Part~9💔Z+U

3.2K 274 6
                                    

(Unicode)

" အချစ်.."

" ဟီး...ဒီတိုင်းလေးနေချင်လို့."

ဟင်းချက်နေသော ကိုယ့်အား စားပွဲပေါ်မေးလေးထောက်ကြည့်နေရင်းမှ နောက်ကျောကနေ ကိုယ့်ခါးလေးအားသွယ်ယှက်ဖက်တွယ်လာသည်

ကိုယ့်ကျောပြင်ထက်မျက်နှာအပ်နေတဲ့သူလေးကြောင့်ရှေ့ကလုပ်လက်စအလုပ်တွေဟာအယောင်ယောင်အမှားမှား...

အချစ်ရယ် မင်းနဲ့ပါတ်သက်ရင် ကိုယ်ကအချိန်တိုင်းရင်တွေခုန်နေတတ်တယ်

" အချစ်ရာ...."

" ဟိ...အသည်းယားလို့...အချစ်ကျောပြင်ကျယ်ကြီးကို အသည်းတွေယားလို့..ဟီး.."

ကိုယ့်ကျောပြင်တစ်လျှောက်နမ်းရှိုက်လာသောသူလေးကြောင့် ကိုယ့်ရင်ခုန်နှုန်းတွေဟာ အဆမတန်မြန်လာ၏

လုပ်လက်စအလုပ်တွေအကုန်လုံးအားရပ်တန့်လိုက်ပြီးနောက်ကဆိုးနေသော ကောင်လေးအား လှည့်ကာပွေ့ချီလို့ စားပွဲပေါ်တင်လိုက်သည်

နဖူးချင်းထိစပ်လိုက်တော့ ပြုံးရင်း ကိုယ့်လည်တိုင်လက်လေးတွေသွယ်ယှက်လာသော သူလေးရယ်ပါ

" အသည်းတွေယားတယ် ခင်ဗျားကို..ဟိ.."

" မင်းလေးကို ကိုယ်ကပိုအသည်းယားတယ် အချစ်ကလေးရဲ့.."

" ကျွန်တော်ဘာမှလည်းမလုပ်ပါဘူးနော်.."

" နောက်ကနေ မရိုးမရွဖြစ်အောင် လုပ်နေတာဘယ်သူလေးလဲ..."

" ဘယ်သူလဲဟင်..ခ်.."

" မသိဘူးပါဘူး..ဘယ်ကကောင်လေးလဲမသိဘူး ကိုယ့်ကိုခိုးနမ်းနေတာ.."

" ခိုးမနမ်းပါဘူး...ပေါ်တင်နမ်းတာ...."

" အွန်း....အာ့ဆို ခုလည်းနမ်း.."

" ဟား..."

တခစ်ခစ်ရယ်ကာ ကိုယ့်နှုတ်ခမ်းအားဖိကပ်လိုက်ခွာလိုက်လုပ်နေသောကောင်လေးအား အသည်းတွေယားလွန်း၍ ခန္ဓာကိုယ်ချင်းပိုနီးအောင်ဆွဲကပ်လျက် နှုတ်ခမ်းပါးလေးတွေအား ထွေးငုံလိုက်တော့အလိုက်သင့်လေးပြန်နမ်းလာသည်

ကလေးငယ်က အတော်ကြာဆက်မိတဲ့အနမ်းခရီးတွေကြားကနေ ရုန်းထွက်လျက်

💔 VILLAIN 💔Where stories live. Discover now