Part 6

3.7K 181 0
                                    

    "ကို ​ရေ​တွေပက်​လို့ ချစ် ​အရမ်းချမ်းပြီး တုန်​​နေရင်​ ဘယ်​လိုလုပ်​မလဲ "
"အရမ်းချမ်းပြီး တုန်​​နေရင်​ ကိုယ်​ဖက်​ထား​ပေးမှာ​ပေါ့ ကိုယ်​အရမ်းချစ်​ရတဲ့ လူဆိုး​လေး "
"ဘာလူဆိုး​လေးလဲ ဘာမှလည်း မဆိုးဘဲနဲ့ "
"ချစ်​ ကိုယ်​တို့ကို မယွန်းတို့ တစ်​ချိန်​လုံးကြည့်​​နေတယ်​ သိလား "'
"ဟာ ဟုတ်​လား ဒါဆို အနားမကပ်​နဲ့ ခပ်​ခွာခွာ​နေ "
"ဘာလို့ ခွာ​နေရမှာလဲ ပို​တောင်​ ကပ်​ပြဦးမှာ သူတို့မကြည့်​ရဲ​တော့တဲ့အထိ ကပ်​ပြမယ်​​လေ "

ကား​ပေါ်မှာ ခုန်​​ပေါက်​ပြီး အားလုံး ကဲ​နေကြတယ်​ ။ ​ကောက်​စိန်​တို့အတွဲကလွဲရင်​​ပေါ့ ။ တစ်​ချိန်​လုံး တိုးတိုးတိုးတိုးနဲ့ ဘာ​တွေ ​ပြော​နေကြမှန်းကို မသိတာ ။ ​နောက်​ဆုံးမ​နေနိုင်​​တော့ မယွန်းက
"​မောင်​​လေးတို့ ဘာလို့ငြိမ်​​နေတာလဲ သူများ​တွေ​တောင်​ က​နေကြတာ ဘာလဲရှက်​လို့လား "
"မရှက်​ပါဘူး ငြိမ်​ငြိမ်​​လေး ​နေရတာ ကြိုက်​လို့ပါ "
"အိုး… ဒီအချိန်​မှာ​တော့ ငြိမ်​မ​နေသင့်​ဘူး​လေ လာပါ အတူကဲမှာ​ပေါ့ "
အတင်း မြတ်​သူရ​ကို ဆွဲ​ခေါ်သွားပြီး သူ့ Ex နားကို တွန်းပို့လိုက်​တယ်​ ။
"စိတ်​မကုန်​​သေးရင်​ သင်္ကြန်​မှာ ဇာတ်​လမ်းပြန်​စလို့ရတယ်​ ​မောင်​​လေး "
ပြီး​တော့ "မင်း​ရောင်​စဉ်​" ကိုလည်း အတင်းဆွဲ​ခေါ်ပြီး
"လာ ​မောင်​​လေးနဲ့အမ တွဲကရ​အောင်​ "
"ကျွန်​​တော်​ မကချင်​ပါဘူး "
"ကဲပါကွာ လူကြီးက​တောင်းဆို​နေတာကို မငြင်းပါနဲ့ "
ဟင်း… မသိဘူးများ​နေလား ။ ဟို Exမနား ကပ်​ချင်​​နေလို့ စကားစရှာ​နေတာ ။ လဒ အစုတ်​အပြတ်​ ​ခေါ်တုန်းက​ခေါ်လာပြီး အခုပစ်​ထားချင်​​နေပြီ  😠😠 ။ "မင်း​ရောင်​စဉ်​" စိတ်​ထဲက​နေ အပီအပြင်​ကို ကျိမ်​ဆဲ​နေမိတယ်​ ။
"​ကောင်းပြီ​လေ ညီ​လေး မင်းသ​ဘောအတိုင်း ဖြစ်​​စေရမယ်​ "
"မင်း​ရောင်​စဉ်​" ဆုံးဖြတ်​လိုက်​တယ်​ ။ သူ​တောင်​လုပ်​​သေးတာပဲ ။ ကိုယ်​လည်း လုပ်​မှာ​ပေါ့ ။ မယွန်းကလည်း လှတဲ့မိန်းက​လေးပါ ။ ကြည့်​ထား မင်းသဝန်​တို​စေရမယ်​ကွ ။ ပြီး​တော့ မယွန်းအနားကပ်​ပြီး ခါးကိုလှမ်းဖက်​ဖို့လုပ်​​တော့
"No no ဒီလို​တော့မရဘူး​လေ အချစ်​ရယ်​ ဒီကိုလာ "
လူ​တွေ​ရှေ့မှာ အတင်းခါးကိုဖက်​ပြီးဆွဲ​ခေါ်​တော့ ​ဘေးကလူ​တွေက ထ​အော်​ကုန်​​ရော ။ မယွန်းဆို မျက်​လုံးကို ပြူးလို့ ။
"Wow 😱😱 amazing you တို့က ဘာ​တွေလား "
"ဘာ​တွေ ဖြစ်​ရမှာလဲ ဒါကျွန်​​တော့်​ချစ်​သူ​လေ အရမ်း perfect ဖြစ်​တဲ့ အတွဲမဟုတ်​လား "
"မြတ်​သူရ​ မင်းဘာ​တွေ ​ပြော​နေတာလဲ ရူး​နေလား လွှတ်​စမ်းပါ "
"ချစ်​ကလည်းကွာ ကိုယ်​ကမဟုတ်​တာ​ပြော​နေတာမှ မဟုတ်​ဘဲ အခုမသိလည်း ​နောက်​​တော့ သိကြမှာပဲ​လေ မစိုးရိမ်​ပါနဲ့ "
"ကဲ congratulations ပါ အခုလို ရည်းစားအသစ်​နဲ့ မိတ်​ဆက်​​ပေးပြီး surprise လုပ်​​ပေးတာ မဆိုးပါဘူး မိုက်​သားပဲ​နော်​ "
သူ့ Ex စကားက တမင်​ရွဲ့​ပြော​နေတာလား မသဲကွဲဘူး ။ ဘာပဲဖြစ်​ဖြစ်​ပါ ဒီလို​ကြေညာလိုက်​​တော့လည်း ရှင်းရှင်းလင်းလင်း ဖြစ်​သွားတာ​ပေါ့ ။
"မယွန်းထင်​သားပဲ ဒီလိုဖြစ်​မယ်​ဆိုတာ မ​နေ့ကတည်းက ရိပ်​မိပါတယ်​ "
_______________________________________

ကောက်​စိန်​လေးနှင့်​သူ၏ကိုကို (Complete) Where stories live. Discover now