Part 4

5.2K 644 21
                                    

" ဟိတ်.....''

" အား...''

တစ်ယောက်ထဲ ငေးငိုင်နေတဲ့ချန်းခွန်းကို အနောက်မှနေ၍ ခုန်အုပ်ကာလှန့်လိုက်တဲ့ သူကြောင့် ချန်းခွန်းလန့်ကာ အော်လျက် နောက်လှည့်ကြည့်လိုက်သည် ။

ချန်းခွန်းရဲ့ယခုဆံပင်အရောင်က လိမ္မော်ရောင်လုံးလုံးဖြစ်နေပြီဖြစ်သည် ။
ထိုခုန်အုပ်သော ကောင်လေး၏ ဆံပင်အရောင်ကလည်း လိမ္မော်ရောင်ပင်ဖြစ်သည် ။
ဒါဆို ထိုကောင်လေးက ဒါရီဖြစ်မည်ထင်သည်။

ချန်းခွန်းလည်း မည်သူမှန်းမသိတဲ့ ထိုဒါရီလေးကို ဦးညွတ်ကာ ယောင်ယမ်းပြီး နှုတ်ဆက်လိုက်တော့တယ် ။
ထိုဒါရီလေးရီလိုက်တော့ပေါ်လာတဲ့ ပါးချိုင့်ကလေးတစ်ခု ။

ချန်းခွန်းရဲ့ဆံပင်တို့ကို သူ့ရဲ့လက်သွယ်သွယ်တွေနဲ့ထိုးဖွလိုက်ပြီး....

" မင်းက မျိုးပြောင်းဒါရီလား ။ ငါမင်းကို အရင်က ဒီနယ်မှာမတွေ့ဖူးဘူး...''

" အင်း....ငါက အရင်က ဂိုဘီအုပ်စုက...''

" အော်....ငါက ရေမရော ဒါရီစစ်စစ်လေး..ဟီးဟီး....မင်းငါ့ကိုခင်လို့ရပါတယ် ။ ငါ့နာမည်က ဂန် ဆောဂျွန်း....မင်းနာမည်ကရော ဘယ်သူလဲ...''

" ငါ...ငါ့နာမည်က ကင်ချန်းခွန်း...''

" ကောင်းပြီ ချန်းခွန်း.... မင်းက အခု ငါတို့ ဒါရီမျိုးနွယ်က ဖြစ်သွားပြီဆိုတော့...နောက်ဆို အဲ့ဒီလို တစ်ယောက်ထဲ လျှောက်သွားလို့မဖြစ်တော့ဘူး ။ အုပ်စုနဲ့နေမှဖြစ်မယ် ။ နို့မို့ဆိုရင် မင်းက ဟန်ဂျူတွေရဲ့အစာဖြစ်သွားနိုင်တယ် ။
မင်းလည်းသိတယ်မလား ။ ငါတို့ဒါရီတွေက ပျော့ညံ့တယ်ဆိုတာကို ဟားဟား ။
အုပ်စုလိုက်ဆိုရင် ဟန်ဂျူတွေငါတို့ကိုမထိရဲဘူး...ငါတို့အခုချက်ချင်း အုပ်စုဆီပြန်မှ ဖြစ်မယ်...''

" အမ်...အင်း....ဟုတ်....''

" ငါ့နောက်လိုက်ခဲ့......''

ပြောပြီး ဝံပုလွေပြောင်းသွားတဲ့ ဆောဂျွန်းကြောင့် ချန်းခွန်းလည်း ဝံပုလွေပုံပြောင်းလိုက်တော့သည်။
ဒါရီချင်း တူနေတာတောင် ချန်းခွန်းက ဆောဂျွန်းထက် ခန္ဓာကိုယ်က သေးငယ်နေတော့တယ် ။

BLANKS //completedWhere stories live. Discover now