01.6 လင်းဟန်

3.4K 541 85
                                    

နှစ်​​တွေအလီလီ​ပြောင်းလဲလာတာနှင့်​အညီ ​ကျောက်​​မေ​ရှောင်းဟာလည်း ဒုတိယဇာတ်​လိုက်​အမျိုးသားရဲ့ အလိုဆန္ဒ​တွေ တပ်​မက်​မှု​တွေကို ​သေချာ ဂရုတစိုက်​ မျိုး​စေ့ချ ပျိုး​ထောင်​လာခဲ့တယ်​။ သူတို့​ဝေး​နေကြစဉ်​အ​တောအတွင်း သူမဟာ လင်းဟန်​ မရိုးမရွဖြစ်​​စေဖို့ ကဗျာတိုအပိုင်းအစ​လေး​တွေ​ပေးပို့တတ်​ပြီး သူမ မဆွဲတတ်​ဆွဲတတ်​နဲ့ ဆွဲထားတဲ့ ပုံ​လေး​တွေကို​တော့ လင်းဟန်​ ရယ်​​မောရ​စေဖို့ ​ပေးပို့တတ်​တယ်​။ ကို​လောရှည်​ဟာ သူမစာကို ဘယ်​လိုတုန့်​ပြန်​လိမ့်​မလဲ သူမ မသိခဲ့​ပေမဲ့ ချိုးငှက်​​လေးဟာ ပြန်​စာနဲ့အတူ ပြန်​​ရောက်​လာချိန်​မှာ​တော့ သူမ​ ပေးပို့တာ​တွေ သူကြိုက်​နှစ်​သက်​တယ်​လို့ သူမ ယူဆလိုက်​တယ်​။ အချိန်တွေကုန်​လွန်​လာတာနှင့်​အမျှ သူတို့နှစ်​​ယောက်​ရဲ့ စာ​တွေဟာ ပိုပြီးထူးဆန်းတဲ့ ကာရံမဲ့ကဗျာ​လေး​တွေအသွင်​​ပြောင်း​သွားတာတို့လို ဒါမှမဟုတ်​ သူတို့နှစ်​​ယောက်​သာနားလည်​တဲ့ ကို့ရို့ကားယားနိုင်​လှတဲ့ ပုံ​လေး​တွေ ​ရေးခြစ်​ကြတာတို့လို ငယ်​ရွယ်​သူနှစ်​ဦးကြားမှာ ကိုယ်​ပိုင်​ဘာသာစကား​လေး​တွေ ထွန်းကားလာ​လေသည်​။

" သခင်​မ​လေး.. လှည်းအဆင်​သင့်​ဖြစ်​​နေပါပြီ။ သခင်​ကြီး အပြင်​မှာ​စောင့်​​နေပါတယ်​ "

အသက်​ဆယ့်​ရှစ်​နှစ်​အရွယ်​ရှိပြီဖြစ်​တဲ့​မေ​ရှောင်းဟာ မူး​မေ့​စေနိုင်​​လောက်​တဲ့ အလှအပမျိုးနဲ့ အမျိုးသမီးငယ်​​လေးအဖြစ်​ ဖူးပွင့်​လာ​လေသည်​။ ပိုးသား​လေးလိုနူးညံ့တဲ့ မဟူရာ​ရောင်​ဆံနွယ်​​လေး​တွေကို ရိုးရိုး​လေးသာကျစ်​ထားပြီး ​ကျော​နောက်​မှာချထားတယ်​။ ​ကြွေထည်​လို​ချောမွတ်​​နေ​သော အသားအရည်​, ပန်းနု​ရောင်​နှုတ်​ခမ်းပါး, ရတနာတစ်​ပါးလို ညှို့အားပြင်းလွန်းတဲ့ မျက်​လုံးဝိုင်းဝိုင်း​လေးတစ်​စုံနဲ့ ​မေ​ရှောင်းဟာ ​ကျောက်​မိသားစုပိုင်​ဆိုင်​တဲ့ ဇီးပင်​ဥယျာဉ်​ထဲမှာ မတ်​တပ်​ရပ်​ပြီး စာပို့ချိုးငှက်​ငယ်​​လေး သူမစာကို သယ်​​ဆောင်​သွားတာ ​ငေး​မော​နေ​လေသည်​။ သူမရဲ့နူးညံ့မှုနဲ့ တည်​ငြိမ်​​နေတဲ့ အလှတရားကို လွန်​ဆန်​နိုင်​တဲ့သူမရှိခဲ့..။ သူမ တိတ်​ဆိတ်​စွာလှမ်း​လျှောက်​လာစဉ်​ အကြည့်​လွှဲနိုင်​တဲ့သူလည်း တစ်​​ယောက်​မှမရှိခဲ့​ပေ။ အချိန်​​လေးနှစ်​တာ ကုန်​ဆုံးခဲ့ပြီးတာနှင့်​အညီ ​မေ​ရှောင်းဟာလည်း ​ပြောင်းလဲခဲ့ပြီ။ သူမအရင်​က ဘယ်​လိုပြုမူခဲ့တယ်​ဆိုတာ​တောင်​ မည်​သူမှ မမှတ်​မိ​တော့​ပေ။ သူမနဲ့ပတ်​သတ်​တဲ့ ပျက်​စီး​နေတယ်​ အကျင့်​ပျက်​တယ်​ စသည့်​ ​ကောလဟာလ​တွေ ​မေ့​လျော့သွားကြတဲ့အချိန်​ထိ ​မေ​ရှောင်းဟာ ​ကျောက်​အိမ်​​တော်​မှာပဲ တိတ်​ဆိတ်​စွာ​နေထိုင်​ခဲ့တယ်​။ ​မေ​ရှောင်းဟာ သူမရဲ့ အမူအကျင့်​​တွေကို တိုးတက်​​အောင်​ အချိန်​​ပေး ကြိုးစားခဲ့ပြီး ​ကျောက်​မိသားစုက အ​စေခံ​တွေကိုလည်း သူမရဲ့ ဂုဏ်​သတင်းအသစ်​ ပျံ့နှံ့​စေရန်​ အသုံးချခဲ့တယ်​။ ​ကျောက်​​မေ​ရှောင်းဟာ ယခုဆိုရင်​ မြို့စားကြီးရဲ့ အချစ်​ဆုံး သမီးအလိမ်​မာ​လေးအဖြစ်​ ထင်​ရှား​နေ​လေသည်​။

အချစ်​ဂိမ်း (Myanmar Translation) Where stories live. Discover now