Part~2💔Z+U

4.9K 383 24
                                    

(Unicode)

" မောင်..."

BaekHyun တစ်​ယောက် Yuki ဆိုသော သူ့ချစ်သူကောင်မလေး၏ ခေါ်သံငယ်လေးကြားမှ သူအသိဝင်လာသည် ။

" ဟင်.."

" yuki ခေါ်နေတာကြာပြီ ဘာတွေ စဉ်းစားနေတာလဲ.."

" ဟို..မောင်..Design အကြောင်းစဉ်းစားနေလို့ပါ "

ဟိုတစ်ပါတ်ကပျက်ကွက်သွားသော Dateအစား ဒီအပါတ်ရုံးပိတ်ရက်၌ သူမအား အချိန်ပေးရသည်လေ

နေ့လည်စာ စားရန် နာမည်ကြီး " Lotto " Restaurant တစ်ခုသို့ရောက်နေလေသည်

သူမအကြိုက် ဂျပန်အစားအစာ တွေရရှိနိုင်သည့်ဆိုင်မို့ " Lotto "ဆိုင်ခွဲတွေမှ အစားအစာတွေကိုသူမအရမ်းသဘောကျသည်

" ကိုကိုရှိလား.."

ဆိုင်ထဲရောက်ကတည်းက အသံလေးစာစာနဲ့ကောင်မလေးအသံက လူအနည်းငယ်ရှင်းသည့် ဆိုင်အတွင်း၌ အားလုံးကြားနိုင်သည့်အနေအထားသို့ကျယ်လောင်နေသည်

သူမက ထိုမိန်းကလေးအား လှည့်ကြည့်သည်

" Hey..Ywel Hwa. Ywel Hwa မလား.."

Yuki က ထိုမိန်းကလေးအား ထကာ နှုတ်ဆက်တော့ ကျွန်တော်ပါယောင်ယမ်း ကြည့်မိသည်

ထိုမိန်းကလေးကလည်းသူမကိုမြင်တော့ အံ့သြဟန်ဖြင့် ပြုံးကာ ကျွန်တော်တို့ဝိုင်းဆီလျှောက်လာ၏

" ဟယ် Yuki လှလာလိုက်တာ မတွေ့ရတာတောင် ကြာနေပြီ ဘာတွေလုပ်နေလဲ "

" ငါက uni မှာ english အထူးပြုနဲ့ sam ပြန်လုပ်နေတာ နင်ရော ဘာတွေလုပ်နေလဲ "

" ငါကတော့ အဖေ့ကုမ္ပဏီမှာပဲဝင်လုပ်ဖြစ်တယ် "

"အော် ဒါက ငါ့ချစ်သူ Byun Baek Hyunတဲ့ မကြာခင်စေ့စပ်တော့မှာ "

"wow concon  Nice to meet you Baek Hyun shi "

"Nae Nice to meet you too,Ywel Hwa shi "

" Yuki က တကယ့်လူချောကိုရွေးထားတာပဲ "

Ywel Hwa ဆိုသော သွက်လက်လှတဲ့ သူမက စကားပြောလည်းကောင်းပါ၏..။

" ဟား...Ywel Hwa shi ဘာစားမလဲပြော "

BaekHyun ရယ်ကာ ပြန်ပြောမိသည် ။

" ခ် နေ့လည်စာ လာစားတာလား ငါတို့နဲ့စားသွားပါလား "

💔 VILLAIN 💔Where stories live. Discover now