ညား၍ခ်စ္ခဲ့သည္။ ( Extra )(Z+U)

15.7K 682 32
                                    

Uni...

" ဘေဘီ ကိုကို ဘာပြောထားလဲ မသိတဲ့သူနဲ့စကားမပြောရဘူးဆိုတာကို"

မြတ်စွာဘုရား။ ဘေဘီလို့ ခေါ်ကာအနားမှာဝင်ထိုင်တဲ့ ကလေးရဲ့အပြောကြောင့် မျက်စိရှေ့မှာ ထိုင်နေတဲ့ အမျိုးသမီး ပါးစပ်အဟောင်းသားပင်။ မဟောင်းလို့လည်းမရ၊ ဆင်ကိုးစီးစားမကုန်သော မဟော့်ကို သူ့ရဲ့ တစ်ဝက်လောက်သာရှိသော ကလေးငယ်က ဘေဘီလို့ခေါ်လိုက်သည်ကိုး။

" ရှင် ရှင်တို့က"

" ဒါ ကျွန်တော့်ရဲ့ အမျိုးသား ပြဿနာရှိလို့လား ဒီကအမ"

" အယ် မ.မရှိပါဘူး.. မ မထင်ရဘူးနော်"

" ငင့်"

တစ်ကယ်ဆို မဟော်လည်း မထင်ဘူးလို့ပြောလိုက်ချင်သည်။ ဘယ့်နှယ့် လူကိုအောက်သို့အရောက်သွင်းလိုက်သည်မသိ။ အရှေ့က အမျိုးသမီးကြည့်တော့ မအီမသာအပြုံးနဲ့သာတုန့်ပြန်ဖြစ်သည်။ မဟုတ်လျှင် ကလေးငယ်ရဲ့မျက်နှာထားက ဒီထက်မက ပြင်းထန်နိုင်သည်။

" ဘေဘီရာ ကိုယ်ခဏလေး သန့်စင်ခန်းသွားလိုက်တာကို အခုလိုဖြစ်သွားရလား၊ ကိုယ် စိတ်မချတာ အဲ့ဒါတွေကြောင့် နောက်ပြီး ဒီအစက်တွေ အရမ်းမစားပါနဲ့ မတော်လို့ ဘေဘီရဲ့ဗိုက်ထဲက ကလေးတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"

မဟော့်ရဲ့ခေါင်း ဝက်နင်းခံရခြင်း။ စကားလုံးတွေပြင်းထန်လာတာနဲ့အမျှ မျက်နှာရှုံ့မဲ့နေသော အမျိုးသမီးနဲ့အတူ မဟော်သည်လည်း ထိုနည်းတူစွာ။ မနေနိုင်တော့တဲ့အဆုံး ထို အမျိုးသမီးထွက်သွားမှ မဟော်လည်း အသက်ရှုချောင်တော့သည်။

" ကလေး ကိုကို.သူ့ကို မသိဘူးနော်၊ သူ့ဘာသာ လာဝင်ထိုင်တာ"

" ဟီး ကလေး သိပါတယ် ကိုကိုရ ဒါကြောင့် ပညာပြလိုက်တာ ဘယ်လိုလဲ ကလေးပိုင်တယ်မှတ်လား"

လက်မထောင်ကာ သူ့ရဲ့အောင်မြင်မှုကိုပြသနေတဲ့ ကလေး၊ ကြားထဲက ကိုယ်က ဗိုက်တစ်လုံးထွက်ရသည်။

" ကလေး သဝန်တိုတာလား"

" ဒါပေါ့၊ ဒီမှာ ပြောထားတယ်နော်၊ ကိုကို ကလေးအတွက်ပဲ"

ညား၍ခ်စ္ခဲ့သည္။ ( Uni + Zaw )(Complete)Where stories live. Discover now