Part 17

4.3K 604 30
                                    

" Hyung....hyung.....''

ဂျောင်းဂုစိုးရိမ်မှုအပြည့်ဖြင့် ထယ်ယောင်း၏ပုခုံးကို လှုပ်နေလိုက်တော့တယ် ။

" ဟန်....ဆူး....အာ့....ဂျောင်းဂု hyungကို...ကူပါ....ကယ်...ပါ..... ''

ကြားရခဲသည့် ထယ်ယောင်းထံမှအကူအညီတောင်းခံသံတို့ကြောင့် ဂျောင်းဂုမျက်ရည်တို့ကစီးကာကျလာပြီးနောက်....

" အဲ့ဒီဟန်ဆူး.....ခင်ဗျားရဲ့ခြေလက်တွေကိုရိုက်ချိုးပြီး.....သားရဲတွင်းထဲပိတ်ထားပစ်မယ် ''

ဂျောင်းဂု ထယ်ယောင်းကိုထားခဲ့ကာ ဂူပေါက်မှပြေးထွက်လိုက်တော့တယ် ။
အနီရောင်ဝံပုလွေအကြီးကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားတဲ့ဂျောင်းဂုက ထယ်ယောင်းရဲ့ယုန်ပေါက်လေးအဖြစ် လားလားမျှမသက်ဆိုင်တော့ ။

" ဟန်ဆူး....ခင်ဗျားဘယ်မှာလဲ ''

ဂျောင်းဂု နှာခေါင်းကိုတစ်ချက်ရှုံ့ကာအနံ့ခံလိုက်တော့တယ် ။
လေထုထဲမှတစ်ဆင့်ရလိုက်ရတဲ့ ဟန်ဂျူရဲ့အနံ့က စူးဝါးလွန်းလှတာမလို့ ယခုနေရာနှင့်အနီးတဝိုက်တွင်ရှိမည်ဟုသာ မှတ်သားလိုက်တော့တယ် ။

ဂျောင်းဂု ချက်ချင်းပင် ကျောက်စွန်းတစ်ခုပေါ်ရပ်လိုက်ပြီးနောက် ဘေးပတ်လည်ကိုလှည့်ပတ်ကြည့်လိုက်တော့တယ် ။

ဂျောငဂုမြင်လိုက်ရသည်က ချုံတစ်ခု၏အကွယ်တွင် သူ့ရဲ့အမှတ်ကိုသစ်သားချွန်တစ်ခုနဲ့ထောက်နေတဲ့ ဟန်ဂျူတစ်ကောင် ။ထိုသစ်သားကအခြားသစ်သားတွေနဲ့ပုံစံသိပ်မတူ ။

ဝံပုလွေတွေအတွက်အခက်အခဲတစ်ခုခုဖြစ်စေနိုင်သည့် သစ်ပင်တစ်မျိုး၏အသားများလား ။

ဂျောင်းဂု လက်သည်းကို ဖွင့်ထုတ်လိုက်ပြီးနောက် ဒေါသဖြင့်မာန်ဖီလျက် ဟန်ဆူးဆီသို့ပြေးသွားတော့တယ် ။

" ခင်ဗျား သူ့ကိုနာကြင်စေတယ် ။ ကျနော်သိပ်ချစ်တဲ့ထယ်ယောင်းကိုနာကြင်စေတယ် ။ ခင်ဗျားကို ကျနော်နာကြင်အောင်လုပ်ပစ်မယ် ''

ဟန်ဆူးကတော့ရီလိုက်ပြီးနောက် သစ်သားကိုသူရဲ့ဘယ်ဘက်ရင်အုံနားတေ့ထားလိုက်ပြီး....

" ငါ့သမီးလည်းမရှိတော့ဘူး ။ ငါ့မှာဆုံးရှုံးစရာမရှိတော့ဘူး ။
မင်းရဲ့ ဂိုဘီကနေဟန်ဂျူပြောင်းဝံပုလွေလေးကို သွားနှုတ်ဆက်သင့်ပြီမထင်ဘူးလား ။ ''

BLANKS //completedWhere stories live. Discover now