01.12 လင်းဟန်

5.9K 617 113
                                    

နောက်​ရက်​များ​တော့ လင်းဟန်​ဟာ ​ကျောက်​​မေ​ရှောင်း, ​ကျောက်​အိမ်​​တော်​ဆီ ပြန်​ရတာလွယ်​ကူ​စေဖို့အတွက်​ လင်း​မိသားစု၏ ကိုယ်​ပိုင်မြင်းလှည်းဖြင့်​ မကြာခဏဆိုသလို ပြန်​ပို့​ပေး​လေ့ရှိ​တယ်​။ လူ​တွေဟာ လင်းမိသားစု၏ကိုယ်​ပိုင်​တံဆိပ်​ခတ်​နှိပ်​ထားတဲ့လှည်းအတွင်း မိန်းမလှ​လေးဝင်​သွားတာ ​တွေ့ရ​တော့ ဒီအမျိုးသမီး​လေဟာ လင်းဟန်​အတွက်​ အလွန်​အ​ရေးပါသူမှန်း နားလည်​ခဲ့ကြတယ်​။ ​မေ​ရှောင်းဟာ သူမအိမ်​တော်​​ကိုပြန်​ဖို့အတွက်​ လင်းအိမ်​​တော်​ထဲက​နေထွက်​လာပြီး လှည်း​လေးဆီ​လျှောက်​လာတဲ့အချိန်​တိုင်း လင်းဟန်​ဟာ လှည်း​အနီးသို့ အမြဲအတူတူလိုက်​လာကာ လိုက်​ပို့တတ်​တဲ့အတွက်​ သူ ​ကျောက်​​မေ​ရှောင်းကို မည်​မျှ မြတ်​နိုး​ကြောင်း လူတိုင်း ရိပ်​စားမိ​နေကြလေပြီ။ သူ့မျက်​ဝန်း​တွေထဲက နူးညံ့မှု​တွေကိုကြည့်​ခြင်းဖြင့်​ ဒီမိန်းမလှ​လေးကို သူမည်မျှ မြတ်​နိုး​ကြောင်း သိသာ​ပေါ်လွင်​​နေ​လေသည်​။ လင်းဟန်​ဟာ ​မေ​ရှောင်း လှည်း​လေးအတွင်း ဝင်​မသွားခင်​ ခနတစ်​ဖြုတ်​ အမြတ်​တနိုးစိုက်​ကြည့်​​နေတတ်​ခြင်းဖြင့်​ ဒီအမျိုးသမီး​လေးဟာ သူ့ရဲ့ သတို့သမီး​လောင်း​လေးမှန်း လူတိုင်းကို သိ​စေချင်​​နေပုံပင်​။ အိ​နြေ္ဒကြီးပြီး ကျက်​သ​ရေရှိလှတဲ့ သူမရဲ့အပြုအမူ​တွေထဲ မည်​သူမှ ပြစ်​ချက်​ရှာမ​တွေ့နိုင်​ခဲ့။ လူ​တွေ သူမအ​ကြောင်းစုံစမ်းကြည့်​ကြတဲ့အခါ သူမဟာ ​ကျောက်​အိမ်​​တော်​ထဲက​နေ အပြင်​မထွက်​တာ​ကြောင့်​ လွန်​ခဲ့​သောနှစ်​​တွေကအထိ သူမအ​ကြောင်း ​ရေ​ရေရာရာ သိသူသိပ်​မရှိခဲ့​ပေ။ သူမတို့သခင်​မ​လေးမှာ ကျက်​သ​ရေရှိ​သော အိ​နြေ္ဒရှင်​ဖြစ်​​ကြောင်း ​ကျောက်​အိမ်​​တော်​အ​စေခံ​​လေးတွေ ​ပြောသမျှသာ သိခွင့်​ရကြသည်​။ မည်​သူမှ ဆိုးသွမ်း​သော ​ကျောက်​​မေ​ရှောင်းကို မမှတ်​မိကြ​တော့​ပေ။

" ရပ်​လိုက်​! "

ကျောက်​​မေ​ရှောင်း လှည်းထဲမှာရှိ​နေတုန်း မြင်း​တွေရုတ်​တရက်​မြည်​ဟီးပြီး ရပ်​တန့်​သွားတာ​ကြောင့်​ သူမ ပြုတ်​ကျလုနီးနီးဖြစ်​သွားခဲ့ရတယ်​။ ထိုအချိန်​ လှည်းအပြင်​ဘက်​က​နေ ဆူညံသံ​တွေစတင်​ကြားလိုက်​ရတယ်​။ အပြင်​ဘက်​က အ​စောင့်​တပ်​သား​တွေနဲ့ အ​စေခံ​လေး​တွေ ဒီပြသာနာကိုင်​တွယ်​​နေတာကို ​မေ​ရှောင်း​အသာ​စောင့်​​နေလိုက်​တယ်​။

You've reached the end of published parts.

⏰ Last updated: Oct 25, 2018 ⏰

Add this story to your Library to get notified about new parts!

အချစ်​ဂိမ်း (Myanmar Translation) Where stories live. Discover now