Part~12💔Z+U

2.7K 251 2
                                    

(Unicode)

အိမ်ပြန်ရောက်တော့ နေမကောင်းဘူးဟု ပြောသည့် ဖိုးဖိုးက ဒေါင်ဒေါင်မြည်ကာ အိမ်၌လည်းဆွေစုံမျိုးစုံရောက်နေသည့်အတွက် Baek အံ့သြသွားရသည်

Baekအား ဘာမှ မရှင်းပြပဲ တိုးတိုးကျိတ်ကျိတ် တစ်ခုခုကို စီစဉ်နေပုံရသည်ကို Baek အလိုမကျဖြစ်နေရသည့်ကြားထဲ YuKi ကအနားနားအမြဲရှိနေတာမို့ အချစ်အားလည်း Ph မဆက်နိုင်

နောက်ရက်တွေကျ YuKi မိဘတွေပါရောက်လာခဲ့ပြီး ကျွန်တော့်ကို အံ့သြစေချင်လို့ YuKi ဘက်မှတောင်းဆိုကာ စီစဉ်ခဲ့သည့် စေ့စပ်ပွဲဆိုတာ ကြားလိုက်ရတော့ စိတ်တွေအရမ်းရှုပ်သွားရပေမဲ့ ငြင်းခွင့်မရှိသည့်အခြေအနေကြောင့် သူ ဘာမှလုပ်ခွင့်မရပေ

ထိုကြားထဲ၌ YuKi အားလည်း စကားမပြောပဲ ရှောင်နေမိသလို အချစ်အားလည်း phမဆက်မိ

စိတ်နဲ့လူနဲ့ပင် သိပ်မကပ်ချင်ဖြစ်နေရသည်

ဒီချိန်ဆို အချစ် အထင်လွဲနေတော့မည်မှာ အသေအချာပင်..

" မောင်..."

ပြတင်းတံခါးဆီမှ ကောင်းကင်ကျယ်ကိုငေးရင်း အချစ်ကိုလွမ်းဆွတ်နေသော့ ကိုယ့်အားနောက်မှ ဖက်တွယ်လာသည့် သူမ၏ လက်တွေကို ခပ်ကြမ်းကြမ်းဖယ်ထုတ်မိတော့ သူမဆီမှ အံသြဟန် အသံထွက်လာသည်

" တစ်ယောက်တည်းနေချင်တယ် YuKi "

" YuKi ကိုစိတ်ဆိုးနေတာလား မောင်..ဒီစေ့စပ်ပွဲကို မောင့်ကိုအသိမပေးမိလို့..တောင်းပန်ပါတယ်မောင်ရယ်..YuKi ဒီလိုလုပ်ရတာမောင့်ကိုချစ်လွန်းလ်ို့ပါ.."

" ငါ့ကိုချစ်တယ်ဆို ငါပြောခဲ့တဲ့စကားတွေ အလေးထားသင့်တယ်မထင်ဘူးလား.."

မိဘတွေ၏ လုပ်ငန်းကိုဆက်ခံရမည့်အစားမိဘတွေနဲ့အတိုက်အခံလုပ်ကာ Designer သင်တန်းကျောင်းကိုတက်ခဲ့သည် ကျောင်းပြီးတော့လညး ကုမ္ပဏီ မှာပဲဝင်လုပ်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ခဲ့တဲ့မောင်က ကျွန်မတို့ရှေ့ရေးကိုပဲ မိဘတွေအကူအညီထက်သူ့အရည်အချင်းနဲ့သူ တည်ဆောက်မည် ဟုပြောခဲ့ဖူးသည်

မိဘတွေကို ဆန့်ကျင်ခဲ့ပြီးမှ သူ့ဘဝအနာဂတ်ကို မိဘတွေအကူအညီနဲ့တည်ဆောက်ရအောင် သူကအရည်အချင်းမရှိတဲ့ယောကျ်ားတစ်ယောက်မဟုတ်ဘူးဟု ပြောကာ သူမအားစောင့်ဆိုင်းစေခဲ့သည့်မောင်ကို အရင်က ကျွန်မလေးစားခဲ့ပေမဲ့ ခုချိန်မှာတော့ မယုံရဲဘူးမောင်

💔 VILLAIN 💔Where stories live. Discover now