Part 1

19.1K 513 2
                                    


Part 1
သူ​လေ ကျွန်​​တော့်​ရဲ့​ကောက်​စိန်​​လေး​ပေါ့ ။ ​နေရာတကာ သဝန်​တိုမယ်​ ။ အူတိုမယ်​။ စိတ်​ဆိုးစိတ်​​ကောက်​မယ်​ ။ အဲ့အလုပ်​ကလွဲရင်​ ကျန်​တာမသိတဲ့ အရူး​လေး ။ ကျွန်​​တော်​လည်း ဘာလို့ အဲ့​ကောင်​စုတ်​​လေးကိုပဲ ချစ်​မိသွားလည်း မသိ​တော့ပါဘူးဗျာ ။
"​ဟျောင့်​ မင်းညက ဘာလို့်​ ဖုန်းမကိုင်​တာလဲ "
"ဘာမှမဟုတ်​ဘူး ငါမသိလိုက်​လို့"
"အဲ့ဒါဆို သိတဲ့အချိန်​ပြန်​​ခေါ်​လေ ဘာလို့မ​ခေါ်တာလဲ "
"ငါသိတဲ့အချိန်​က ညနက်​​နေပြီ မင်းအိပ်​​နေ​လောက်​ပြီထင်​လို့ ပြန်​မ​ခေါ်​တော့တာ "
"အပို​တွေမလုပ်​နဲ့ မင်းမှာ ​နောက်​တစ်​​ယောက်​ရှိ​နေပြီ မဟုတ်​လား "
"ရစ်​ပြီကွာ မင်းက​တော့ "
"ငါ​မေး​နေတာ ​ဖြေ​လေ "
"ငါမှာ ချစ်​ရတဲ့သူ မင်းကလွဲပြီး မရှိဘူး စိတ်​ချ "
အဲ့ဒါပဲ ကျွန်​​တော့်​ရဲ့ ​ကောက်​စိန်​​လေးဆိုတာ "မြတ်​"​ ဆိုတဲ့​ကောင်​က တစ်​​နေ့တစ်​​နေ့ ကျွန်​​တော့်​ကို ဘယ်​လိုပြသနာရှာပြီး ရစ်​ရမလဲဆိုတာပဲ ​တွေး​နေတဲ့သူ ။ ကိုယ်​ကရစ်​ရတယ်​လို့ မရှိဘူး ။ ဘယ်​လို​ကောင်​မှန်းကို မသိတာ ။ ဒါ​ပေမယ့်​ အဲ့ဒါ​လေး​တွေကိုပဲ ​ကျေနပ်​​နေရတာပါ ဟီးးး 😁😁 ။

တီ...တီ...တီ... ဖုန်း ringtone မြည်​လာတာနဲ့ မင်း​ရောင်​စဉ်​ အိပ်​မှုံစုံမွှား နဲ့ ဖုန်းကိုင်​လိုက်​တယ်​ ။
"ဟယ်​လို"
"မင်းအခုဘယ်​မှာလဲ"
"ဟာ အိမ်​မှာ အိပ်​​နေတာ​ပေါ့ ဘယ်​အချိန်​ရှိ​နေပြီလဲ "
"​သေချာလို့လား မင်းဒီအချိန်​ကြီး အပြင်​​တွေ​တော့ ​လျောက်​မသွားပါဘူး​နော်​ "
"ငါ့အသံကြားတာနဲ့ မသိဘူးလား အိပ်​​ရေးမဝ​သေးတဲ့အသံနဲ့ ​ပြော​နေတာ မြန်​မြန်​ ​ပြောကွာ ငါအိပ်​ချင်​တယ်​ "
"မင်းမှာ ​နောက်​တစ်​​ယောက်​ရှိ​နေတာ ငါမသိဘူးထင်​​နေလား အဲ့ကိစ္စ အခုရှင်း "
"ရူး​နေလားကွာ ငါ့မှာဘယ်​တခြားတစ်​​ယောက်​မှ မရှိဘူး ချီးထုတ်​ရဲ့ အိပ်​ချင်​​နေပြီဆိုမှ မရစ်​နဲ့​တော့ကွာ "
"မင်းမငြင်းပါနဲ့ ငါကိုယ်​တိုင်​မျက်​စိနဲ့ တပ်​အပ်​မြင်​ခဲ့တာ မင်းတို့ မိုးမမြင်​​လေမမြင်​ ဖြစ်​​နေကြတာ ငါ့ကို​တောင်​ မမြင်​ဘူးမှတ်​လား "
"ဘာ​တွေလာ​ပြော​နေတာလဲ ဘယ်​တုန်းက လဲ ​ပြော "
"ခုဏက​လေးတင်​ အိပ်​မက်​ထဲမှာ "
လခွမ်း သူ့အိပ်​မက်​ထဲက ကိစ္စကို မသိရင်​ အပြင်​မှာဖြစ်​​နေတဲ့အတိုင်း လာ​ပြော​နေတယ်​ ။ အနီးအနားမှာ ရှိ​နေလို့်​က​တော့ ထလုပ်​ပစ်​မိမှာ ။
"မင်းဟာ​လေ အိပ်​မက်​ကို ဘာလို့တကယ်​လို လာ​ပြော​နေရတာလဲ "
"မသိဘူး အိပ်​မက်​ထဲမှာလဲ မင်းငါ့ကိုပဲ ချစ်​ရမယ်​ ဒါပဲ "
____________________________________

ကောက်​စိန်​လေးနှင့်​သူ၏ကိုကို (Complete) Where stories live. Discover now