ့ဝတ်​စုံရှည်​​လေးဆင်​ယင်​ပြီး​နောက်​မှာ ​မေ​ရှောင်းဟာ သူမဖခင်​နှင့်​အတူ မနက်​စာ စား​သောက်​ကြပြီး လင်းအိမ်​​တော်​ဆီ ထွက်​လာခဲ့ကြတယ်​။ လင်းအကြီးအကဲ​တွေဟာ လက်​ထပ်​ပွဲအထ​မြောက်​ဖို့ အာရုံစိုက်​​စေချင်​ကြတဲ့အခါ သူတို့သားဖနှစ်​​ယောက်​ အံ့သြခြင်း မရှိခဲ့​ချေ။ အ​ကြောင်းမှာ ​မေ​ရှောင်း​ဟာ အသက်​ဆယ်​ရှစ်​နှစ်​ပြည့်​မှီပြီးတဲ့ မိန်းမလှ​လေးဖြစ်​​နေပြီး လင်းဟန်​ဟာလည်း လက်​ထပ်​ဖို့ သင့်​​လျော်​တဲ့ အသက်​နှစ်​ဆယ်​အရွယ်​ကို​ရောက်​နှင့်​​နေပြီဖြစ်​လို့ပါပဲ။ လင်းဟန်​ဟာ လင်းမိသားစုရဲ့ တစ်​ဦးတည်း​သော သားဖြစ်​ပြီး အမတ်​ချုပ်​ကြီးရဲ့ အရိုက်​အရာကိုဆက်​ခံသူဖြစ်​​နေတာ​ကြောင့်​ လင်းမိသားစုဟာ မင်္ဂလာပွဲကို တတ်​နိုင်​သ​လောက်​ အမြန်​စီစဉ်​​ချင်​နေကြတယ်​။ မြို့စားကြီးအတွက်​က​တော့ သူ့သမီး​လေးရဲ့ မှန်​ကန်​တဲ့ဖူးစာဖက်​ကို ရှာ​ပေးနိုင်​ခဲ့တယ်​ဆို​ပေမဲ့ သူ့သမီး​လေးနဲ့ ဒီလိုမျိုး​စော​စောခွဲခွာရမှာကို​တော့ တွန့်​ဆုတ်​​နေမိတယ်​။

အချစ်​ဂိမ်း (Myanmar Translation) Where stories live. Discover now