Part 4

4.1K 196 0
                                    


 
         လမ်း​လျောက်​သင်္ကြန်​ က မြို့​တော်​ဝန်​ မဏ္ဍပ်​နားမှာ ဆို​တော့ လူကပိုစည်​တာ ထင်​တယ်​ ။ ကျိတ်​ကျိတ်​ကို တိုး​နေတာပဲ ။ လူ​တွေအရမ်းများလွန်းလို့ လူကွဲမသွား​အောင်​ အတင်းတွဲထားရတာ ။ အချိန်​အခါနဲ့ အ​ခြေ​နေကို အ​ကောင်းဆုံး အသုံးချတဲ့​အ​နေနဲ့ "မြတ်သူရ က "မင်း​ရောင်​စဉ်​" ကို တင်းကြပ်​​နေ​အောင်​ ဖက်​ထားပစ်​လိုက်​တယ်​ ။ "မင်း​ရောင်​စဉ်​" အရပ်​က ရင်​ခွင်​မှီ အရပ်​ ​လေးဆို​တော့ ရင်​ခွင်​ထဲမှာ ​ပျောက်​​နေ​ရောပဲ ။
"အရမ်းဖက်​မထားနဲ့ ငါအသက်​ရှူကြပ်​လို့်"
"အရမ်းဖက်​မထားရင်​ ချစ်​​ပျောက်​သွားမှာ​ပေါ့ လူ​တွေ ဒီ​လောက်​ကြပ်​​နေတာကို "
"အဲ့​လောက်​ဖက်​ဖို့မလိုဘူး​လေကွာ ငါအသက်​ရှူလို့မရ​တော့ဘူး ​သေ​အောင်​သတ်​​နေတာလား "
"ချစ်​ချမ်း​နေမှာ ဆိုးလို့ပါ "
"ဘာမှမချမ်းဘူး အပို​တွေ လုပ်​မ​နေနဲ့ "
တကယ်​ပဲ လမ်း​လျောက်​သင်္ကြန်​ လူများလိုက်​ပုံများက​တော့ တိုးလို့ကိုမ​ပေါက်​ဘူး။ လမ်း​တောင်​လှုပ်​ရုံ​လောက်​ပဲ ​လျောက်​လို့ရတယ်​ ။
"ကို ပြန်​ထွက်​ရ​အောင်​ ငါဆက်​မသွားချင်​​တော့ဘူး လူအရမ်းကြပ်​တာပဲ "
"အင်း ပြီး​ရော​လေ ကိုယ်​တို့ ​ရှေ့အ​ပေါက်​က ပြန်​ထွက်​ကြမယ်​ "
အပြင်​ဘက်​​ရောက်​​တော့ "မင်း" ခမျာ မျက်​နှာ​လေးကို ရှုံ့မဲ့လ်ို့ ။
"ချစ်​ ပင်​ပန်း​နေပြီလား "
"ဟင့်​ အဲ့​လောက်​လူများလိမ့်​မယ်​ မထင်​လို့့်​လာတာ ပင်​ပန်းတာပဲ အဖတ်​တင်​တယ်​ ပြန်​မယ်​ "
"ချစ်​ကလည်း အ​စောကြီး ရှိ​သေးတာကို "
"ပန်းခြံထဲမှာ လူ​တွေအများကြီးပဲ ဘယ်​နားထိုင်​ရမှန်း​တောင်​ မသိဘူး​လေ "
"လူရှင်းတဲ့​နေရာ သွားချင်​လို့လား ကိုယ်​​ပြောပြမယ်​​လေ ဘယ်​​နေရာသွားသင့်​လဲလို့ "
"ဘယ်​​နေရာလဲ ဒီအချိန်​မျိုးက ဘယ်​​နေရာမဆို လူကြပ်​မှာပဲ ​သောက်​ပို​တွေ လုပ်​မ​နေနဲ့ "
"​ဟော်​တယ်​ သွားမယ်​​လေ အခန်းထဲမှာ နှစ်​​ယောက်​တည်း ဟီး…ဟီး… "
"ငါ​နော်​ ထလုပ်​ပစ်​လိုက်​​တော့မယ်​ "
"ဟာ စိတ်​ထိန်း​လေ ချစ်​ရဲ့ ဒီမှာ လူ​တွေအများကြီးပဲ ရှက်​စရာကြီး 😁😁 "
"ယား ……… "
အမုန်း​ကျွေးပြီ​လေ ။ ​ကျောကွဲ​အောင်​ကို အထုခံရတာ ။ နဂိုကတည်းက လက်​သံက ​ပြောင်​ပါတယ်​ဆိုမှ ။
"မ​နေ့ကလို လက်​သံမြည်းချင်​​သေးတာလား လုပ်​ပစ်​လိုက်​မယ်​​​ "
"အာ ဒါ​လေး​တော့ ချမ်းသာ​ပေးပါကွာ မ​နေ့က​တော်​​တော်​​လေးအီစိမ့်​သွားတာ 😩😩 ကိုယ်​​ပြောထားမယ်​​နော်​ ဒါတစ်​ဦးတည်းပိုင်​ ပစ္စည်းမဟုတ်​ဘူး နှစ်​​ယောက်​လုံးပိုင်​တာ ရိုရို​သေ​သေ ကိုင်​တွယ်​ပါကွာ "
"ချီးထုတ်​ကြီး ​ပြော​နေရင်း ​အောက်​လုံး​တွေ ပါလာပြန်​ပြီ တကယ်​​သေချင်​​နေတာလား "
"ဟီး … ကိုယ်​က ချစ်​လို့စတာပါကွာ လာ ပြန်​ကြလာ​အောင်​ "
နှစ်​​ယောက်​သား ပြန်​မယ်​ဆိုပြီး လှည့်​အထွက်
"မြတ်​သူရ​"
"​သြော်​ အမယွန်း ဘာလဲ ဒီကိုလာတာပဲလား "
"ဟုတ်​တယ်​​မောင်​​လေး မင်း​ရော ဒီလာတာပဲလား ဒါနဲ့ သူက မင်းသူငယ်​ချင်းလား "
"ဟုတ်​ ကျွန်​​တော်​တို့လည်း ဒီကိုလာတာဗျ ဒါ ကိုယ်​တို့အိမ်​နားက အမ​လေ "
"ဟုတ်​ကဲ့ ​တွေ့ရတာဝမ်းသာပါတယ်​ အမ "
"မနက်​က​တောင်​ အမ မင်းတို့အိမ်​​ရောက်​​သေးတယ်​ "
"ဟုတ်​လား အမ ကိစ္စ ရှိလို့လား "
"အမတို့ မနက်​ ကားနဲ့လည်​ကြမှာ​လေ လမ်းထဲက လူ​တွေပဲ စုသွားမှာ အဲ့ဒါလူနည်း​နေ​သေးလို့်​ ​မောင်​​လေး​ရော လိုက်​မလားလို့်​ လာ​မေးတာ "
"Aww ချစ်​ ဘယ်​လိုသ​ဘောရလဲ အမ ကျွန်​​တော်​ လိုက်​ရင်​ သူပါပါမှာ​နော်​ "
အင်း လူများ​တော့ ပို​ကောင်းတာ​ပေါ့ "
"ချစ်​ ဘယ်​လိုလဲ "
"မင်းသ​ဘောပဲ​လေ "
"ဒါဆို ကျွန်​​တော်​တို့ လိုက်​မယ်​ အမယွန်း"
"​အေး​အေး ဒါဆို မနက်​ 7နာရီ​လောက်​ စထွက်​မယ်​ "
"ဟင်​ အဲ့​လောက်​ ​စော​စောကြီးလား "
"ဒါမှ ​နေရာစုံမှာ ​မောင်​လေးတို့ရဲ့ မဟုတ်​ရင်​ ကားပိတ်​တာနဲ့တင်​ အချိန်​ကုန်​​နေမှာ "
"ဟုတ်​ကဲ့ အမ ကျွန်​​တော့်​တို့ အ​ရောက်​လာခဲ့မယ်​ "
မယွန်းလည်း နှုတ်​ဆက်​ပြီး ထွက်​သွားတယ်​ ။
"ကို အဲ့အမကို ကြည့်​ရတာ တမျိုးပဲ ငါတို့ကို သံသယ ဝင်​​နေပုံပဲ "
"ဝင်​ပါ​စေ​ပေါ့ ဘာလုပ်​ရမှာလဲ "
"အိမ်​ကို သွားတိုင်​ရင်​ ဘယ်​လိုလုပ်​မလဲ မင်းအဆူခံရမှာ​ပေါ့ "
"သိသွား​တော့လည်း ကိုယ်​ တကူးတက အသိ​ပေး​နေစရာ မလို​တော့ဘူး​ပေါ့ "
"😌😌 ဟုတ်​ပါပြီ ဒါနဲ့ ၇နာရီ ဆိုရင်​ ငါ​အ​စောကြီးထလာရမှာ​ပေါ့​နော်​ "
"ကိုယ့်​အိမ်​မှာ လိုက်​အိပ်​မလား ဟီးးး "
"အိပ်​စရာလား မနက်​မှ ထလာ​တော့မယ်​ ငါ့ကိုလာကြို "
"ချစ်​ကလည်း ကိုယ်​လာကြို အ​စောကြီးထရမှာ​ပေါ့ ကိုယ့်​အိမ်​မှာပဲ လိုက်​အိပ်​လိုက်​ပါဆို​နေ "
"အိမ်​က ခွင့်​ပြုမှာ မဟုတ်​ဘူး ပြီး​တော့ မင်းကို ​ကြောက်​တယ်​ "
"ကိုယ်​က ချစ်​ကို ကိုက်​မစားပါဘူးကွ "
"ကိုက်​စားလိုက်​တာကမှ ​တော်​ဦးမယ်​ မင်းအ​ကြောင်း မသိဘူးထင်​လား"
"ကိုယ့်​ကို ယုံယုံကြည်​ကြည်​ နဲ့ လိုက်​ခဲ့ပါ ချစ်​ရယ်​ အ​ဖေနဲ့အ​မေကိုလည်း ​ဆွေပြမျိုးပြ သ​ဘောနဲ့​ပေါ့ "
"အိမ်​ကို​တော့ ​ပြောကြည့်​လိုက်​ဦးမယ်​ ရမရမသိဘူး ပြီး​တော့ ကို့အိမ်​က​ရော ခွင့်​ပြုပါ့မလား "
"ရတယ်​ ကိုယ့်​အိမ်​က ကိစ္စ မရှိဘူး ချစ်​အိမ်​ကို ကိုယ်​တိုင်​ လိုက်​​ပြော​ပေးမယ်​​လေ "
"ဟုတ်​ပါပြီ ဒါမျိုးဆို အရမ်းတက်​ကြွတာပဲ​နော်​ "
____________________________________

ကောက်​စိန်​လေးနှင့်​သူ၏ကိုကို (Complete) حيث تعيش القصص. اكتشف الآن