Part~3💔Z+U

4K 363 12
                                    

(Unicode)

ရင်ခွင်ထဲမှ ကောင်လေး၏ လှုပ်ရှားမှုကြောင့် ChanYeol နိုးလာ၏

ကိုယ့်ရင်ခွင်ထဲ လွန့်လူးတိုးဝင်ကာ အိပ်စက်နေသော ကောင်လေးအား ChanYeol မြတ်နိုးစွာကြည့်နေမိသည်

ညက ပင်ပန်းသွားသည်ကြောင့် ခုထိ မနိုးသေးပေ

ဘယ်လိုဆွဲငင်အားတွေများ မင်းလေးမှာ ရှိနေလဲကွာ

မင်းရဲ့အကြည့်တစ်ချက်လေးကို ကိုယ်စွဲလမ်းယစ်မူးသွားမိတယ်

ကိုယ်တို့တွေ မလျှောက်သင့်တဲ့လမ်းပေါ် ခြေချမိပြီ

ကိုယ်တို့ ဘာဆက်လုပ်ကြမလဲ ကလေးလေး

" အင်း..ဟင့်..ommmmm"

အသံစုံညည်းရင်း နိုးလာသော ကောင်လေးက ဒီအခြေအနေအား ရုတ်တရတ် အံ့အားသင့်သွားပုံရတယ်

နွေးထွေးမှုတစ်ခုနဲ့အတူ နာကျင်မှုတစ်ခုပါ တွဲလို့ နိုးလာမိတယ်

မျက်လုံးတွေဖွင့်ဖွင့်ခြင်း မြင်နေကြမျက်နှာကျက်အစား အဝတ်အစားကင်းမဲ့သော ရင်ခွင်ကျယ်တစ်ခုအား မြင်လိုက်ရသည်

အံ့အားသင့်မှုနဲ့အတူ မော့ကြည့်မိတော့ ကျွန်တော့်အားငေးစိုက်ကြည့်နေသော Chan Yeol အားတွေ့လိုက်ရသည်

ညက ဘာတွေဖြစ်သွားတာလဲ

ဒီအခြေအနေတွေက ဘယ်လိုလဲ

ညကျ အကြောင်းအရာတွေက တရိပ်ရိပ်နဲ့ပေါ်လာတော့ မျက်နှာကပူလာရသည်

ကျွန်တော်တို့ ဘယ်လမ်းကိုလျှောက်နေမိပြီလဲ

သူ့ရင်ခွင်ကျယ်ကနေ ဘာလို့ကျွန်တော် ရုန်းထွက်နိုင်စွမ်းကင်းမဲ့နေရတာလဲ

ခင်ဗျားရယ် ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ

တစ်ယောက်ကိုတစ်ယောက်ငေးစိုက်ကြည့်ရင်း စကားလုံးတွေပျောက်ရှနေသည်

တဖြေးဖြေးနီးကပ်လာသော သူ့မျက်နှာချောချောကြောင့် ဘာမှစဉ်းစားမရခင် ကျွန်တော့်မျက်ဝန်းတွေအားမှေးမှိတ်လိုက်မိသည်

နွေးထွေးသွားသော နှုတ်ခမ်းပါးတွေက သူ၏ နှုတ်ခမ်းထူထူတွေကြား နစ်မွန်းနေပြန်ပြီ

💔 VILLAIN 💔Where stories live. Discover now