Part 5

4.8K 652 39
                                    

ချန်းခွန်းနဲ့ဆောဂျွန်းလဲ ဒါရီအုပ်စုထဲပြန်ရောက်သည်နှင့် ဒါရီအကြီးအကဲက ချန်းခွန်းကိုလှမ်းကြည့်လိုက်ပြီး

" မျိုးပြောင်းလေး...ဒီကိုခနလာဦး....''

" ဗျာ...ဟုတ်....''

ဆောဂျွန်းကတော့ ချန်းခွန်းကို စိတ်ပူသည့်မျက်ဝန်းတို့ဖြင့်သာ ကြည့်လိုက်တော့တယ် ။

ချန်းခွန်းလည်း ဒါရီအကြီးအကဲအနားကိုရောက်တော့ ဒါရီအကြီးအကဲက ချန်းခွန်းကိုသေချာစိုက်ကြည့်လိုက်ပြီး...

" မင်း....ဂိုဘီအုပ်စုကဝံပုလွေတွေကို ဒီဘက်ကိုခေါ်ထားသေးလား....''

" မခေါ်ထား.....ပါဘူး...''

ထယ်ယောင်းများငါ့ကို စိတ်ပူလို့လိုက်လာတာလားမသိဘူး ။
ထယ်ယောင်း ငါ့ကိုလာတွေ့လို့များ ခေါင်းဆောင်က ငါ့ကိုပြောနေတာများလား...။

ဒါရီခေါင်းဆောင်ကချန်းခွန်းကိုကြည့်လိုက်ပြီး...

" ဒါဆို...ဂိုဘီကောင်က မဖိတ်ခေါ်ပဲနဲ့ ရောက်နေခဲ့တာလား...''

" ဟမ်....''

ချန်းခွန်းလည်း ကြောင်သွားတော့ ဒါရီခေါင်းဆောင်က ချန်းခွန်းထံမှအကြည့်တို့ကိုလွှဲလိုက်ပြီး....

" မင်းရဲ့သူငယ်ချင်းဂိုဘီက မင်းနဲ့တွေ့ချင်လို့တဲ့ ။
ဒါက မင်းတို့ရဲ့နောက်ဆုံးတွေ့ဆုံခြင်းဖြစ်ပါစေ ။
ဒီကနေမြောက်ဘက်အတိုင်းသွားလိုက်ရင် သူမင်းကို ချုံတစ်ခုနားကနေစောင့်နေလိမ့်မယ် ။
မင်းသိထားရမှာက ငါတို့ဒါရီတွေက အားမနည်း ဘူး ။
ဟန်ဂျူတွေလို မျိုးတူချင်းပြန်သတ်ဖို့လည်းဝန်မလေးသလို ဂိုဘီတွေလိုသွေးစုပ်ဖို့လည်း လက်မရွံ့ပါးစပ်မရွံ့ ဝံပုလွေတွေအများကြီးရှိတယ် ။
နောက်တစ်ခါ....အဲ့ဒီ ဂိုဘီ....ငါတို့ ဒါရီတွေဘက်ကို ထပ်ရောက်လာခဲ့ရင်...ခေါင်းဆောင်တစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာအနေနဲ့....ငါ အဲ့ဒီဂိုဘီကောင်ကိုသတ်ရမယ်...''

ချန်းခွန်းဘာမှပင် ပြန်မပြောနိုင်ဘဲ ထိုခေါင်းဆောင်ကိုသာ ကြည့်နေမိလိုက်တော့တယ် ။
သူ သိထားသည့် ဒါရီဆိုသည်မှာ ကြောက်တတ်ပြီး အင်အားနည်းသည့် ဝံပုလွေမျိုးနွယ်စုမျှသာဖြစ်သည် ။
တစ်ကယ်တမ်း လက်တွေ့တွင် သူကိုာ်တိုင် ဒါရီမျိုးစုထဲဝင်လာတော့ သိထားသည့်ဒါရီတွေနှင့် ဆုံတွေ့နေရသည့်ဒါရီ...လုံးဝကွဲပြားနေတယ် ။ ဘာကြောင့်လဲ ။

BLANKS //completedWhere stories live. Discover now