ညား၍ခ်စ္ခဲ့သည္။ ( ၆ ) ( Z+U )

12.1K 747 17
                                    


Uni...

" ဟား..ဟား"

" ဟ ကျော်ဇင်ရေ မရတော့ဘူး ငါအရမ်းတွေကြောက်နေပြီကွ"

" အာ ဟုတ်တယ် ငါလည်း ကြောက်လို့မရတော့ဘူး"

" ဟား..ငပေါတွေ"

ပိတ်ကားပေါ်ထက်ပြေးလွှားနေသောပုံရိပ်လေးတွေက ဘေးနားက ကလေးငယ်တို့ရဲ့ လှောင်ရယ်သံတို့ကြား စိတ်ပျက်ဖွယ်။ သရဲကားတဲ့ ကြောက်ဖို့ကောင်းမယ်ထင်ခဲ့တာ။ ဖြစ်နိုင်ရင် ဒီကားရိုက်တဲ့ ဒါရိုက်တာနဲ့တွေ့ကာ သရဲကိုမြင်ဖူးလားလို့တောင် မေးလိုက်ချင်သည်။

တစ်ကယ်လို့ အမှောင်ကြောက်တဲ့ ကလေးငယ်တစ်ယောက် ဒီလိုအချိန်မှာ သူ့လက်လေးတွေကိုကွယ်လို့အသားကုန်အော်ဟစ်နေမယ်ထင်နေခဲ့တာ၊ ဒါဆိုရင် ကိုယ်က ဘေးနားကနေအသာလေး ကလေးကိုဂရုစိုက်ပေးရုံ..အခုတော့..အခုများတော့။

" ဟျောင့်တွေ အအေးကျန်သေးလား၊ ငါ သောက်ချင်လို့"

" အာ ငါတို့ဆီမကျန်တော့ဘူး၊ မင်း ယောကျာ်းကို မေးကြည့်."

" ဘာ..မင်း"

" ဘာ မင်းလဲ မဟုတ်တာကျလို့.."

တီးတိုးစွာပြောနေတဲ့ ကလေးတို့ရဲ့စကားက ခိုးနားထောင်နေတဲ့ကိုယ့်အတွက်ကြားနေရတာမဆန်း။ ငါးမရရေချိုးပြန်ဆိုတဲ့အနေအထားမို့ လက်ဘောင်တန်းမှာထည့်ထားတဲ့ အအေးဗူးရဲ့ပိုက်ကိုလျှင်မြန်စွာ ငုံထားလိုက်သည်။ အအေးတော့မသောက်ဖြစ်၊ ကလေးငယ်သောက်ဖို့ နည်းမှာစိုးလို့သာ။

" ကိုမဟော်..အာ"

" ဟင် ဘာလို့လဲ ကလေး"

အနည်းငယ်ရောင်ပြန်ဟပ်နေတဲ့ မီးရောင်ကြားထဲမှာ အအေးဗူးကိုသောက်နေတဲ့ ကိုယ့်ရဲ့ပုံရိပ်လေးက ကလေးကိုရင်ခုန်သွားစေမလားမပြောတက်ပေမယ့် အပြစ်ကင်းစင်တဲ့ပုံရိပ်လေးကိုတော့ ကလေးငယ်မြင်ပါစေလေ။

" ဗျာ အာ ဘာမှမဟုတ်တော့ဘူး"

" ကလေး အအေးသောက်ချင်လို့လား"

" ဟီး ဟုတ်တယ်"

" ဒါဆို ကိုကို အပြင်ထွက်ပြီး သွားဝယ်ပေးရမလား"

ညား၍ခ်စ္ခဲ့သည္။ ( Uni + Zaw )(Complete)Where stories live. Discover now