ညား၍ခ်စ္ခဲ့သည္။ ( ၁ ) ( Z+U)

19.9K 1.1K 42
                                    

Uni...

" သား မင်း ဒီတစ်ပတ်နေရင် လက်ထပ်ရမယ်"

ဖူး..အဟွတ်..အဟွတ်..

" အို သားရယ် ဖြေးဖြေးစားပါကွယ် ဒီသတင်းသာကြားရင် ငါ့သားပျော်သွားမယ်ဆိုတာ မေမေသိသားပဲ ဟင်း ဟင်း.."

ငင့် ပြောထွက်လိုက်လေခြင်း။

မာတာမိခင်ရဲ့နှုတ်ထွက်စကားကြောင့် သောက်လက်စ ပဲနို့လေးနဲ့ပေါင်မုန့်လေးတောင် နင်သွားရသည်။

" မေမေရာ သား ထိုင်စားနေတာကို ဒီအတိုင်းမကြည့်ချင်လို့လား ဟင်. ဒါဆိုရင် သား အလုပ်လေးရှာ"

" တိတ်စမ်း ငါ့သားနုနုအုအုထွဋ်ထွဋ်လေးကို မေမေက အလုပ်ခိုင်းပါ့မလား သားရယ် ဟင်းဟင်း"

ပြောလို့ပြောသည်မဟုတ် မေမေ့ရဲ့စကားနောက်ကွယ် အဲ့ ဟင်းဟင်းဆိုတာကြီးကြောက်လှသည်။ တစ်ခါတစ်လေ ဖုန်းကြည့်ပြီး အဟိ အဟိတို့ ဟွင်းဟွင်းတို့ဆိုတာ ဘာကိုဆိုလိုချင်မှန်းကိုမသိတာအမှန်။ အမှန်ဆို တစ်ချို့မိဘတွေလို ဘွဲ့ရပြီး ထိုင်စားနေတာကိုမကြည့်ချင်လို့ အလုပ်ရှာပေးတာပဲကြားဖူးတယ်၊ အခုတော့။

" မေမေရာ သား လက်မထပ်ချင်ဘူး ဒီအတိုင်းလေးပဲနေမယ်လေ နော်"

" မရတော့ဘူး မေမေက အားလုံးကို ဖိတ်စာတွေဝေပြီးပြီ"

" ဗျာ မေမေ လုပ်ရက်လိုက်တာဗျာ သားကိုလည်း ဘာမှမပြောပဲနဲ့"

" ငါ့သားလေးက ငယ်သေးတော့ မေမေစိတ်ပူလို့ပါကွယ်"

" ဟင့် မေမေကလည်း စိတ်ပူတယ်လည်းပြောသေးတယ် သားကိုသူများလက်ထဲအပ်ရက်တယ်ပေါ့"

" ဒါပေ့ါ..ဟင်း ဟင်း"

" မေမေ သားပြောမယ်နော် မေမေ အတင်းအကြပ်လုပ်ရင် သား အိမ်ပေါ်မှဆင်းသွားလိုက်ရမလား"

" ဟား..ဟား"

" မေ.မေမေ ဘာရီတာလဲလို့"

" အမယ်လေး ကြည်သာဦးရယ် ငါ့က နင့်အမေပါ..နင့်အကြောင်း ငါအကုန်သိ၊ ဘာ အိမ်ကထွက်သွားမယ် ဟုတ်လား၊ နေပါဦး ထွက်သွားမယ်ပြောရအောင် နင်ကဘယ်ကိုသွားမှာ ရန်ကုန်မှာနေပြီး နေရာစုံတောင်နှံ့လို့လား ဟမ်း ကျောင်းတောင်ငါပဲလိုက်အပ်ပေးရတယ်လေ"

ညား၍ခ်စ္ခဲ့သည္။ ( Uni + Zaw )(Complete)Where stories live. Discover now