Part 5

3.7K 183 0
                                    

            အခန်းထဲ​ရောက်​​တော့ လဒက အိပ်​ရာ​တွေ ဘာ​တွေ ​သေချာပြင်​​ပေးလို့ ။
"ကိုရီး ဒီကိုလာ မ​ကြောက်​ပါနဲ့ ကိုက်​မစားပါဘူး "
"ကိုက်​စားလိုက်​တာကမှ ​တော်​ဦးမယ်​ အဲ့လိုကြီး မကြည့်​ပါနဲ့ကွာ ​ကြောက်​လို့်​ပါ 😑😑 "
"မ​ကြောက်​ပါနဲ့ဆို ဘာမှမလုပ်​ဘူး လာလာ ​ချော့သိပ်​မယ်​ ဒီကိုလာ "
"​ချော့သိပ်​ရ​အောင်​ ငါကက​လေးလား မင်းထက်​အသက်​ကြီးတယ်​ ရိုရို​သေ​သေဆက်​ဆံ "
"အင်း ဆက်​ဆံမှာ​ပေါ့ ဒီနားကိုလာ 😌😌 "
လှမ်း​ခေါ်​နေတဲ့ ပုံက ​ကျောချမ်းစရာကြီး ရုပ်​ကလည်း ဘာရုပ်​မှန်းကို မသိဘူး ။
"မင်းဘာလုပ်​မလို့လဲ "
"ဘာလုပ်​ရမှာလဲ အိပ်​ပါမယ်​ဆို ချစ်​က ဘာလုပ်​​စေချင်​လို့လဲ တစ်​ခုခု လုပ်​​စေချင်​ရင်​​ပြော​လေ "
တဖြည်းဖြည်း အနားကပ်​လာပြီး မျက်​နှာကြီးကဖြီး​နေတာပဲ ။ အင်္ကျီ ကြယ်​သီး​တွေကို ဖြုတ်​ရင်း နှုတ်​ခမ်းကို နမ်းဖို့ မျက်​နှာကြီးက ကပ်​လာတယ်​ ။
"​​နောက်​ … နောက်​ဆုတ်​ကွာ ဘာလုပ်​တာလဲ "
"ကိုယ့်​ချစ်​သူကို နမ်းမလို့​လေ ဘာဖြစ်​တာလဲ "
"အဲ့ဒါဆို အင်္ကျီက ဘာလို့ ချွတ်​​နေတာလဲ "
"​သြော်​ ဒါလား ဒီအင်္ကျီက ပူလို့​လေ ​အေးတာနဲ့ လဲဝတ်​မလို့ "
"ဒါဆိုလည်း အရင်​လဲပါကွာ သွား "
"ပြီး​ရော ပြီး​ရော "
အဲ့​တော့မှ အဝတ်​ဗီဒိုဆီ ​လျောက်​သွားပြီး အင်္ကျီ ​ရွေး​နေတယ်​ ။ ဟူး​ တော်​ပါ​သေးရဲ့ 😒😒 ။
အဲ… ​ပြောလို့​တောင်​ မဆုံး​သေးဘူး။ ​နောက်​ကသိုင်းဖက်​တာ ခံလိုက်​ရတယ်​ ။
"Grrr အင်္ကျီ ဝတ်​ပါဆိုကွာ ဘာလို့်​မဝတ်​တာလဲ ငါ​အော်​မှာ​နော်​ ဘာလုပ်​မလို့လဲ "
"ချစ်​ သိချင်​ရင်​ ကိုယ်​​ပြောပြမှာ​ပေါ့ "
သိုင်းဖက်​ထားရက​နေ ခန္ဓာကိုယ်​ကို ဆွဲလှည့်​လိုက်​ပြီး ​ရှေ့တိုးလာတယ်​ ။
"​ရှေ့မတိုးနဲ့ ​နောက်​ဆုတ်​ပါဆို သွားကွာ ငါ​ဆောင့်​ကန်​မှာ​နော်​ ဘာဖြစ်​​နေလဲ 😠😠 "
နောက်​ဆုတ်​ရင်းနဲ့ နံရံပဲရှိ​တော့တယ်​ ။ ဘယ်​လိုမှလည်း ​ပြောလို့မရဘူး ။ "မြတ်​သူရ​" က "မင်း​ရောင်​စဉ်​" ရဲ့ နှုတ်​ခမ်းပါး​လေးကို တစ်​ချက်​နမ်းလိုက်​ပြီး နားနားကပ်​ကာ "ချစ်​တယ်​" လို့ တိုးတိုး​လေး ​ပြောလိုက်​တယ်​ ။
"ကိုယ်​ ချစ်​ဆီက ခွင့်​ပြုချက်​ မရဘဲ ဘာမှမလုပ်​ဘူး စိတ်​ချ​နော်​ "
"ဟူး… လန့်​သွားတာပဲ "
"ကိုယ်​က ချစ်​ကို တမင်​စတာ အဲ့လို စတဲ့အချိန်​ ဖြစ်​​နေတဲ့ ချစ်​မျက်​နှာ​လေးကို ချစ်​လို့ "
"သွား အင်္ကျီ သွားဝတ်​ပါ​တော့ကွာ "
"မဝတ်​​တော့​ရော ဘာဖြစ်​လဲ ​ယောကျာ်းချင်း ပဲကို "
"ဟာကွာ သွားပါဆို​နေ ဘာဖြစ်​​နေလဲ "
_________________________________________
အိပ်​​တော့လည်း ​ကောင်း​ကောင်းကို မအိပ်​ရဘူး ။ ရုပ်​ကိုက ​ကျောက်​​ကျော​ရေပက်​ရုပ်​နဲ့ ။ အဲ့ဒါ​တွေ ​သောက်​မြင်​ကပ်​တာ​ပေါ့ ။
"ဖက်​မထားနဲ့ ပူတယ်​ ဟိုဘက်​တိုးအိပ်​ ငါ့နားမကပ်​နဲ့ "
ပြောပြီး ဖက်​​ခေါင်းအုံးကို နှစ်​​ယောက်​ကြားထဲ ထားထားလိုက်​တယ်​ ။ အဲ့ဒါ​တောင်​ ဒင်းကအတင်းဖယ်​ပစ်​ချင်​​နေတာ ။ "မင်း​ရောင်​စဉ်​" ခမျာ ​တော်​​တော်​သတိထားပြီး အိပ်​​​နေရတာ ။ ​ကြောက်​လွန်းလို့ ။ 😁😁
(Author မျက်​လုံးထဲ ကွင်းကွင်းကွက်​ကွက်​ မြင်​​နေတယ်​ စာရိုက်​ရင်း ပုရွက်​ဆိတ်​ ကိုက်​​နေပီ 😂😂 )

ကောက်​စိန်​လေးနှင့်​သူ၏ကိုကို (Complete) Where stories live. Discover now