Part 3

5.9K 707 36
                                    

ဂျောင်းဂု ကျောက်ဖျာထက်တွင်ခြေထောက်ကို ဟိုလွှဲဒီလွှဲဖြင့်ထိုင်ကာ ဂူပတ်လည်ကို လိုက်ကြည့်နေလိုက်သည် ။

ချန်းခွန်းနဲ့ ထယ်ယောင်းကတော့ အပြင်ကိုထွက်သွားတာ အတော်ပင်ကြာနေပြီဖြစ်သည် ။
ကိုယ့်ခြေထောက်ကိုကိုယ်ပြန်ကြည့်တော့ အနည်းငယ်ယောင်ရမ်းနေသည့် ခြေမျက်စိ ။
လက်ကလေးဖြင့်အသာအယာပင်ဖိကာ သူ့ရဲ့ခြေမျက်စိလေးကိုသူ့ဘာသာ ဂျောင်းဂုနှိပ်ပေးနေလိုက်သည် ။

ဂူထဲကို တစ်စုံတစ်ရာဝင်ရောက်လာတဲ့အသံကြောင့်ဂူပေါက်ဝကို အမြန်ပင် မျက်လုံးတို့ကကြည့်လိုက်တော့သည် ။

မီးခိုးရောင် ဝံပုလွေအကြီးကြီးက ယုန်တစ်ကောင်ကို ပါးစပ်တွင်လည်ပင်းမှကိုက်လာကာ ဂူထဲသို့ဝင်လာကာ ဂျောင်းဂုဆီသို့ တန်းတန်းမတ်မတ်လျှောက်လာတော့သည် ။
ဂျောင်းဂုရဲ့မျက်ဝန်းတွေကတော့ အံ့သြထိတ်လန့်မှုတို့ဖြင့်သာ ထိုဝံပုလွေကြီးကို ကြည့်နေလိုက်တော့သည် ။

ထိုဝံပုလွေကြီးမှာ ထယ်ယောင်းမှန်းလည်း သူရိပ်မိနေပြီ ။
ဂျောင်းဂုရှေ့သို့ ယုန်လေးကို ပစ်ချပေးလိုက်တော့ ဂျောင်းဂုအူကြောင်ကြောင်ဖြင့် ယုန်လေးကိုကောက်ပွေ့ကာ ပွတ်သပ်လိုက်ပြီး....

" ကျနော်ပျင်းနေမှာစိုးလို့ သူငယ်ချင်းခေါ်လာပေးတာလားဟင်...ထယ်ယောင်းကို ကျေးဇူးတင်ပါတယ် ။ ယုန်လေးက ချစ်စရာလေး...''

" ဟမ်...''

ထယ်ယောင်းရဲ့ပုံစံက အံ့သြမှုတို့ဖြင့် ပြည့်နှက်သွားပြီးနောက် လူပုံစံပြောင်းသွားကာ ဂျောင်းဂုကို စိုက်ကြည့်လျက်...

"  မင်းဗိုက်ဆာနေမှာစိုးလို့...စားဖို့ ငါဖမ်းလာတာ...ကစားဖို့မဟုတ်ဘူး.... ''

" ဟမ်....ကျနော်က ဘာလို့..ယုန် အရှင်ကြီးကို...စားရမှာလဲ...''

" စားစရာမလို့လေ....''

ထယ်ယောင်းရဲ့တုံးတိတိစကားကြောင့် ဂျောင်းဂုဘာမှပင်ဆက်မပြောနိုင်တော့ဘဲ ယုန်လေးအားပိုက်လျက်ဂူအပြင်သို့ထွက်လိုက်တော့သည် ။

ဂူပြင်သို့ရောက်သည်နှင့် မြေပြင်ပေါ်သို့ ယုန်ကလေးကို ချပေးလိုက်တော့သည် ။

BLANKS //completedWhere stories live. Discover now