Part 1

23.7K 1K 9
                                    

" Andweyo.....Andwe ''

ဂျင်းနီလက်တစ်ဖက်က အနှီးထုပ်ထဲမှကလေးငယ်ကိုပွေ့ဖက်ထားပြီး လက်တစ်ဖက်မှ အမျိုးသားတစ်ဦးရဲ့လက်ကိုဆွဲကာငိုနေမိသည် ။

" ဂျင်းနီ!! မငိုနဲ့....လွတ်အောင်ပြေး.... သားနဲ့အတူ ဒီထဲကနေ မြန်မြန်လွတ်အောင်ပြေး ။
အနည်းဆုံးမင်းတော့အသက်ရှင်နေရမယ်''

" ဟင့်အင်းဆူရီတန်...ရှင်ကကျမခင်ပွန်းလေ ရှင့်ကိုထားခဲ့ပြီး ကျမကဘယ်လိုထွက်ပြေးရမှာလဲ ''

" မြန်မြန်...ဂျင်းနီ သူတို့လိုက်လာကြပြီ...ကိုယ့်ကိုစိတ်မပူနဲ့....''

ဂျင်းနီတစ်ယောက် မျက်ရည်တို့ကို လက်ခုံဖြင့်ဖိသုတ်လိုက်ပြီး ကလေးငယ်ကိုလက်နှစ်ဖက်ဖြင့်သေချာပွေ့လိုက်ရင်း...

" ဂုကီလေး...မေမေသားကို ရအောင်စောင့်ရှောက်မှာပါ....''

ဂျင်းနီပြောရင်းနဲ့ပဲ ကျောက်လှိုဏ်ဂူထဲသို့ ပြေးကာဝင်သွားတော့သည်။

ခင်ပွန်းဖြစ်တဲ့သူကတော့ အနောက်ကနေတွန့်ဆုတ်ဆုတ်ဖြင့်ပြေးလိုက်လာတော့သည် ။

အတန်ကြာပြေးပြီးတော့ ဂူ၏အလယ်တွင်စမ်းချောင်းလေးတစ်ခုကဖြတ်စီးနေပြီး ဂျင်းနီထိုချောင်းလေးကိုကျော်လာကာ နောက်ပြန်လှည့်ကြည့်လိုက်သည့်အချိန်....

"....အား!!!!! ဆူရီတန်!!!!!......"

သူမရဲ့ခင်ပွန်းကားမြေပြင်ပေါ်လို့လဲကျနေပြီး ဝံပုလွေမည်းကြီးနှစ်ကောင်၏ အစာအဖြစ်သို့.....

ဂျင်းနီမျက်ရည်များစွာကျလာပြီး နောက်သို့လှည့်မကြည့်စတမ်းပင် ဂူ၏အခြားတစ်ဖက်သို့ အမြန်ပင်ပြေးနေမိလိုက်တော့သည် ။

ဝံပုလွေတို့ကတော့ စမ်းချောင်း၏အခြားဘက်ကနေသာ ပြေးထွက်သွားသောသူမရဲ့ကျောပြင်ကိုကြည့်နေလိုက်တော့သည် ။

ဂူ၏အခြားဘက်မှဂျင်းနီထွက်လာတော့ မျက်ရည်တို့ကထိန်းမရစွာကျလာရင်း လက်ထဲမှာပွေ့ပိုက်ထားတဲ့ဂျောင်းဂုလေးကိုကြည့်လိုက် တော့သည်။
ပြေးလွှားနေရသည်ကို ကစားနေသည်အထင်နှင့်ရီနေသော ဂုလေးကိုကြည့်ကာ မျက်ရည်တို့ကကျလာပြီး ။

BLANKS //completedWhere stories live. Discover now