Part 3

5.5K 225 0
                                    


     ဒီလိုနဲ့ အကြို​နေ့ ​ရောက်​​တော့ အစီအစဉ်​ ဆွဲထားတဲ့အတိုင်း ချစ်​ရဲ့​မားဆီကိုထွက်​လာကြတယ်​​ပေါ့ ။ သူ့ဆီသွားရတာလည်း ခပ်​လန့်​လန့်​ရယ်​ ။ သူနဲ့​တွေ့ပြီဆိုတာနဲ့ အ​မေနဲ့သား​ပေါင်းပြီး လူကိုနွှာ​တော့တာပဲ ။ အရူး​လေးကလည်း အဲ့အချိန်​ဆို သူ့မားအားကိုးနဲ့ နှိပ်​ကွက်​တာ ​ပြောမ​နေနဲ့​တော့ ။ ကျွန်​​တော်​တို့က အ​ကြောင်းမကြားဘဲ ​ရောက်​သွားတာ ဆို​တော့ သူလည်း အံ့သြသွားပုံပဲ ။
"အယ်​ မားသား​လေး​တွေ မားဆီလာကြတယ်​လား "
"ဟုတ်​တယ်​ မုန့်​လာစားတာ "
"ဟယ်​ အဲ့ဒါမှ ဒုက္ခ မုန့်​လုံး​ရေ​ပေါ် က လုံးပြီးကတည်းကကို မရှိ​တော့တာ အမ​တောင်​ မစားလိုက်​ရဘူး "
"ငိ လာရကျိုးနပ်​ဘူး "
"ကဲပါ အမဆီလာလည်​တာပဲ အမဧည့်​ခံမှာ​ပေါ့ တခြား စားချင်​တာ လိုက်​​ကျွေးမှာ​ပေါ့လို့ "
"နင်​မ​ကျွေးလည်း ငါ့ချစ်​သူ​လေးကို ငါ​ကျွေးနိုင်​တယ်​ဟဲ့ "
"​သေနာ​လေး ငါထလုပ်​လိုက်​ဦးမယ်​​နော်​ နင့်​​ယောကျာ်းကို နင်​​ကျွေးနိုင်​မှန်း ငါသိတယ်​ လာကြွားမ​နေနဲ့ "
"မင်းက​လေ ဘယ်​လိုဟာကြီးမှန်းကို မသိဘူး လူမှု့​ရေး လည်း နားမလည်​ဘူး စကား​ပြောလည်း မတတ်​ဘူး"
"စကား​ပြောတတ်​လို့ ​ပြော​နေတာ​ပေါ့ "
"​တော်​ကြပါ​တော့ဟယ်​ ငါ့ဆီလာတာ ရန်​ဖြစ်​ဖို့လား "
သူတို့နှစ်​​ကောင်​ ကိုက်​​နေရင်​ ​တော်​​တော်​နဲ့ဇာတ်​လမ်းပြတ်​မှာ မဟုတ်​ဘူး ။ Tom & Jerry လိုပဲ ။ ​တွေ့တာနဲ့ ကိုက်​​နေကြတာ ။ လမ်းထိပ်​က Shake မှာပဲ လိုက်​​ကျွေးဖို့်​ ​ခေါ်သွားလိုက်​တယ်​ ။
"အကြို​နေ့​တောင်​ နင်​တို့​နေရာက စည်​သားပဲ​နော်​ "
"ဒါ​တောင်​ မနက်​ပိုင်းပဲ ရှိ​သေးတာ ည​နေပိုင်းဆို ပိုစည်​တယ်​ "
"ဒီမှာ လာ​နေရင်​ ​ပျော်​ဖို့​ကောင်းမယ်​​နော်​ အမ "
"ဆန္ဒရှိရင်​ လာ​နေလို့ရတယ်​​နော်​ မားက ​ခေါ်ထားမှာ "
အဲ့အချိန်​ ဘယ်​က ဘယ်​လို ​ရောက်​လာမှန်းမသိတဲ့ EX က
"ည​လေး အခု​တော့ ကိုကြီးကို ​မေ့ပြီး အသစ်​​တွေနဲ့ ​ပျော်​​နေတယ်​​ပော့​လေ "
"Fuck ဘာ​တွေ လာ​ပြော​နေတာလဲ ရူး​နေလားဟာ "
"ည​လေး ကိုကြီးကို မချစ်​​တော့ဘူး လား "
"​သောက်​ဘဲကြီး ​သေချင်​လို့လား "
ဟိုကအတင်းလက်​ကိုဆွဲ​တော့ ​ဖြောင်းခနဲ မြည်​​အောင်​ကို ရိုက်​ပစ်​လိုက်​တာ ။
"​ကြောင်​​တောင်​​တောင်​ လုပ်​မ​နေနဲ့ ကျုပ်​အ​ကြောင်း ​သေချာစုံစမ်းထားဦး ခင်​ဗျား ကျုပ်​​တော့ မရဘူး ​ယောကျာ်းလိုချင်​ရင်​ အချိန်​မ​ရွေးဆက်​သွယ်​လိုက်​ OK လား "
ဟိုသ​ကောင့်​သား ကလည်း လက်​ပါမှ ငြိမ်​သွားတာ ။
"ဟင်းးးး သားအမိနှစ်​​ယောက်​က လိုက်​လည်းလိုက်​ပါ့ လက်​သံက​ပြောင်​လိုက်​ကြတာ 😒😒 "
"ဟီး နင်​ကလည်းဟာ အဲ့​လောက်​လည်း မဟုတ်​ပါဘူး 😁😁 "
"အဲ့တစ်​​ယောက်​က ဘယ်​သဲူ အမ "
"ဘာမှ မဟုတ်​ဘူး စာရင်းမရှိတဲ့ သူပါ သားရယ်​ "
"အမ ရည်းစားမထား​တော့ဘူးလား "
"ကျုပ်​ဘဝမှာ ရှင်​တို့ရှိ​နေရင်​ ပြည့်​စုံပြီ​လေ ကျန်​တာမှ မလိုတာ "
"အမ Crush က​ရော "
"မ​ပြောတတ်​ဘူး ကိုကို့ကို ချစ်​တယ်​ ဒါ​ပေမယ့်​ မပိုင်​ဆိုင်​ချင်​ဘူး သူ​ပျော်​တာ မြင်​​နေရရင်​ ​ကျေနပ်​ပြီ ​တော်​ကြာ ကိုယ့်​ဆီ​ရောက်​လာမှ သူစိတ်​ဆင်းရဲ​နေရရင်​ ဘယ်​လိုလုပ်​မလဲ "
"အမက ကျွန်​​တော်​တို့ကို ကျ​တော့ အဆင်​မ​ပြေ​ပြေ​အောင်​ လုပ်​ခိုင်းပြီး အမကိုယ်​တိုင်​ကျ​တော့ မကြိုးစားဘူး အဲ့ဒါတရားလား 😏😏 "
"သားတို့က ​ယောကျာ်း​လေး​တွေ​လေ အမက မိန်းက​လေး ပြီး​တော့ ဘယ်​​လောက်​ပဲ ချစ်​ချစ်​ ဖွင့်​​ပြောလို့မှ မရတာ ​ပြောလည်း မ​ပြောချင်​ပါဘူး မားက အပျိုကြီးပဲ လုပ်​မှာ စိတ်​မပူနဲ့ "
___________________________________

ကောက်​စိန်​လေးနှင့်​သူ၏ကိုကို (Complete) Where stories live. Discover now