Part 7

3.7K 193 0
                                    

"​မေ​မေ​ပြောတဲ့ အထဲမှာ အ​ဖြေပါသွားပြီ ​မေ​မေ သူနဲ့သားတွဲ​နေတာ တစ်​နှစ်​​ကျော်​ပြီ "
မေ​မေ့မျက်​နှာက အံ့သြသွားတဲ့ပုံ​တော့ မ​ပေါ်ဘူး ။ ကြိုတင်​ပြင်​ဆင်​ထားတဲ့စိတ်​​ကြောင့်​လား ။ Shock ဖြစ်​ပြီး ဘာမှမ​ပြောနိုင်​တာလား ။ ခဏ​နေ​တော့ ​မေ​မေ့မျက်​နှာ​ပေါ်မှာ မျက်​ရည်​တချို့ကျလာတယ်​ ။
"​မေ​မေ သား​တောင်းပန်​ပါတယ်​ သားက ​ယောကျာ်း​လေး​တွေကို စိတ်​ဝင်​စားတဲ့ Gay တစ်​​ယောက်​ပါ ဒီလို သားမျိုးရထားလို့ ​နောင်​တရ​နေပြီလားဟင်​ သားကို တစ်​ခုခု ပြန်​​ပြောပါဦး "
"မိဘတိုင်းက ကိုယ့်​သားသမီးအ​ပေါ် အ​ကောင်းဆုံးဖြစ်​​စေချင်​ကြတာပဲ ဒါ​ပေမယ့်​ တစ်​ခါတစ်​​လေ ဘယ်​လိုမှပြုပြင်​ယူလို့မရတဲ့ အ​ခြေအ​နေ​တွေကြုံရတဲ့အခါ ခံနိုင်​ရည်​ရှိရမှာ​ပေါ့ လက်​မခံနိုင်​ရင်​​တောင်​ ကြိုးစားရမှာပဲ လူတစ်​​ယောက်​ဖြစ်​တည်​မှုဆိုတာ ​ပြောင်းလဲပစ်​လို့မရနိုင်​ဘူး တကယ်​​တော့ သားတို့အ​ခြေအ​နေကို သိခဲ့တာကြာပါပြီ "
"ဗျာ …… "
"ဟုတ်​တယ်​သား မင်းတို့နှစ်​​ယောက်​ အ​ခြေအ​နေက မြင်​ရတာ တမျိုးဖြစ်​​နေလို့ သားသူငယ်​ချင်း​တွေဆီမှာ စုံစမ်းခဲ့တယ်​ အစက သူတို့က လုံးဝဝန်​မခံကြဘူး ​နောက်​မှ နဒီ ဆိုတဲ့ က​လေးမက အမှန်​ကို ဝန်​ခံခဲ့တယ်​ "
"အမ​ပြောပြလိုက်​တာပဲ "
"သိသိချင်းမှာ စိတ်​တိုလွန်းလို့ ဘယ်​လိုမှ လက်​မခံနိုင်​ခဲ့ဘူး ဒါ​ပေမယ့်​ အဲ့က​လေးမက အ​မေ့ကို ​သေ​သေချာချာ နားဝင်​​အောင်​ ​ပြောပြနိုင်​ခဲ့​တယ်​ ​နောက်​ဆုံး သူ့အ​ပြော​တွေ​အောက်​မှာ အ​မေလက်​​မြှောက်​လိုက်​ရတယ်​သား ပြီး​တော့ LGBT လူ့အသိုင်းအဝိုင်း အ​ကြောင်း ​လေ့လာကြည့်​မိတယ်​ တကယ်​ကို သနားစရာ ​ကောင်းပြီး ဖြူစင်​ကြတဲ့သူ​တွေပါ "
"သား အရမ်းဝမ်းသာတာပဲ ဒါနဲ့များ ဘာလို့ ​စောနက မျက်​ရည်​ကျတာလဲဟင်​ "
"ဒါက​တော့ က​လေးရယ်​ ကိုယ့်​သားကိုယ်​တိုင်​ ဝန်​ခံတာကိုကြားရတဲ့အချိန်​မှာ စိတ်​ထဲမှာ နည်းနည်း​တော့ ခံစားရတာ​ပေါ့ သားအ​ဖေကို ​ပြောပြတုန်းကလည်း သူ​တော်​​တော်​ခံစားခဲ့ရတယ်​ "
"အ​ဖေပါသိ​နေတာလား "
"ဟုတ်​တယ်​ ​နောက်​လည်း ​ပြောပြရမယ့်​အတူတူ​တော့ မထူးဘူး​လေ ဒါ​ကြောင့်​ အ​မေကိုယ်​တိုင်​ ​ပြောပြလိုက်​တာ "
"ဒါဆို အ​ဖေ​ရော အ​မေ​ရော သားတို့ရဲ့ ဖြစ်​တည်​မှုနဲ့ အချစ်​ကို လက်​ခံတယ်​​ပေါ့​နော်​ "
"အ​မေ့သား​လေး​ပျော်​တယ်​ဆိုရင်​ အ​မေတို့လည်း ပျော်​ပါတယ်​ "
ချက်​ချင်းပဲ "မြတ်​သူရ" ဆီ ဖုန်းဆက်​ပြီး
"ကို ငါတို့အ​ကြောင်းကို ငါ့အိမ်​က သိသွားပြီ "
"ဟင်​ ဟုတ်​လား ဘာ​ပြောလဲဟင်​ "
"ငါ့မိဘ​တွေက အသိမှတ်​ပြုပါတယ်​တဲ့ "
"တကယ်​လား … ကိုယ်​ဝမ်းသာလိုက်​တာကွာ အရမ်း​ပျော်​တာပဲချစ်​ရယ်​ တရားရုံးသွားပြီး လက်​မှတ်​ထိုးရ​အောင်​ "
"ရူး​နေလား ငါ့အိမ်​က သ​ဘောတူတယ်​ပဲ ​ပြောတာ လက်​ထပ်​ဖို့​ပြောတာမှ မဟုတ်​တာ "
"ကိုယ်​လည်း အိမ်​ကို ဖွင့်​​ပြောလိုက်​​တော့မယ်​ "
"မလုပ်​ပါနဲ့ ငါ​ကြောက်​တယ်​ ပြသနာတက်​လိမ့်​မယ်​ 😞😞 "
"ချစ်​ရယ်​ ကိုယ်​တစ်​​ယောက်​လုံးရှိတယ်​​လေ ဘာလို့​ကြောက်​​နေတာလဲ ဘယ်​လိုအခက်​ခဲ အန္တရာယ်​ ပဲ ရှိရှိ ချစ်​​ရှေ့က​နေ ကိုယ်​ကာကွယ်​မှာ "
"ဒါက မိသားစုနဲ့ဆိုင်​တယ်​ကွ ပတ်​ဝန်းကျင်​ က ​ပြောတာဆို ဂရုမစိုက်​ဘဲ ​နေလို့ရတယ်​ မိသားစုနဲ့ အမြင်​မတူရင်​ ညှိယူဖို့်​ခက်​တယ်​ "
"ဘာမှစိတ်​မပူပါနဲ့ ချစ်​ရယ်​ ကိုယ်​ကြည့်​ပြီး စီစဉ်​ပါ့မယ်​ ကွာ ကိုယ်​ပြောတာယုံသင့်​တယ်​ "
"ငါ မင်းကို ယုံပါတယ်​ ဒါ​ပေမယ့်​ ခု​တော့ ခဏ​နေပါဦး မနက်​ဖြန်​အားလား ​တွေ့ချင်​တယ်​ ကို "
"ရတာ​ပေါ့ ချစ်​အတွက်​ဆို ကိုယ်​က အချိန်​ပြည့်​အားတယ်​ "
"Imm ဒါဆို ချစ်​ ကိုယ့်​အိမ်​လာခဲ့မယ်​ "
________________________________________

ကောက်​စိန်​လေးနှင့်​သူ၏ကိုကို (Complete) Where stories live. Discover now