ညား၍ခ်စ္ခဲ့သည္။ ( ၈ ) (Z+U)

11.7K 711 12
                                    

Uni..

မနက်ခင်းအိမ်မှာထဲက အမေတို့ကိုနှုတ်ဆက်ပြီးထဲက ကလေးက မျက်နှာမကောင်း။ ဂျပန်လိုက်ရလို့ပျော်တယ်ဆိုပေမယ့်လည်း သူ့ အမေနဲ့ တစ်ခါမှမခွဲဖူးတဲ့ ကလေးငယ်က ဝမ်းနည်းနေမှာတော့သေချာသည်။

" အမေ့ကို သတိရနေတာလား ကလေး"

" နည်းနည်းပါ၊ နောက်ပြီး အခုမှ လေယာဉ်စီးရမှာဆိုတော့လေ ကျွန်တော် ကြောက်လို့"

" ကလေးလက်ကို ကိုကိုတွဲထားမှာမို့ မကြောက်နဲ့နော်"

" ဟုတ်"

လေယာဉ်က နှစ်ဆင့်စီးရသည်မို့ ဒုတိယတစ်ခေါက်မှာတော့ ကလေးငယ်က လုံးဝပင်ပန်းနေသည်။

" ကလေး အရမ်းပင်ပန်းနေလား"

" ရင်တုန်သလိုလို ခေါင်းမူးသလိုလိုနဲ့ ကျွန်တော် မပြောတက်ဘူး"

" ကိုယ့်ကြောင့် ကလေး ပင်ပန်းရပြီ"

" အဲ့လိုမပြောပါနဲ့၊ ကျွန်တော် အတွေ့အကြုံမရှိလို့ဖြစ်တာပါ၊ နောက်ပြီး ကျွန်တော် ပျော်ပါတယ်"

" ကျေးဇူးတင်ပါတယ် ကလေး"

" ဟို ကျွန်တော် အိပ်လိုက်ဦးမယ်"

" အင်း ကို ရောက်ရင်နှိုးမယ်နော်"

**//**

" ဝါးးးး ကျွန်တော်လေ Facebook မှာရှာကြည့်သေးတယ်သိလား၊ ဒါပေမယ့် ဒီလောက်ထိလူတွေစည်ကားပြီးလှမယ်လို့မထင်ဘူး"

" အင်း. ကလေးက သဘောကျလို့လား"

" ဟုတ် မိုက်တယ်"

" ကိုကိုက ခေါ်သာလာရတာ ကလေး ဒီမှာပျော်ပါ့မလားတွေးနေတာ"

" ပျော်တာပေါ့ဗျ ဟီး"

" ဒါပေမယ့် ကို အလုပ်သွားနေရင် ကလေးတစ်ယောက်ထဲ ကျန်ခဲ့မှာဆိုတော့ အဆင်ပြေပါ့မလား"

" ရ ရပါတယ် ကျွန်တော် ဂိမ်းဆော့နေမယ်၊ ဒါမှမဟုတ်ရင် မေမေတို့ သူငယ်ချင်းတို့နဲ့ ပြောမှာပေါ့"

" ဟုတ်ပြီ ဒါဆို ကလေး နားလိုက်ဦးနော်၊ ကို ကလေးစားဖို့ တစ်ခုခုလုပ်ပေးမယ်"

" ဟီး ကျေးဇူးပါဗျ"

လေယာဉ်ဆင်းထဲက တိုက်ခန်းကိုခေါ်လာသည်အထိ ကလေးငယ်က မျက်နှာညိုးနေသည်မို့ စိတ်မကောင်းဖြစ်နေတာ တော်သေးတာက တိုက်ခန်းရောက်ပြီး အပြင်ဝန်းကျင်ကိုကြည့်မှ စိတ်လန်းလာလို့တော်သေးသည်။

ညား၍ခ်စ္ခဲ့သည္။ ( Uni + Zaw )(Complete)Tahanan ng mga kuwento. Tumuklas ngayon