ညား၍ခ်စ္ခဲ့သည္။ ( ၁၂ ) ( Z+U)

10.6K 678 9
                                    


Uni..

အချစ်ကို ဘယ်လောက်ပဲဖုံးကွယ်ထားနိုင်ပါစေ

သဝန်တိုခြင်းကတော့ ရှောင်ပုန်းလို့မရ။

**//**

" မင်း တစ်ကယ်သွားတော့မယ်ပေါ့၊ ငါ့ကို ထားခဲ့တော့မယ်ပေါ့"

" အော် မင်းက အလွမ်းသည်တက်သေးတယ်လား"

" ဟျောင့် ငါက မင်းသူငယ်ချင်းပါကွ၊ အရင်အခေါက်တွေတုန်းက မင်းဘာသာအလည်အပတ်ပြန်တာ အခုကပြန်မလာတော့ဘူးဆိုတော့ ငါ သတိရနေတော့မှာပေါ့"

" သိပါတယ်ကွာ မင်းကလည်း"

" ဟင့် ငိုချင်သွားပြီ"

" မင်းဘာသာ ငိုချင်တစ်ခြားနေရာသွားငိုလိုက်၊ ငါက ကလေးပဲချော့တက်တာ"

" ငါ သိလိုက်ပါပြီ၊ မင်း ငါ့ကို သံဃောဇဉ်မရှိပါဘူးကွာ"

" အပိုတွေမလုပ်ပါနဲ့ကွာ မင်းကလည်း"

" မင်း နောက်ဆုံးအနေနဲ့ ငါတို့ ဆာကေးသွားသောက်ရအောင်"

" တော် တော် ငါမလိုက်ဘူး"

" စာနာစိတ်မရှိတဲ့ကောင်၊ ကျေးဇူးကန်းတဲ့ကောင်"

" ဒီကောင်တော့..ငါနော်"

" အိုကေပါ သူငယ်ချင်း ကံကောင်းပါစေ"

" အင်းပါ ငါ ပုံတွေကို Mail နဲ့ပို့ပေးမယ်၊ လိုအပ်ရင်တော့ ပြောပေါ့"

" အေးပါကွာ၊ အပြင်ကသူတွေကော နှုတ်ဆက်ပြီးပြီလား"

" အင်း နှုတ်ဆက်ပြီးပြီ၊ ဒါဆို ငါသွားပြီ"

" အင်း"

//**//

အပြန်လေယာဉ်ပေါ်မှာ ပြုံးပျော်နေတဲ့ ကလေးငယ်က မြန်မာပြည်ပြန်ရောက်လို့ လေဆိပ်ကဆင်းဆင်းခြင်းပင်

" ဝါး အမိမြေကို ပြန်လည်ရောက်ရှိတဲ့ ခံစားချက် ဒီလိုမျိုးပျော်စရာကောင်းတယ်လား"

တစ်ကယ်က ပြန်ရောက်ရင် ကလေးနဲ့နှစ်ယောက်အတူနေဖို့ဆောက်ထားတဲ့ အိမ်ကိုခေါ်သွားမယ်ကြံသော်လည်း အိမ်ကပြီးဖို့လိုသေးသလို၊ အိမ်တွင်းပြင်ဆင်မှုကို ကိုယ်တိုင်လုပ်ချင်သည်မို့ ၃ရက်လောက်တော့လိုသေးသည်မို့ ယောက္ခမအိမ်သို့သာ အခြေချဖြစ်သည်။

ညား၍ခ်စ္ခဲ့သည္။ ( Uni + Zaw )(Complete)Where stories live. Discover now