Part 6

4.7K 733 56
                                    

ခေါင်းဆောင်အန်းထယ်ယောင်းတို့ဂူထဲမှပြေးထွက်လာပြီး အပြင်ရောက်လာတော့ မထိန်းချုပ်နိုင်မိတဲ့ မိမိရဲ့စိတ်ကိုအံ့ဩလာ၏။
အဲ့ကောင်လေးရဲ့ လည်ပင်းကအမှတ်အသားကို
တွေ့လိုက်တဲ့အချိန်မှာ ပိုင်ဆိုင်ချင်စိတ်ဖြစ်သွားတဲ့
သူ့ကိုယ်သူအခုထိမယုံနိုင်သေးဘူး။ ခေါင်းဆောင်အန်းရဲ့ဝံပုလွေသက်တမ်းရှည်လာပေမဲ့ ခုချိန်ထိခေါင်းဆောငိအန်းဘဝမှာ
စိတ်မထိန်းချုပ်နိုင်တာမျိုးနဲမကြုံတွေ့ခဲ့ဖူးဘူး။
ဂျောင်းဂုရဲ့အသွေးအသားက ပထမဆုံးအကြိမ်အဖြစ်
ခေါင်းဆောင်အန်းကိုတုန်လှုပ်စေမိ၏။
ဒါပေမဲ့ ထယ်ယောင်းရဲ့အပြုအမူနဲ့အကြည့်တွေအရ
ဒီကောင်လေးကိုထိရင်ထယ်ယောင်းကြည့်နေမှာမဟုတ်ဘူး။
ထယ်ယောင်း ဒီကောင်လေးကို သဘောကျနေတာသေချာ၏။
အန်းကအကျင့်မကောင်းတဲ့ခေါင်းဆောင်တယောက်မဟုတ်
ပေ။
ဒါကြောင့်သူထယ်ယောင်းဆီကဂျောင်းဂုကိုလုမည်မဟုတ်ပေအဲ့ဒီအစား သူ့စိတ်ကိုသာနိုင်အောင်ထိန်းချုပ်လိုက်ပေမည်။

' သူကို့ထပ်ပြီးနီးနီးကပ်ကပ်မတွေ့မိအောင် ရှောင်ရမယ်. '

ခေါင်းဆောင်အန်းတိုးတိုးလေးရေရွတ်ပြီး ထယ်ယောင်းတို့ဂူဘက်
ကိုလှည့်ကြည့်လိုက်တော့၏။
သူတောင်ဒီလောက်ဖြစ်နေရင် နီးနီးကပ်ကပ်နေနေတဲ့
ထယ်ယောင်းတယောက် ဘယ်လိုများထိန်းချုပ်ထားတာပါလိမ့်။
ခေါင်းဆောင်အန်းသိချင်လာမိ၏။
ဂူထဲမှာတော့ လူသားလေးနဲ့ဝံပုလွေကြီးကနွေးထွေးစွာ
ဖက်အိပ်နေလျက်ပဲပေါ့။

#BLANKS#

' ထယ်ယောင်း shi လက်နပန်းလှဲမယ်.... '

ထယ်ယောင်းပျင်းနေရာမှ ဂျောင်းဂုခေါ်သံကြောင့်မော့ကြည့်လိုက်၏။
ဘာလိုလိုနဲ့ထယ်ယောင်းနဲ့ဂျောင်းဂုအတူတူနေတာတောင်
1ပတ်ပြည့်သွားပြီပဲ။
ခေါင်းဆောင်အန်းကတော့ အဲ့နေ့ထဲကထယ်ယောင်းရှေ့ကို
မလာတော့ပေ။
ထယ်ယောင်းကလဲအန်းကိုအလိုလိုပင်ကြည့်မရဖြစ်
နေတာမို့ လုံးဝမသွားပေ။
ဆရာဆိုပေမဲ့ ထယ်ယောင်းအနေနဲ့ဂျောင်းဂုနဲ့ပတ်သက်လာရင်
သည်းခံမှာမဟုတ်ပေ။
အခုချိန်ခေါင်းဆောင်အန်းနဲ့တွေ့ရင် ထယ်ယောင်းအလိုလိုဒေါသတွေထွက်နေမိမှာပင်။
ဂျောင်းဂုကတော့ အရင်ကအိမ်ထဲပိတ်ခံရပြီး
ပထွေးကိုကြောက်နေရတဲ့ဘဝထက်
အခုလိုလွတ်လွတ်လပ်လပ်နဲ့ ပျော်စရာကောင်းတဲ့ဘဝကို
ပိုမြတ်နိုး၏။
အမြဲလိုလိုတက်ကြွနေပြီး ထယ်ယောင်းကိုတော့ ကလေးလေးတစ်ယောက်လိုပဲ အမြဲ ချွဲပြတတ်တယ် ။
ဂျောင်းဂုတကယ်ပဲ သူဘာမျိုးနွယ်လဲဆိုတာအရမ်းသိချင်
နေမိ၏။
ထယ်ယောင်းလိုဂိုဘီမျိုးနွယ်လား ချန်းခွန်း လို မျိုး
ဒါရီမျိုးနွယ်လား။
ဟင့်အင်း ဒါရီဆိုထယ်ယောင်းနဲ့ခွဲနေရမှာပေါ့။
ဂျောင်းဂုကိုထယ်ယောင်းနဲု့မခွဲစေချင်ဘူး။ 😳
အခုလဲ ဂျောင်းဂု သူ့ရဲ့လက်မောင်းကိုကြည့်ပြီး
သဘောကျနေ၏။
ပြီးတော့ထယ်ယောင်းကိုလက်နပန်းလှဲဖို့လှမ်းခေါ်လိုက်တော့၏။
ဂျောင်းဂုပုံစံက ယုံကြည်မှုအပြည့်နဲ့ထယ်ယောင်းကတော့
အိပ်ချင်နေသည့်ပုံနဲ့ပင်ဂျောင်းဂုနားသို့
လာလေ၏။

BLANKS //completedWhere stories live. Discover now