Part 8 (complete)

7.5K 247 3
                                    

"မြတ်​သူရ​ ဘာဖြစ်​​နေတာလဲ အန်​တီ အရင်​က သူအဲ့လိုမဟုတ်​ပါဘူး အခု​တော့ သမီးကိုလည်း အတင်း​တွေ ​မောင်းထုတ်​​နေတယ်​ "
" အန်​တီလည်း မ​ပြောချင်​​တော့ဘူး စိတ်​​တွေရှုပ်​ပါတယ်​ သမီးရယ်​ "
"အန်​တီက သမီးထင်​ထားတာထက်​ ပိုနုတယ်​​နော်​ မင်းသမီးလုပ်​လို့​တောင်​ရတယ်​ မြတ်​သူရ​နဲ့ယှဉ်​သွားရင်​ ​မောင်​နှ​တွေလို့​တောင်​ ထင်​မှာ "
"အမယ်​ သမီးက စကားလည်းတတ်​ပါ့လား ​မြှောက်​​နေပြန်​ပြီ မဟုတ်​မှန်းသိ​ပေမယ့်​ အဲ့လိုကြားရ​တော့​ပျော်​တာ​ပေါ့ အရင်​ကနုတယ်​ဆိုရင်​​တောင်​ အခု​တော့ ဒီသား​ကြောင့်​အိုစာ​တော့မှာ ဟူး... "
"အန်​တီ့ကို ကြည့်​ရတာ စိတ်​ဖိစီးမှု​တွေ များ​နေသလားလို့ အဲ့ဒါမ​ကောင်းဘူး ​နော်​ ပြီး​တော့ ရင်​ထဲမှာသိမ်းမထားပါနဲ့ အန်​တီသာဆန္ဒရှိရင်​ သမီးကို ရင်​ဖွင့်​လို့ရတယ်​ "
"ဟင်း... ဘယ်​လို​ပြောရမလဲ မသိ​တော့ပါဘူးကွယ်​ လူကြီးနဲ့လူငယ်​ အမြင်​​တွေက အရမ်းကွဲပြားကြတယ်​ "
" ​ခေတ်​​တွေ​ပြောင်းလဲလာတာနဲ့အမျှ ခံယူချက်​​တွေ သ​ဘောထား​တွေလည်း ​ပြောင်းလဲလာနိုင်​ကြတယ်​ အဲ့အချိန်​မှာ လူကြီး​တွေ​ခေတ်​နဲ့ လူငယ်​​တွေ​ခေတ်​မှာ ကွာဟချက်​​တွေ အများကြီး ရှိလာတယ်​ အမြင်​​တွေ အ​တွေးအ​ခေါ်​တွေ ခြားနားကြတယ်​ ဒါ​ပေမယ့်​ ဒီအရာ​တွေက ညှိယူလို့ရပါတယ်​ အန်​တီရဲ့ "
"မဖြစ်​နိုင်​တဲ့အရာမျိုး​တွေ ဖြစ်​ခွင့်​မရှိတဲ့ကိစ္စမျိုး​တွေကို​တော့ ညှိယူလို့ မဖြစ်​နိုင်​ဘူး​လေ အဲ့အတွက်​ ဘယ်​လိုတားဆီးရမလဲဆိုတာလည်း ​သေချာမသိဘူး "
"အန်​တီတို့ သားအမိကြားမှာ ဘာကိစ္စ ရှိတယ်​ဆိုတာ သမီးမသိပါဘူး ဒါ​ပေမယ့်​ ​ပြောနိုင်​တာ တစ်​ခု​တော့ရှိတယ်​ ​လောကမှာ မဖြစ်​နိုင်​တာရယ်​လို့ မရှိပါဘူး အန်​တီ့ဘက်​က မဖြစ်​​စေချင်​မျိုးပဲ ​နေမှာပါ "
"ထားပါ​တော့ သမီး​ပြောသလို မဖြစ်​​စေချင်​တာပဲလို့ ဒါဆို အဲ့ကိစ္စ ဘယ်​လိုတားဆီးပစ်​ရမလဲ "
"တားဆီးတယ်​ ဆိုတာ အရမ်းကို နာကျင်​ရတဲ့ ကိစ္စမျိုးပဲ အရမ်းကို ခံစားရခက်​တဲ့ကိစ္စမျိုးလို့ သမီးသတ်​မှတ်​တယ်​ ကိုယ်​အရမ်းကို ဖြစ်​ချင်​​နေတဲ့ဆန္ဒတစ်​ခုကို မလုပ်​ရဘူးလို့ ပိတ်​ပင်​ခံရတဲ့ အခါ ပိတ်​ပင်​ခံရတဲ့ သူအတွက်​လည်း အရမ်းကိုနာကျင်​ရတယ်​ တားဆီးတဲ့သူအ​ပေါ်မှာလည်း အမုန်းတရား​တွေ ဖြစ်​လာနိုင်​တယ်​ "
"ဒါဆို မဖြစ်​သင့်​တာကို ခွင့်​ပြုလိုက်​ရမှာလား "
"သမီးက လူငယ်​ဖြစ်​ပြီး လူကြီးတစ်​​ယောက်​ကို ဆရာလုပ်​တာမဟုတ်​ဘူး​နော်​ ဖြစ်​ခွင့်​​ပေးလိုက်​တယ်​ဆိုတာထက်​ သူ့ရဲ့ခံစားချက်​နဲ့ရူးသွပ်​မှု ဘယ်​​လောက်​ပြင်းပြတယ်​ဆိုတာ အရင်​နား​ထောင်​သင့်​တယ်​ ပြီးရင်​ မိဘနဲ့သားသမီးကြားထဲမှာ ငါမိဘပဲဆိုတဲ့ အ​တွေးမျိုးနဲ့ ငါလုပ်​ရင်​အကုန်​မှန်​ရမယ်​ ဆိုတာမျိုးလည်း မဖြစ်​​စေချင်​ဘူး သားသမီးနဲ့မိဘ ကြားထဲမှာ ရင်းနှီးဆုံး သူငယ်​ချင်း​တွေလိုမျိုး တစ်​​ယောက်​ခံစားချက်​ကို တစ်​​ယောက်​က နား​ထောင်​​ပေးပြီး အပွင့်​လင်းဆုံး​ဆွေး​နွေးသင့်​တယ်​ နှစ်​ဦးနှစ်​ဖက်​ ခံစားချက်​​တွေ ဖလှယ်​ကြတဲ့သ​ဘော​ပေါ့ အဲ့အခါ အ​ဖြေတစ်​ခု ထွက်​လာလိမ့်​မယ်​ ဒါ​ပေမယ့်​ တရားမျှတမှုရှိဖို့​တော့ လိုတယ်​​နော်​ "
"သမီးနဲ့စကား​ပြောရတာ တကယ်​​ကောင်းတာပဲ သမီးမှာရင့်​ကျက်​တဲ့အ​တွေးအ​ခေါ်​တွေ ရှိတယ်​လို့ထင်​တယ်​ ​နောက်​ထပ်​​မေးခွန်းတစ်​ခု​လောက်​ ထပ်​မေး​ချင်​တယ်​ ဒီ​မေးခွန်းက က​လေးတစ်​​ယောက်​ ကို လူကြီးက ပြန်​​မေးရတာ ရယ်​စရာဖြစ်​​ကောင်းဖြစ်​​နေလိမ့်​မယ်​ ဒါ​ပေမယ့်​ သမီးဆီက အ​ဖြေကို နား​ထောင်​ကြည့်​ချင်​တယ်​ သမီးနဲ့စကား​ပြောရတာ အရမ်းစိတ်​ဝင်​စားဖို့်​​ကောင်းတယ်​ "
"​မေးပါအန်​တီ သမီး​ဖြေပါ့မယ်​ "
"သမီးအ​နေနဲ့ အချစ်​ဆိုတာကိုဘယ်​လိုသတ်​မှတ်​ထားလဲ "
"ဒီလို​မေးခွန်းမျိုးကို သမီးအရမ်း​ဖြေချင်​တာပဲ သမီးမှာ အချစ်​နဲ့ပတ်​သတ်​ပြီး သတ်​မှတ်​ချက်​မရှိဘူး ဘာလို့ဆို အချစ်​က လွတ်​လပ်​တယ်​ ရိုးစင်းတယ်​ ဘာချုပ်​​နှောင်​ထားခြင်းမျိုးမှ မရှိဘူး အချစ်​ဆိုတာ အချိန်​အခါမ​ရွေး ဘယ်​သူ့ကိုမဆို ဘယ်​​နေရာမှာမဆို ချစ်​မိနိုင်​တယ်​ ကိုယ်​ချစ်​မိတဲ့သူက ဘယ်​သူဖြစ်​ဖြစ်​ ဘယ်​လိုပဲဖြစ်​​နေပါ​စေ လက်​ခံနိုင်​တယ်​ အချစ်​ကအချစ်​ပါပဲ အန်​တီ "
"ဒါဆို ဘယ်​လိုလူမျိုးဖြစ်​ဖြစ်​ ချစ်​မယ်​ဆိုတဲ့သ​ဘောလား "
"မဟုတ်​ဘူး အန်​တီ လုံးဝမဟုတ်​ဘူး လူတိုင်းကို မချစ်​နိုင်​ပါဘူး ကိုယ်​ချစ်​တဲ့သူကို​တော့ ဘယ်​လိုလူမျိုးမဆို လက်​ခံနိုင်​တယ်​ "
"အ​ဖြေ​တွေက​တော့ ​ကျေနပ်​စရာပဲ "
"ဒါနဲ့ အန်​တီ​မေးတဲ့​မေးခွန်းက မြတ်​သူရနဲ့ ပတ်​သတ်​​နေတာလား "
"သမီး သူငယ်​ချင်းကသာ ​ယောကျာ်း​လေးတစ်​​ယောက်​နဲ့ ချစ်​​နေရင်​ သမီးသူ့ကို ဘယ်​လိုထင်​မလဲ "
"သာမန်​ပါပဲ "
"ဘယ်​လို ..."
"ဟုတ်​တယ်​​လေ သမီး​ပြောခဲ့သားပဲ အချစ်​မှာ သတ်​မှတ်​ချက်​​တွေ မလိုအပ်​ဘူးလို့ အန်​တီ​ပြောသလိုသာ အမှန်​ဖြစ်​ခဲ့မယ်​ဆိုရင်​ သမီးက သူ့ကို အား​ပေးနှစ်​သိမ့်​​ပေးမှာ ဘာလို့လဲဆိုရင်​ အခုချိန်​သူ့စိတ်​ထဲမှာ အရမ်းမွန်းကြပ်​​နေမှာပဲ ရင်​ဖွင့်​​ဖော်​လည်း လိုအပ်​​နေရှာပါ "
"သမီးသာ အန်​တီ့​နေရာမှာဆို တားမယ်​လို့ မစဉ်းစားမိဘူးလား "
"လူတစ်​​ယောက်​နဲ့တစ်​​ယောက်​ ချစ်​တာ အပြစ်​မှမဟုတ်​တာ နှလုံးသား ရှိတဲ့သူတိုင်း ချစ်​ကြမှာပဲ ပြီး​တော့ နှလုံးသားက ရင်​ခုန်​သံ​တွေ ဖန်​တီး​ပေးလိုက်​ပြီဆိုရင်​ ဘယ်​အရာကမှ တားဆီးလို့မရနိုင်​ဘူး အချစ်​နဲ့ အရာရာကို ​ကျော်​လွှားနိုင်​ကြတယ်​ Love Win တဲ့ အချစ်​က အရာရာကို ​အောင်​မြင်​နိုင်​ပာတယ်​ "
"အန်​တီဘာလုပ်​သင့်​လဲ "
"ဖြစ်​နိုင်​ရင်​ နှစ်​​ယောက်​လုံးနဲ့ ​တွေ့ပြီး သူတို့ခံစားချက်​​တွေကို မျှ​ဝေကြည့်​လိုက်​ပါ သူတို့နှလုံးသားထဲက လာတဲ့ စကား​တွေက်ု နှလုံးသားနဲ့နား​ထောင်​ကြည့်​လိုက်​ပါ "
" ပတ်​ဝန်းကျင်​ ဆိုတာ ရှိ​သေးတယ်​​လေ သူတို့က​ရော ဘာ​တွေ​ပြောကြမလဲ "
"ပတ်​ဝန်းကျင်​ ဆိုတာ ဂရုစိုက်​ဖို့လိုတယ်​လို့ သမီး​တော့ မထင်​ဘူး ပတ်​ဝန်းကျင်​ က 99% ​လောက်​က မ​ကောင်း​ပြောချင်​ကြတဲ့သူ​တွေချည်းပဲ အဲ့ဒါ​တွေကိုသာ အာရုံစိုက်​​နေရင်​ ဘာအလုပ်​မှဖြစ်​မှာမဟုတ်​ဘူး မ​ကောင်း​ပြောမယ်​ အပြစ်​​ပြောမယ်​ဆိုရင်​လည်း ​ပြောလို့ဝရင်​ အဲ့ဒီပါးစပ်​​တွေ အကုန်​ပိတ်​သွားကြလိမ့်​မယ်​ "
"အဲ့​တော့ သမီးက သူတို့ဘက်​က​ပေါ့​လေ "
"သူတို့ဘက်​က မဟုတ်​ပါဘူး အမှန်​တရား ဘက်​ကပါ အန်​တီ"
_________________________________________

You've reached the end of published parts.

⏰ Last updated: Mar 23, 2020 ⏰

Add this story to your Library to get notified about new parts!

ကောက်​စိန်​လေးနှင့်​သူ၏ကိုကို (Complete) Where stories live. Discover now