Part~5💔Z+U

3.6K 300 21
                                    

(Unicode)

" Chan "

" ဟင်.."

" ကျွန်တော် ခင်ဗျားကို YuKi ထက်ပိုချစ်တယ်သိလား "

" ကိုယ်လည်းတူတူပါပဲ Ywel Hwa ထက်မင်းကို ပိုချစ်တယ်..."

" ယောကျာ်းလေးနှစ်ယောက်ရဲ့ ချစ်ခြင်းတစ်ခု...ပြီးတော့...တစ်ပါးသူတွေကို သစ္စာဖေက်ထားတဲ့ လူနှစ်ယောက်ရဲ့ချစ်ခြင်းတစ်ခုရဲ့ အနာဂတ် က လှပနိုင်ပါ့မလား Chan "

ကိုယ့်လက်မောင်းထက်မှေးစက်လို့ ကိုယ့်အကျၤီကြယ်သီးလေးတွေကို ဆော့ကစားနေသော သူ့လက်လေးတွေဖမ်းဆုပ်ကိုင်လိုက်ရင်း ကိုယ့်နှုတ်ခမ်းနားကပ်ကာ နမ်းလိုက်မိသည်

" မမြင်ရသေးတဲ့ အနာဂတ်ကို တွေးပူမနေနဲ့ ကိုယ့်အချစ် လက်ရှိမှာ တန်ဖိုးရှိတဲ့အချိန်လေးတွေကို ပူပန်စိတ်တွေနဲ့ ဖြတ်သန်းမလို့လား Baek ''

" ကျွန်တော် ခင်ဗျားနဲ့မဝေးချင်ဘူး..."

" ကိုယ်တို့ဒီတိုင်းပဲ ဆက်ချစ်သွားကြမယ်လေ မဝေးရပါဘူး...''

" လူသိခံလို့မရတဲ့ချစ်ခြင်းတွေနဲ့လား..Chan..."

''နောင်တရလို့လား Baek ကိုယ်တို့ကြားကချစ်ခြင်းကို..."

ကိုယ့်မေးခွန်းဆုံးတော့ အလန့်တကြားလေးမော့ကြည့်ရင်းဖြေလာတဲ့သူရယ်ပါ

" ဟင့်အင်း...အဲ့လိုပြောတာမဟုတ်ဘူး..ဒါပေမဲ့..ဒီလိုပဲရှေ့ဆက်သွားမယ်ဆို အရမ်းပင်ပန်းရမယ်ထင်လို့..."

" ကိုယ့်ကိုချစ်လား.."

" ချစ်တယ် ရူးမတတ်ပဲ..."

" ကိုယ်ရောပဲ မင်းကို ရူးမတတ်ချစ်တာ..အဲ့ဒါကြောင့်..ဒီပင်ပန်းမှုလေးတွေကို အားတင်းထားရအောင်နော်..."

" ချစ်တယ် Chan..."

" ကိုယ်ရောပဲ အချစ်ကို ချစ်တယ်..."

" ကျွန်တော်ရော အဲ့လိုခေါ်လို့ရမလား..''

" ဟင်...ဘာကိုလဲ.."

" Chan ကိုလေ အချစ် လို့ခေါ်ချင်တယ်..ကျွန်တော့်အတွက် အချစ်စစ်ဆိုတာကို Chanကြောင့် ခံစားမိလာရလို့ "

မျက်ဝန်းလဲ့လဲ့လေးတွေဖြင့် မော့ကြည့်ရင်း ဆိုလာသူလေးစကားက ရင်ထဲနွေးထွေးကြည်နူးမှုအတိပြီး၏...

💔 VILLAIN 💔Where stories live. Discover now