Part~6💔Z+U

3.2K 292 7
                                    

(Unicode )

"လက် "

"ဟိုဘက်လှည့် ChanYeol shi "

"ခါး.."

"အရောင်က အဖြူလား အနက်လား..."

စက်ရုပ်တစ်ရုပ်နှယ် လှုပ်ရှားဟန်တွေဖြင့် သူ့ကိုယ်ပတ်လည်၌ တိုင်းထွာနေသော Baek၏ လက်တွေအား ဖမ်းဆုပ်လို့ ရင်ခွင်ထဲထွေးဖက်ထားလိုက်ချင်သည်

အရောင်ဖျော့ဖျော့ မျက်ဝန်းတွေက အသက်မဲ့နေသည့်ဟန်

သူ့အား အကြည့်ချင်းမဆုံ သွေဖယ်နေသော ချစ်ရသူ ရင်ထဲ ၌ မည်မျှ နာကျင်နေမည်နည်း

သူလည်း နာကျင်နေရသည်မို့ ဒီနာကျင်မှု၏ အတိုင်းအတာကို သိနေပါသည်

အောက်နှုတ်ခမ်းပါးအား ကိုက်ထားသည့် ပုံစံလေးက ကျိတ်ခံစားနေရသော သူလေး၏ရင်ထဲက ဝေဒနာတွေကို မြင်နေပါသည်

သွေးစို့လုလု နှုတ်ခမ်းပါးတွေကို ထွေးသိပ်လို့ နမ်းရှိုက်ချင်ပေမဲ့ မလှမ်းမကမ်း မှာထိုင်နေသော သူမတို့နှစ်ယောက်ကြောင့် ကိုယ်ဟာလည်း ရင်နာနာနဲ့ကြည့်နေခဲ့ရတယ်

ကိုယ်တိုင်ပင် ကြိုမသိကာ Suprise လုပ်ခံရသော စေ့စပ်ပွဲ က ကိုယ့်အား shock ပါရစေသည်

ဝတ်စုံကို ဆိုင်ကမှာလို့ရရဲ့သားနဲ့ HwaLay ကဘယ်လိုကြောင့်များ Baek အား အကူအညီတောင်းဖို့စဉ်းစားမိသလဲဆိုတာကို စဉ်းစား၍ပင်မရ

" ကိုကို ပြီးရင် BaekHyunshi တို့ကို ဆိုင်မှာနေ့လည်စာကျွေးရအောင်နော် ကုမ္ပဏီ မှာအလုပ်များတဲ့ကြားထဲ HwaLay ကအကူအညီတောင်းမိလို့ "

အလိုက်မသိသူက ပြောတော့ ကိုယ့်မှာသူ့အစား ပိုနာကျင်ရပါသည် ။

" အင်း...ဝတ်စုံက ဆိုင်ကမှာလည်းရတာကို BaekHyunshi ကို သက်သက်အလုပ်ရှုပ်အောင်သွားလုပ်တယ် အားနာစရာကြီး "

" EXO Fashion ကုမ္ပဏီ က main designer Byun Baek Hyun ရဲ့လက်ရာကို ဆိုင်တွေကဘယ်မှီပါ့မလဲ ကိုကို့အတွက် HwaLayကအကောင်းဆုံးဖြစ်စေချင်လို့ပါ "

သူ့လက်မောင်းကို ချိတ်တွဲလို့ ညုတုတုလေးပြောလာသော သူမက ချစ်ဖို့ကောင်းလွန်းနေပေမဲ့ သူ့အမြင်အာရုံ၌ အမုန်းဆန်စွာပဲ မြင်မိသည်

💔 VILLAIN 💔Where stories live. Discover now