Part~10💔Z+U

2.9K 272 4
                                    

(Unicode)

မျက်လုံးဖွင့်ဖွင့်ချင်း မြင်ကွင်းထဲပေါ်လာသော မျက်နှာချောချောကြောင့် Baekရဲ့မနက်ခင်းကပြီးပြည့်စုံခဲ့ပါပြီ

အချစ်၏ မျက်နှာချောချောအား ငေးကြည့်နေစဉ် ဘေး၌ ချထားသော အချစ်phဆီမှ flesh မီးလင်းလာသောကြောင့် သူကြည့်မိလိုက်သည်

HwaLay ဆိုသော contactဆီမှ misscall သုံးလေးခုရယ် messageလေးတွေ ရယ်တွေ့လိုက်ရသည်

Silentချထားသော phလေးကြောင့် သူမphခေါ်တာကိုမသိသော အချစ်အား ပို့ထားသော messageအား သူဖတ်မိသည်

* ကိုကို ဘာလို့phမကိုင်တာလဲမနိုးသေးဘူးလား ဒီနေ့ HwaLayတို့ရဲ့သုံးနှစ်ပြည့် Anniversary နေ့လေးနော် Dateလုပ်ကြမယ် ကိုကို့တိုက်ခန်းကို HwaLayထွက်လာနေပြီ ခဏနေတွေ့မယ် ချစ်တယ်ကိုကို *

သုံးနှစ်ပြည့်တဲ့လား..Dateလုပ်မယ်....

Hk ဘယ်သူကခွင့်ပြုလို့ Dateလုပ်မှာလဲ သုံးနှစ်ပြည့်မကလို့ ဆယ်နှစ်ပဲပြည့်ပြည့် အချစ်က ငါ့ကိုပဲချစ်တာ ကလေးမရဲ့....

ကုတင်ဘေးမှာရှိသော စားပွဲပေါ်က ရေထည့်ထားသောဖန်ခွက်လေးထဲ အချစ်၏ phလေးအားနစ်မြှုပ်စေလိုက်ရင်း သူမ၏စိတ်ကူးယဉ် အိပ်မက်တွေအားလည်း ရေစုန်မျောပစ်စေလိုက်သည်

Phကိုတောင်ရိုက်ခွဲပစ်ချင်တာ သူမရဲ့စိတ်ကူးယဉ်အိပ်မက်တွေကို တစစီရိုက်ချိုးပစ်ချင်တာ အိပ်ပျော်နေတဲ့အချစ်နိုးသွားမှာစိုးလို့သက်ညှာတဲ့အနေနဲ့ အေးဆေးစွာ ပျောက်ဆုံးစေခဲ့လိုက်တာ

Hk...Date တဲ့လား စိတ်ကူးယဉ်မနေနဲ့ အချစ်က ကျွန်တော့်အပိုင်ပဲ.....

ထိုနည်းတူစွာပင် ကိုယ့်phလေးကိုလည်း power off ပစ်လိုက်ရင်း ကုတင်အောက်ထိုးထည့်လိုက်သည်

ရှေ့ကရင်ခွင်ကျယ်ကြီးထဲတိုးဝင်လိုက်ရင်း ကိုယ့်စိတ်ကူးယဉ်ကမ်ဘာငယ်စီ ပြန်ဦးတည်လိုက်သည်

တစ်ယောက်ကိုတစ်ယောက်တင်းကျပ်စွာဖက်ထားရင်း စိတ်ကူးယဉ်ကမ်ဘာငယ်ဆီရောက်နေသောကောင်လေးနှစ်ယောက်ရှိသလို

တစ်ဖက်၌လည်း ဆက်သွယ်မရသော noလေးတွေကို အခါခါခေါ်ရင်း စိတ်ပူနေသောကောင်မလေးနှစ်ယောက်လည်းရှိသည်

💔 VILLAIN 💔Where stories live. Discover now